"၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး)" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၄ နှစ်
(Reverted 2 edits by 94.243.186.100 (talk). (TW))
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
== စက်တင်ဘာလ ==
[[File:Uprising.4.jpg|thumb|အရေးအခင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ပယ်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်လာခဲ့သည်။]]
၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် ပါတီကိုယ်စားလှယ် ရ၅၇၅% (၁,၀၈၀ ဦးရှိသည့်အနက် ၉၆၈ ဦး) သည် ပါတီစုံစနစ် အစိုးရဖွဲ့စည်းရန် မဲဆန္ဒပေးခဲ့ကြသည်။ BSPP က ၎င်းတို့သည် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ဆောင်ရွက်မည်ဟု ကြေညာသော်လည်း အတိုက်အခံ ပါတီများက အစိုးရချက်ချင်းနုတ်ထွက်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်း၍ ရွေးကောက်ပွဲကို စီစဉ်ရန် တောင်းဆိုခဲ့ကြသည်။ BSPP က တောင်းဆိုချက် နှစ်ခုစလုံးကို ငြင်းဆိုခဲ့အပြီးတွင် ကန့်ကွက် ဆန္ဒပြသူများသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် လမ်းများပေါ်၌ ပြန်လည် နေရာယူကြသည်။ ဦးနုသည် ယာယီအစိုးရဟု ကြေညာခဲ့ကာ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ဂတိပေးခဲ့သည်။ ထိုအတောအတွင်းတွင် ရဲများနှင့် စစ်တပ်သည် ကန့်ကွက်ဆန္ဒပြသူများနှင့် ပူးပေါင်းလာခဲ့ကြသည်။
 
လှုပ်ရှားမှုသည် ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရမှ တုန့်ပြန်မှု ရရှိရန်အတွက် နေ့စဉ် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ စစ်သားများကို ဘက်ပြောင်းရန် အားပေးခြင်းနှင့် ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုမှ စစ်တပ်များ ရောက်ရှိလာလိမ့်မည်ဟူသော အားထားဖြင့် အပြည်ပြည်ဆိုင်ရာ ပရိတ်သတ်ကို မေတ္တာရပ်ခံခြင်း တည်းဟူသော မျှော်လင့်ချက် သုံးခုအပေါ်တွင် မှီခိုရသည့် တစ်ဖက်ပိတ်လမ်း အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အချို့သော တပ်မတော်သားများ၊ အများအားဖြင့် ရေတပ်မှ ဘက်ပြောင်းသွေဖည်ခဲ့ကြသော်လည်း အနည်းအကျဉ်းသာ ဖြစ်သည်။

တည်းဖြတ်မှုများ