ဟင်္သာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂၅ -
ပုံများကို ရှေ့နောက်ထားသိုစီစဉ်လိုက်သည့်အခါ ပုဂံခေတ် ဆိုင်ရာဟင်္သာ(ပန်းတော့၊ ပန်းတမော့၊ ပန်းချီ) ပုံများကို ဦးစွာတင်ပြ လိုသည်။ ပုဂံခေတ်ဆိုင်ရာဟင်္သာပုံများတွင်
 
 
[[File:art34-16.jpg | frame | ပုံ ၁]]
 
ပုံ ၁။ မနူဟာမင်းတည်ခဲ့ သော နန်းဘုရားမှ ကျောက်ဆစ်ဖောင်းပန်း(ဆက်ပန်း)မှ ထုတ်နုတ် ဖော်ပြလိုသည်။ ထင်ရှားကျော်ကြား၍ လှပသည့်အဝိုင်းသဏ္ဌာန် များဖွဲ့ထားသော ဟင်္သာပန်းကိုက်ဖြစ်သည်။
 
 
[[File:art34-13.jpg | frame | ပုံ ၃]]
 
ပုံ ၃။ ပုဂံပြတိုက်အတွင်းမှဟင်္သာမောင်နှံကျောက်ဆစ် ရုပ်ကြွပင်ဖြစ်သည်။ ခေတ်ဒီဇိုင်းဆရာများ အလွန်ကြိုက်သည့်ဖွဲ့စည်း ဟန်တစ်ခုဖြစ်သည်။ တစ်ကိုယ်တည်း ခေါင်းနှစ်လုံး (နှစ်ကိုယ့် တစ်စိတ်) နှစ်ကောင်လည်းဟုတ်၊ တစ်ကောင်လည်းဟုတ် ပုံစံမျိုး။ ဒီဇိုင်းသဘောအရလည်း တိကျသော နှစ်ဖက်ညီ၊ အလေးချိန် ညီ ဒီဇိုင်းမျိုးဖြစ်၍ အမှတ်တံဆိပ်ပြုရန် ကောင်းသည့် ပုံမျိုး ဖြစ်သည်။
 
 
[[File:art34-10.jpg | frame | ပုံ ၄]]
 
ပုံ ၄။ ပုဂံလောကထိပ်ပန် နံရံပန်းချီ ဖွားတော်မူခန်း၊ မယ်တော်မာယာ၏ ထဘီအဆင်ပိုင်း များမှ ဟင်္သာဖြစ်သည်။ အဝိုင်းအကွက် အဆင်ကွက် များအတွင်း အနုစိတ်လှပ၍နေသည်။
 
 
[[File:art34-2.jpg | frame | ပုံ ၅]]
 
ပုံ ၅။ ညောင်ဦးအရှေ့ ချောက်ဖလ ကုန်းတော်ကြီးဘုရား၏ မြိုင်ဆိုင်လှပသော နံရံပန်းချီမျက်နှာကျက် (ကျက်တငိုယ်)မှ ဟင်္သာလည်ယှတ်အဝိုင်းပုံဖြစ်သည်။
 
 
[[File:art34-6.jpg | frame | ပုံ ၆]]
 
ပုံ ၆။ ပုဂံထီးလိုမင်းလိုဘုရားကြီး၏အနောက်ဘက် ဘုရား ငါးဆူအစုနံရံပန်းချီမှဖြစ်၏။ အမြီးပိုင်းတွင် ပုဂံကနုတ်ပန်းတက်များ ကွန့်ရန်နေရာရှိငြားလည်း မကွန့်။ ပုဂံခေတ်ဆိုင်ရာ ဟင်္သာများ တင်ပြရန် ပေါများလှသည်။ သို့သော် အင်းဝခေတ်ဆိုင်ရာကား အတွေ့နည်းလှ သည်။
 
 
[[File:art34-7.jpg |frame | ပုံ ၇]]
 
