တောင်တွင်းကြီးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၁ -
}}<br />
 
[[မကွေးတိုင်းဒေသကြီး]]၊ [[မကွေးခရိုင်]] ‌တောင်တွင်းကြီးနယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ တောင်တွင်းကြီးနယ်တွင် ‌တောင်တွင်းကြီးမြို့နယ်၊ [[မြို့သစ်မြို့|မြို့သစ်မြို့နယ်]]နှင့် [[နတ်မောက်မြို့|နတ်‌မောက်မြို့နယ်]]တို့ ပါဝင်ကြသည်။‌ တောင်တွင်းကြီးမြို့သည် မ‌ကွေးမြို့မှ အ‌ရှေ့ဘက် ၅၁ မိုင် ကွာ‌ဝေးသည်။ ‌ပေ‌လေးပင်၊ ရှင်‌လေးပါး ‌ပေါ်ထွန်း‌သောမြို့ဟု မြန်မာစာ‌ပေ‌လောကတွင် ထင်ရှား‌ကျော်‌စောသည်။ ‌တောင်တွင်းကြီးမြို့နယ်သည် တြိဂံပုံသဏ္ဌာန်ရှိ၍ ‌မြေဩဇာထက်သန်‌ကောင်းမွန်‌သော လွင်ပြင်‌ဒေသများရှိ‌သော‌ကြောင့် မ‌ကွေးခရိုင်တွင် စပါးအများဆုံး ထွက်‌သောမြို့နယ်ဖြစ်သည်။ လယ်ယာစိုက်ပျိုးခြင်းအတွက် ဆည်‌မြောင်းများ တူး‌ဖော်လုပ်ကိုင်ကြရသည်။ ရှေး‌ခေတ်က ဆည်‌မြောင်းအ‌ဟောင်းများကိုလည်း ယခုတိုင်တွေ့ရှိနိုင်သည်။ တောင်တွင်းကြီးမြို့ မြူနီစပယ်အဖွဲ့ကို ၁၈၈၇ ခုနှစ်မှစ၍ တည်‌ထောင်ခဲ့သည်။
 
=မြို့တည်ပုံ=
‌တောင်တွင်းကြီးမြို့ မြူနီစပယ်အဖွဲ့ကို ၁၈၈၇ ခုနှစ်မှစ၍ တည်‌ထောင်ခဲ့သည်။ ‌တောင်တွင်းကြီးမြို့သည် မ‌ကွေးမြို့နှင့် ကတ္တရာ‌စေးခင်း‌ကျောက်လမ်းဖြင့် ဆက်သွယ်ထားရှိသည်။ ထိုပြင် ပျဉ်းမနား-ကျောက်ပန်း‌တောင်း မီးရထားလမ်းသည် ‌တောင်တွင်းကြီးမြို့ကို ဖြတ်၍သွား‌လေသည်။ မီးရထားလမ်းအားဖြင့် [[ပျဉ်းမနားမြို့]]နှင့် ၆၇ မိုင်ကွာ‌ဝေးသည်။
မြို့ကို ရပ်ကွက်ကြီး ၁၀ခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ အုန်းတော-၁ ရပ်ကွက်၊ အုန်းတော-၂ ရပ်ကွက်၊ တောင်ပြင်-၁ ရပ်ကွက်၊ တောင်ပြင်-၂ ရပ်ကွက်၊ ရွှေအိုး-၁ ရပ်ကွက်၊ ရွှေအိုး-၂ ရပ်ကွက်၊ မောင်းတိုင်-၁ ရပ်ကွက်၊ မောင်းတိုင်-၂ ရပ်ကွက်၊ ရွှေကြာအင်း-၁ ရပ်ကွက်၊ ရွှေကြာအင်း-၂ ရပ်ကွက် တို့ဖြစ်ကြသည်။ မြို့လည်တွင် မြို့မစျေးကြီးနှင့် လွတ်လပ်ရေးပန်းခြံ တည်ရှိသည်။ မြို့၏ အရှေ့အရပ်တွင် ရတနာပွင့်လှ ကန်တော်ကြီး တည်ရှိသည်။ ၎င်း ကန်တော်ကြီးသည် ပုဂံခေတ်ကာလတည်းက ရေသွင်းစိုက်ပျိုးရေးအတွက် အသုံးပြုခဲ့သော တစ်ဘက်ဆည်ကန်မျိုးဖြစ်သည်။ မြို့၏ မြောက်ဘက်ခြမ်းတွင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီရှိသည်။ မြို့၏ အနောက်ဘက်ခြမ်းတွင် ထုထည်ကြီးမားသည့် အောင်မြင်ဇေယျရခိုင်စေတီရှိသည်။ တစ်ချိန်က ပျက်စီးယိုယွင်းနေသည့် မြေစိုင်တောင်ကုန်းပညာ စေတီပျက်ကြီးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့သည်။
 
