နက္ခတ္တဗေဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၈ -
သူ၏အယူအဆနေ၍ ပို၍တိုးတက်သော အယူအဆကို ဖြစ်စေခဲ့သူမှာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂယ်လီလီယို ဂယ်လီလီပင်ဖြစ်သည်။ [[ဂယ်လီလီယို]]သည် တယ်လီစကုပ်ကို တီထွင်ခဲ့သဖြင့် လူတို့အနေနှင့် ပိုမိုဝေးလံသော ဒေသမှ အရာဝတ္ထုများကို တွေ့မြင်နိုင်ခဲ့သည်။ဂယ်လီလီယိုက ကမ္ဘာသည် အရာအားလုံး၏ အလယ်ဗဟိုဖြစ်သည် ဆိုသော အချက်ကို ငြင်းချက်ထုတ်ခဲ့သဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ပြသနာတက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ဂယ်လီလီယိုကို သူ၏ဘဝအချိန် အတော်များများကို အိမ်တွင်း၌သာနေထိုင်ရန်နှင့် မည်သည့်စာအုပ်ကိုမှ ထုတ်ဝေခြင်းမပြုရန် အမိန့်ထုတ်ခဲ့သည်။
 
ဂယ်လီလီယို၏ နောက်ပိုင်းတွင် လူတို့သည် တယ်လီစကုပ်များကို မကြာခဏ အသုံးပြုလာကြပြီး [[ယူရေးနပ်စ်ဂြိုဟ်]] နှင့် [[နက်ပကျွန်းဂြိုဟ်]] အစရှိသော ဝေးကွာသော နေရာမှ အရာဝတ္ထုများကို တွေ့မြင်နိုင်လာသည်။ ထို့ပြင် ကြယ်တို့သည် ကျွန်ုပ်တို့၏ နေနှင့် အရောင် နှင့် အရွယ်အစားမတူသော်လည်း မည်သို့တူညီပုံ နှင့် အခြားသော ဝေးကွာသော အရပ်မှာ အရာဝတ္ထုများဖြစ်သည့် nebula[[နက်ဗျူလာ]] စသည်တို့ကို မြင်တွေ့နိုင်ခဲ့ကြသည်။
 
၂၀ ရာစုမှစ၍ နက္ခတ္တဗေဒပညာသည် အလွန်ပင် တိုးတက်လာခဲ့သည်။ အခုအခါတွင် အလွန်ကြီးမားသော တယ်လီစကုပ်များဖြစ်သည့် ဟပ်ဘယ်အာကာသတယ်လီစကုပ် (Hubble Space Telescope) စသည်တို့ကို အသုံးပြု၍ မိုင်ပေါင်း ဘီလီယံများစွာဝေးသော ဒေသမှ ကြယ်များ နှင့် ဂယ်လက်ဆီများကို ကြည့်ရှု နိုင်ပြီဖြစ်သည်။ ယခုအခါတွင် နက္ခတ္တဗေဒပညာရှင်တို့သည် ရေဒီယိုလှိုင်းနှင့် အိတ်စ်ရေး(x rays) တို့ကိုသုံး၍ ဧရာမ လှိုင်းထုတ်လွှင့်စက်များဖြင့် အရာဝတ္ထုများကို ကြည့်ရှုကြသည်။