ပုံ ၇။ မကြာသေးမီလပိုင်းအတွင်းကဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား) သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ရိုး အနုရုဒ္ဓါရုံကျောင်းသို့ ရောက်ခဲ့ရာ လွန်ခဲ့သော နှစ် ၄ဝ ကျော်ခန့်က ကျောက်စာဌာနပန်းချီဆရာ ဦးထွန်းလှိုင်အဖြစ် ဆရာတော်ရေးမှတ် ခဲ့သည့် ရှားပါးဟင်္သာပုံတစ်ပုံ ရခဲ့၍ ဝမ်းသာမိလှသည်။ ထိုခေတ် ၂ပြားတန် မှတ်စုငယ် အတွင်းမှ သေသေသပ်သပ်နှင့် သေးငယ်စွာ ရေးမှတ်ခဲ့သော ပုံတစ်ပုံဖြစ်သည်။ ညောင်ဦးရွှေစည်းခုံ ဘုရား အရှေ့ စောင်းတန်းအနီးရှိ ဟံသာဝတီ ဆင်ဖြူရှင် ကောင်းမှု ခေါင်းလောင်းကြီး ခေါင်းလောင်းဆွဲ (ပုစွန်တုပ် ကွေး)နေရာမှဖြစ်၏။ ထိုမှတ်စုအတွင်းမှ ပုံစံငယ်ရေးဆွဲစဉ်က ပန်းချီဆရာဦးထွန်းလှိုင်မှာအသက် ၂ဝ ပင် ရှိသေးသည်။ ဆရာတော်၏ ငယ်မူလက်ရာမှတစ်ဆင့် ကူးယူဖော်ပြရ၍ စာရေးသူ ဦးတင်၍ ဝမ်းသာမိသည်။ ခေါင်းလောင်းဆွဲနေရာတွင် ခြင်္သေ့၊ မနုဿီဟ သာများလှ၍ ဟင်္သာပုံ ကား ရှားလှသည်။ နေရာနှင့် လိုက်လျောညီ၍ ကနုတ်မှာကား ပုဂံခေတ် ကနုတ်ဟန်ပင် ဖြစ်သည်။
 
 
[[File:art34-15.jpg | frame | ပုံ ၈]]
 
ပုံ ၈။ အင်းဝခေတ်ပိုင်းဆိုင်ရာ စစ်ကိုင်းတိလောက ဂရုနံရံ ဆေးရေး ပန်းချီခိုနန်းကွက်များ အတွင်းမှဖြစ်သည်။ ကိုယ်ထည်လှပ သော်လည်း အမြီးတွင် ကနုတ်တုတ်ခိုင်၍နေသည်။ ကြွားကြွားရားရား ရှိသည်။
 
 
[[File:art34-18.jpg | frame | ပုံ ၉]]
 
ပုံ ၉။ ကုန်းဘောင်ခေတ်ဦးနှင့်ခေတ်လယ်ခန့်တွင် များစွာ ခေတ်စားခဲ့သော ရွှေဇဝါ ယွန်းပေစာကျမ်းဖုံးနှစ်ခုမှ ဖြစ်ပြီး ပုံ(က)မှာ စာရေးသူထံရှိသည့်ပုံဖြစ်ပြီးပုံ(ခ)မှာ ပန်းချီဆရာမောင်ဆေးရိုး အနေဖြင့် စစ်ကိုင်း၊ ရွာသစ်ကြီးလောင်းဦးမော်ပိဋကတ်တိုက်မှ ရေးကူးခဲ့သောပုံဖြစ်သည်။ အဝိုင်းကွက်များနှင့် လိုက် လျောညီထွေ ချစ်စရာ ကောင်းလှပေ၏။
 
 
[[File:art34-9.jpg | frame | ပုံ ၁ဝ]]
 
ပုံ ၁ဝ။ သမိုင်းတန်ဖိုးနှင့် ရွှေတန် ဖိုးပါ မြင့်မားလှသော နန်းစဉ် ပစ္စည်းများမှ ရွှေဟင်္သာအုပ်ဖြစ်သည်။ လန်ဒန်မြို့ရှိ ဗစ်တိုရီးယား အင် အယ်လဘတ်မြူစီယမ် ပြတိုက်ကြီးသို့ရောက်ရှိနေသော မြန်မာ့ နန်းစဉ် သမိုင်းဝင် ပစ္စည်းပေါင်းများစွာကို လွန်ခဲ့သော ၁၃ နှစ်ခန့်က နိုင်ငံတော်သမ္မတကြီး ပြန်လည်လက်ခံခဲ့သော ပစ္စည်းများတွင် တစ်ခုအပါအဝင်ဖြစ်လေ သည်။ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသခဲ့သော မြန်မာ နိုင်ငံပြခန်းများ၏ အချက်အချာ နေရာတို့၌ ပုံတူဖော်ပြလေ့ရှိခဲ့သည်။ ပုံသဏ္ဌာန်အားဖြင့် အမောက်နှင့်အမြီး ကနုတ်ညွန့်များအားနည်းသော်လည်းသူ့ဟန်နှင့်သူ ညီညွတ်နေလေသည်။
 
