ကွာလာလမ်ပူမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၁ -
ကွာလာလမ်ပူ မြို့သည် [[မလေးရှားနိုင်ငံ]]၏ မြို့တော်နှင့် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ <ref name="world-gazetteer.com">{{cite web|title=Malaysia: largest cities and towns and statistics of their population|url=http://www.world-gazetteer.com/wg.php?x=&men=gcis&lng=en&des=gamelan&geo=-152&srt=pnan&col=dhoq&msz=1500|archiveurl=http://archive.is/toTM|archivedate=16 December 2012}}</ref> မြို့၏ အကျယ်အဝန်းမှာ ၉၄ စတုရန်းမိုင် (၂၄၃ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၁.၆ သန်းမျှ ရှိသည်။ <ref name="world-gazetteer.com" /> ဂရိတ်တား ကွာလာလမ်ပူ ဒေသတွင်မူ ၂၀၁၂ ခုနှစ် နေထိုင်သူ လူဦးရေ ၇.၅ သန်းမျှ ရှိသည်။<ref name="wg">{{cite web |url=http://www.world-gazetteer.com/wg.php?x=1160302510&men=gcis&lng=en&des=gamelan&dat=32&srt=pnan&col=ohdq&pt=a&va=&geo=-152|title=Malaysia:Metropolitan areas|author=Helders, Stefan|work=World Gazetteer|accessdate=4 December 2007|archiveurl=http://archive.is/ACo0|archivedate=5 December 2012}}</ref> အရှေ့တောင် အာရှတွင် လူဦးရေ နှင့် စီးပွားရေး အရ အလျှင်အမြန်ဆုံး ကြီးထွားနေသည့် မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။
 
ကွာလာလမ်ပူမြို့သည် မလေးရှားပါလီမန် တည်ရှိရာ မြို့ဖြစ်သည်။ ယခင်က ဖက်ဒရယ် အစိုးရ၏ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး ဌာနများ ရုံးစိုက်ရာ မြို့ ဖြစ်ခဲ့သော်လည်း ၁၉၉၉ ခုနှစ် အစောပိုင်းတွင် ထိုဌာနများ ပူထရာဂျာယားသို့ ပြောင်းရွှေ့သွားခဲ့သည်။<ref>{{cite web|publisher=Government of Malaysia|title=Putrajaya&nbsp;– Administrative Capital of Malaysia|accessdate=11 December 2007|url=http://www.gov.my/MyGov/BI/Directory/Government/AboutMsianGov/PutrajayaFederalAdminCapital/ |archiveurl = https://web.archive.org/web/20071021194523/http://www.gov.my/MyGov/BI/Directory/Government/AboutMsianGov/PutrajayaFederalAdminCapital/ |archivedate = 21 October 2007}}</ref> တရားစီရင်ရေး ဌာန၏ အချို့သော အစိတ်အပိုင်းများမှာမူ ယနေ့ထက်တိုင် ကွာလာလမ်ပူတွင် တည်ရှိနေသေးသည်။ မလေးရှား ဘုရင်၏ တရားဝင်အိမ်တော်ဖြစ်သော အစ်စတန်းနား နီဂရာသည်လည်း ကွာလာလမ်ပူမြို့တွင် တည်ရှိသည်။ ကွာလာလမ်ပူမြို့ကို ကမ္ဘာ့အယ်လ်ဖာ မြို့တော် တစ်ခု အဖြစ် အဆင့်သတ်မှတ်ထားပြီး မလေးရှားနိုင်ငံ အတွင်း မြို့တော်ဖြစ်ပြီး အချက်အချာ ကျသော မြို့တော်လည်း ဖြစ်သောကြောင့် ယဉ်ကျေးမှု၊ ငွေကြေးဆိုင်ရာ နှင့် စီးပွားရေး ဗဟိုဌာန တစ်ခုလည်း ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဖောရင်းပေါ်လစီ မဂ္ဂဇင်း၏ ကမ္ဘာ့မြို့တော်များ ညွှန်းကိန်းတွင် အဆင့် ၄၈ နေရာ သတ်မှတ်ခြင်း ခံခဲ့ရပြီး<ref name="Kearney, Inc">{{cite web |url=http://www.foreignpolicy.com/node/373401 |title=The 2010 Global Cities Index |publisher=Foreign Policy |first=A.T. |last=Kearney, Inc.}}</ref> 2thinknow ဝက်ဘ်ဆိုက်ဒ်၏ ၏ ၂၀၁၀ ခုနှစ် အသစ်တီထွင်ဖန်တီးသည့် မြို့တော်များ ညွှန်းကိန်းတွင် စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ အသစ်တီထွင်ကြံဆသော ကမ္ဘာ့မြို့တော်များထဲ၌ အဆင့် ၆၇ သတ်မှတ်ခြင်း ခံခဲ့ရသည်။<ref name=" Print! Email! Author: 2thinknow">{{cite web|author=&nbsp;Print! &nbsp;Email! Author: 2thinknow |url=http://www.innovation-cities.com/innovation-cities-top-100-index-top-cities/ |title=Innovation Cities™ Top 100 Index &#124; 2010 &#124; Innovation Cities Program&nbsp;– Analyst Reports, Index Rankings, Benchmarking Data, Workshops |publisher=Innovation-cities.com |date=1 September 2010 |accessdate=14 January 2012}}</ref>
 