=ပို့ဆောင်ဆက်သွယ်ရေး=
== သမိုင်းကြောင်း ==
တောင်တွင်းကြီးမြို့သည် အနောက်ဘက်တွင် မကွေးမြို့သို့ ၈၂ ကီလိုမီတာ(၅၁ မိုင်) ရှည် ကားလမ်းဖြင့်လည်းကောင်း၊ တောင်ဘက်တွင် ပြည်မြို့သို့ ၁၆၂ ကီလိုမီတာ(၁၀၁ မိုင်)ရှည်ကားလမ်းဖြင့်လည်းကောင်း၊ အရှေ့ဘက်တွင် နေပြည်တော်နှင့် ပျဉ်းမနားသို့ ၆၈ ကီလိုမီတာ(၄၂ မိုင်)ရှည် ကားလမ်းဖြင့်လည်းကောင်း၊ မြောက်ဘက်တွင် မြို့သစ်မြို့သို့ ၂၉ ကီလိုမီတာ(၁၈ မိုင်) ရှည်ကားလမ်းဖြင့်လည်းကောင်း ဆက်သွယ်ထားသည်။ ကားလမ်းခရီးဖြင့် ရန်ကုန်-နေပြည်တော်လမ်းမကြီးမှတဆင့် ရန်ကုန်မြို့သို့ ၄၇၅ ကီလိုမီတာ(၂၉၀ မိုင်) ခရီးအား ၇ နာရီ ခန့်မောင်းနှင်သွားရောက်နိုင်သည်။ မန္တလေးမြို့သို့ မန္တလေး-နေပြည်တော်လမ်းမကြီးမှတဆင့် ၂၇၇ ကီလိုမီတာ(၁၇၂ မိုင်) ခရီးအား ၄ နာရီခွဲခန့်မောင်းနှင်၍ သွားရောက်နိုင်သည်။ ထိုပြင် ပျဉ်းမနား-ကျောက်ပန်း‌တောင်း မီးရထားလမ်းသည် ‌တောင်တွင်းကြီးမြို့ကို ဖြတ်၍သွား‌လေသည်။ မကွေးမြို့သို့လည်း မီးရထားလမ်း ရှိသည်။
 
== သမိုင်းကြောင်း ==
တောင်တွင်းကြီးမြို့ကို ကာလိင်္ကရာဇ်မင်းက ၁ ရက်၊ ဧပြီ၊ ၈၃၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က တောင်တွင်းကြီးသည် တောင်တွင်းမင်းများ အုပ်ချုပ်ခဲ့ရာ မင်းနေပြည်တော် ဖြစ်ခဲ့သည်။ သို့သော် တောင်တွင်းမင်း ဇေယျသူလက်ထက်တွင် ပုဂံဘုရင် [[နရသီဟပတေ့]]အား မွန်ဂိုတပ်များ ဝင်ရောက်တိုက်ခိုက်စဉ် တောင်တွင်းကြီးမြို့ပျက်စီးခဲ့ရသည်။
 
Line ၅၅ ⟶ ၅၉:
<ref>{{cite book |author=တင်နိုင်တိုး|date= စက်တင်ဘာ ၂၀၁၃ |title= မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher= မဇ္စျိမစာပေ|page= ၁၂၂}}</ref>
 
=စီးပွာရေး=
==ကိုးကား==
တောင်တွင်းကြီးမြို့သည် လယ်ယာစိုက်ပျိုးလုပ်ငန်းကို အခြေပြုသော မြို့ဖြစ်သည်။ မြို့နယ်တွင်း စိုက်ပျိုးရန် ကျယ်ပြန့်သော လွင်ပြင်များရှိပြီး အရှေ့[[ပဲခူးရိုးမ]]မှ စီးဆင်းလာသောရေများကို ဆည်ဖို့၍ ရေသွင်းစိုက်ပျိုးရေးကို လုပ်ကိုင်သည်။ တောင်ကျခေျာင်းများသဲခုံများပေါ်တွင် ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ အဓိက ထွက်ကုန်များမှာ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ကြံ နှင့် စားသုံးဆီအမျိုးမျိုးတို့ ဖြစ်သည်။ တစ်ချိန်က သစ်လုပ်ငန်း အကြီးအကျယ် ဖြစ်ထွန်းခဲ့သော်လည်း ယခုအခါ သစ်ဝါးများ ရှားပါးကုန်၍ သစ်လုပ်ငန်း ကျဆင်းသွားခဲ့သည်။
 
=ရာသီဥတု=
ဧပြီလသည် အပူဆုံးလဖြစ်ပြီး နေ့ခင်းအချိန်များတွင် ပျမ်းမျှ အပူဆုံးမှာ ၄၀° စင်တီဂရိတ်အထိ ရှိတတ်သည်။ အအေးဆုံးလမှ ဇန်နဝါရီလဖြစ်၍ ပျမ်းမျှအအေးဆုံးမှာ ၁၄° စီတီဂရိတ်ထိ အေးတတ်သည်။ ညအချိန်တွက် အပူချိန် လွန်ကဲစွာ ကျဆင်းလေ့ရှိသည်။ မိုးရာသီတွင် ဩဂုတ်လ၌ မိုးအများဆုံး ရွာသွန်းသည်။
 
==ကိုးကား==
{{reflist}}
*မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)