 
[[File:art34-8.jpg | frame | ပုံ ၁၁]]
 
ပုံ ၁၁။ အမရပူရမြို့နယ် တံခွန်တိုင်ကျေးရွာ၊ ရှင်ပင်ချမ်းသာကြီး ဘုရားရှိ အင်္ဂတေပန်းကြွ ကုန်းဘောင်ခေတ်လယ် ပန်းတော့လက်ရာ ဟင်္သာကွက်ဆက်များမှဖြစ်သည်။ အနုစိတ်နည်း သော်လည်း ကြော့ကြော့မော့မော့နှင့် လှုပ်ရှား နေဟန်ရှိနေသည်။ အကွက်ပေါင်းများစွာဆက်တန်းနေသည့်အခါ ကြည့်ကောင်းလှပေ သည်။
 
[[File:art34-.jpg | frame | ပုံ ၁၂]]
 
[[File:art34-1.jpg| thumb | ဟင်္သာအလေးများ]]
 
ပုံ၁၂။ ဟင်္သာအလေးများဖြစ်သည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းမှ ယနေ့တိုင် နေရာအနှံ့ သုံးစွဲချက်ရှိ၍ မြန်မာမိသားစု နှင့်အနီးစပ်ဆုံး ဟင်္သာများဖြစ်သည်။ ဟင်္သာပင်ဖြစ်လင့် ကစား ပုံဟန်အမျိုးမျိုးဖြင့် ခြားနားစွာရှိနေသည်ကို တွေ့ရသည်။ အသုံးချမှု နှင့် အနုပညာ ပေါင်းစပ်မှုများ ညီညွတ်၍ အားကောင်းလှသည်။ ယင်းပုံတော်တော် များများကို မန္တလေးတမ္ပဝတီကိုဝင်းမောင်(ပန်းချီ၊ပန်းပု) စုဆောင်းထားသည်မှ ရေးကူးခဲ့သည်။ ကိုဝင်းမောင် သည် စာရေးသူကဲ့သို့ ရိုးရာဒီဇိုင်းစုဆောင်းရုံမျှမက ရှားပါးရှေးဟောင်း ပစ္စည်းများကို လေ့လာစုဆောင်းထားနိုင်သူဖြစ်သည်။ မြတ်နိုး၊ ထိန်းသိမ်း၊ စုဆောင်းသူအဆင့်မျှမကဘဲ လမ်းရိုးဟောင်းတွင် ဆင့်ကာ ထွင်နိုင်သော၊ ဖန်တီးနိုင်သော ဖန်တီးသူ ပန်းချီ၊ ပန်းပု လူငယ်ပညာရှင် လည်းဖြစ်သည်။ အဟောင်းကိုရှာတတ်သည့် လုံ့လအမြင်ရှိသည်နှင့် အမျှ မိမိထံရှိသည်ကိုလည်း လိုသူအားပေးတတ်ကာ၊ မြတ်နိုးတတ်သူ များအား စနစ်တကျတင်ပြတတ်သူလည်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးများတွင် သူ၏ကျေးဇူးများစွာပါရှိ၍ နေသည်။
Line ၁၇၃ ⟶ ၁၇၁:
ဟင်္သာလေး များတွင် ပုံ(က)သည် ဂီတနှင့် အဆိုအက သင်တန်းကျောင်း(ရန်ကုန်)စန္ဒရားနည်းပြဆရာ ဦးသိန်းမောင်ထံမှ ကူးယူ၍(ဃ)နှင့်(င)သည် တောင်တွင်းကြီးပြတိုက် မှဖြစ်သည်။
 
 
[[File:art34-3.jpg | frame | ပုံ ၁၃]]
 
ပုံ၁၃။ နိုင်ငံ တော်စာကြည့်တိုက် နှင့် ပြတိုက်(မန္တလေး)ရှိ ရတနာပုံခေတ် လွန်းရာကျ အချိတ်ဟင်္သာ ဖြစ်သည်။ ပေ၊ ပုရပိုက် ထုလုပ်ရာတွင် သုံးဟန်ရှိ သည်။ တွေ့ရခဲသော ရှားပါးပစ္စည်းဖြစ်လေ သည်။
 