ကွာလာလမ်ပူမြို့သည် ကွာလာလမ်ပူ ဖက်ဒရယ် နယ်မြေ၏ နယ်နိမိတ် အတွင်းတွင် တည်ရှိပြီး မလေးရှားနိုင်ငံ၏ ဖက်ဒရယ်နယ်မြေ ၃ ခု တွင်းမှ တစ်ခု ဖြစ်သည်။<ref name="Ibrahim, 2007">Jeong Chun Hai @Ibrahim, & Nor Fadzlina Nawi. (2007). ''Principles of Public Administration: An Introduction.'' Kuala Lumpur: Karisma Publications. ISBN 978-983-195-253-5</ref> မလေးရှားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းရိုးတန်း ပေါ်တွင် တည်ရှိပြီး ဆလန်ဂေါ ပြည်နယ် မှ ဝိုင်းပတ်ကာရံ ထားသော ဒေသတစ်ခု အဖြစ် တည်ရှိသည်။<ref>{{cite web|url=http://www.statoids.com/umy.html|title=Territorial extent|work=States of Malaysia|accessdate=11 December 2007|publisher=statoids.com}}</ref>
== သမိုင်းအကျဉ်း ==
 
၁၉၉၀ ခုနှစ်များမှ စ၍ ကွာလာလမ်ပူသည် ၁၉၉၈ ခုနှစ် ဓနသဟာယနိုင်ငံများ အားကစားပွဲနှင့် ဂရန်းပရီ ဖော်မြူလာဝမ်း အပါအဝင် နိုင်ငံတကာ အားကစားပွဲ၊ နိုင်ငံရေး ပွဲ နှင့် ယဉ်ကျေးမှုပွဲ အမြောက်အများကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည်။ ထို့ပြင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး နှစ်ခုတွဲ ဖြစ်သော ပီထရိုနပ်စ် တွင်တာဝါ တည်ရှိရာ နေရာဖြစ်ပြီး ထိုအဆောက်အဦးများမှာ မလေးရှားနိုင်ငံ၏ အနာဂတ်တိုးတက်မှု အတွက် ပြယုဂ်တစ်ခု ဖြစ်သည်။
 
== သမိုင်းကြောင်း ==
ကွာလာလမ်ပူ မြို့သည် သမိုင်းကြောင်း ကြီးကြီးမားမား မရှိပါ။ လွန်ခဲ့သော နှစ် ၁၅ဝ လောက်က ရောက်လာသည့် တရုတ်မိုင်းတူး သမားများက သံဖြူရှာရန် ပန်ကလန်း ဘာတုဟု ခေါ်သော ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ၍ ကလန်းမြစ်ကို ဆက်တက်ကြကာ ကလန်းနှင့် ဂုန်ဘန်မြစ်ဆုံကို ရောက်သောအခါ ဆက်တက်ဖို့ရန် ရေတိမ်နေကြောင်း တွေ့ရပါသည်။ သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သံဖြူတွေ့ပါသည်။ ထိုမြစ်ဆုံတွင် ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ပြီး တရုတ်ကုန်သည်များ အခြေချရာက နေစပါတယ်။ အစတွင် ရွှံ့ညွန်ထူထပ်နေသော ရွာငယ်လေး တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ကွာလာလမ်ပူ(Kuala lumpur) ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
 
Line ၄၁ ⟶ ၄၆:
ကွာလာလမ်ပူကို တိုးတက်စေခဲ့တဲ့နောက်တဦး ကတော့ အင်္ဂလိပ်လူမျိုး ဖရန့်ဆွပ်တင်းဟန်း ( Frank Swettenham ) ဖြစ်ပါတယ်။ တဲတွေက နေတိုက်တာ အဆောက်အဦးတွေနဲ့ အစား ထိုးပေး ခဲ့ပြီး ကလန်း- ကွာလာလမ်ပူ ရထားလမ်းကိုဆောက်လုပ်စေခြင်း ဖြင့်ရေကြောင်းသွားလာမှုကို အဓိကထားနေတာ ကိုရှော့ချပေးကာ ဆက်သွယ်ရေးကောင်းမွန်စေခဲ့ ပါတယ်။
အခု KL လို့ မလေးတွေ ချစ်စနိုးခေါ်နေတဲ့ ကွာလာလမ်ပူဟာ ၁၈၉၆ မှ မလေးပြည်ထောင်စုရဲ့ မြို့တော်ဖြစ်လာခဲ့ ပြီး၊ ကမ္ဘာစစ် နှစ်ကြိမ်ရဲ့ ရန်ကလဲ လွတ်ခဲ့ ပါတယ်။ ၁၉၅၇ မှာမလေး ပြည်ထောင်စုရဲ့ အဓိကမြို့တော်အဆင့် ရခဲ့ကာ ၁၉၆၃ မှာတော့ လွတ်လပ်သော မလေးရှားပြည်ထောင်စုရဲ့ မြို့တော် ဖြစ်လာခဲ့သည်။
 
==ပထဝီဝင်==
 
==မြို့မြင်ကွင်း==
 
==အစိုးရ==
 
==စီးပွားရေး==
 
==လူဦးရေ ပျံ့နှံ့နေထိုင်ပုံ==
 
==ပညာရေး==
 
==ယဉ်ကျေးမှု==
 
==သယ်ယူပို့ဆောင်ရေး==
 
==ကိုးကား==
{{reflist}}
 
[[Category:မလေးရှားနိုင်ငံ]]