[[File:art34-5.jpg | frame | ပုံ ၁၄]]
 
ပုံ ၁၄။ မတ္တရာမြို့ရှိ ပြတိုက်အတွင်း ဟင်္သာအုပ်ကို စာရေးဆရာညိုချော ရိုက်ကူးခဲ့သည့် ဓာတ်ပုံမှတဆင့် ကူးယူရေးဆွဲ ပါသည်။ ချစ်စရာဟင်္သာအုပ်ငယ်ပင်။
 
 
[[File:art34-4.jpg | frame | ပုံ ၁၅]]
 
ပုံ ၁၅။ ပန်းချီဆရာ ဦးအောင်ခင်ထံမှ ကူးယူရရှိသော ဆရာဦးဘဉာဏ်၏ ဟင်္သာပုံဖြစ် သည်။ ဗာလီကွေးကနုတ်ညွန့်များ မြိုင်ဆိုင်လှပေသည်။ ပါသင့်ပါထိုက် သော ကနုတ်တက်များ ပြည့်စုံနေ၏။
 
 
[[File:art34-12.jpg | frame | ပုံ ၁၆]]
 
ပုံ ၁၆။ မြန်မာမှုစာရေးဆရာသုတေသီမြင့်ထွန်း ထံမှ ရရှိခဲ့သော မွန်ဟင်္သာကြေးရုပ်ပုံဖြစ်သည်။ ဟင်္သာပန်းမကိုက်ပဲ ထူးခြားစွာ မြွေကိုက်နေဟန်ဖြစ်သည်။ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲ တွင် မွန်အမျိုးသားများ၏အလံတိုင် ထိပ်ဖူးနေရာ တွင် သုံးခဲ့သည်။ အရုပ်ငယ်ဟုဆိုသည်။ အမြင်ဆန်း၍ နေလေသည်။
 
 
[[File:art34-11.jpg | frame | ပုံ ၁၇]]
 
ပုံ ၁၇။ မန္တလေးမဟာမုနိဘုရားအနီးမှ ဟင်္သာတိုင် တစ်ခုဖြစ်သည်။ ဤသို့သော ဟင်္သာတိုင်များ မြန်မာပြည် အရပ်ရပ်တွင် မြင်တွေ့နိုင်ပေသည်။ နှုတ်သီးမှသည် အမြီးဖျားထိ ကြော့ကြော့ မော့မော့နှင့် အမြင် သွက်၍နေသည်။ တံခွန်တိုင်ထိပ်တွင် အမြီးကနုတ် ကို လွတ်လွတ် လပ်လပ်နှင့် လူကာလွင့်ကာ နေရာယူ၍ထား လေသည်။ သာသနိက အဆောက်အအုံတို့ ပတ်ဝန်းကျင်တွင် တင့်တယ် လှပေသည်။
Line ၁၉၇ ⟶ ၁၉၄:
တစ်ကြိမ် တစ်ကြိမ် အစုလိုက် စုစည်းတင်ပြရခြင်းသာ ဖြစ်၍ ပြည့်စုံသည်ဟူ၍ကား မဟုတ်ပါချေ။ အကြောင်းအားလျော်စွာ မထည့်လိုက်ရသည်များလည်းရှိပါ၏။ မည်သို့ပင်ဖြစ်စေ ခေတ် အဆက်ဆက် အနုပညာရှင်တို့ လေးနက်မြတ်နိုးစွာ အမျိုးမျိုးဖွဲ့နွဲ့ ခဲ့ကြသည့်ဟင်္သာများကို အနုပညာစေတနာအခြေခံကာ လေ့လာ စုဆောင်း တင်ပြခြင်းသာ ဖြစ်ပါ၏။
 
ဤမှန်သော အနုပညာစေတနာကို ထောက်ထားသော အားဖြင့် တစ်ချိန်က ငွေသောင်ယံတွင် လည်ချင်းယှက်တွဲလျက်ရှိခဲ့ ကြသော သဘာဝဟင်္သာများကို မရေးဆွဲဖြစ်ခဲ့သည့် စာရေးသူအား ဟင်္သာများဘက်မှ ခွင့်လွှတ်က ရအံ့ထင်ပါ၏။ <ref>မောင်အေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)</ref>
 
 
 
== ကျမ်းကိုး ==