နာနိုနည်းပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၆ -
အားလုံးသော အရာဝတ္ထုများကို အက်တမ်(အနုမြူ)များဖြင့် ဖွဲ့စည်တည်ဆောက်ထား၏။ အက်တမ်တစ်ခုစီ၏အလယ်ဗဟို၌ လျှပ်စစ်အဖိုဓာတ်ဆောင်သော [[ပရိုတွန်]] (Protons)နှင့် ဓာတ်မဲ့ နြူထရွန် (Neutrons)တို့ ပေါင်းစပ်ပါဝင်သော အလေးချိန်စီးသည့် အမြုတေ (Nucleus) တစ်ခုစီပါရှိပြီး ၎င်းသည်လျှပ်စစ်အဖိုဓာတ်ကိုဆောင်၏။ ဤအမြုတေ(Nucleus)ကို လျှပ်စစ်အမဓာတ်ဆောင်သော တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍များသည့် အလွန်သေးငယ်သော အီလက်ထရွန်များက မိမိတို့၏ပတ်လမ်းအတိုင်း အဆက်မပြတ် လည်ပတ်၍ဝန်းရံထား၏။ အကြောင်းမှာ အမြုတေရှိ အဖိုဓာတ်နှင့် ၎င်းအားပတ်လမ်း အတိုင်းလှည့်ပတ်နေသော အီလက်ထရွန်အမဓာတ်တို့သည် အပြန်အလှန်ခိုင်မြဲစွာ ဆွဲငင်နေကြသောကြောင့်ဖြစ်ပေသည်။ အချို့သောအီလက်ထရွန်များသည် အမြုတေ ၏အနားမှ နီးကပ်စွာလှည့်ပတ်၍၊ အချို့မှာအမြုတေနှင့်ပို၍ဝေးသည့် နေရာများမှလှည့်ပတ်လျှက် ရှိနေကြ၏။ အီလက်ထရွန်ပတ်လမ်း၏ ပျမ်းမျှအချင်းသည် ၁၀<sup>-၈</sup> စင်တီမီတာ (၁/၁၀ဝ၀ဝ၀ဝ၀ဝ စင်တီမီတာ ) ခန့်ရှိ၏။ ပရိုတွန်နှင့်နှိုင်းစာပါက [[အီလက်ထရွန်]]များ၏ အလေးချိန်သည် ပြောပလောက်အောင်မရှိပေ။ အရွယ်ပမာဏအားဖြင့် အမြုတေ(Nucleus)သည် (ပျမ်းမျှ ၃×၁၀<sup>-၁၅</sup> မီတာ) ရှိ၍၊ အက်တမ်(Atom)မှာ (ပျမ်းမျှ ၃×၁၀<sup>-၁၀</sup> မီတာ) ရှိပေသည်။ သို့ဖြစ်ခြင်းကြောင့် ပတ်လမ်းတစ်ခုရှိ အီလက်ထရွန်တစ်လုံးသည် အမြုတေ(Nucleus)ကို တိုက်မိရန်အခွင့်အရေးမှာ ဖြစ်နိုင်ချေအားဖြင့် သုညနီးပါးသာဖြစ်သည်။
 
အက်တမ်တစ်ခု၏ ဖွဲ့စည်းတည်ရှိနေပုံမှာ နေစကြဝဠာကို ချုံ့ထားသည်နှင့် ပုံသဏ္ဍာန်ဆင်တူလှပေသည်။ နေ[[စကြဝဠာ]]တွင်လည်း [[ဂြိုလ်ဂြိုဟ်]]များသည် မိမိတို့၏ပတ်လမ်းအတိုင်း အကွာအဝေးအမျိုးမျိုးမှ နေကိုပတ်၍သွားသကဲ့သို့ အက်တမ်တစ်ခုတွင်လည်း အလယ်ဗဟိုရှိအမြုတေကို အီလက်ထရွန်များက မိမိတို့၏ပတ်လမ်းအတိုင်း ဦးတည်ချက်အမျိုး မျိုးနှင့် လှည့်ပတ်နေကြ၏။ ဤအချက်ကို ထောက်ရှု့ခြင်းအားဖြင့် အက်တမ်တစ်ခုသည် လုံးဝန်း၍အသားပြည့်နေသော အစိုင်အခဲမဟုတ်ပဲ ၎င်းအတွင်းရှိ နေရာအများစု(၉၉.၉၉%)မှာ မည်သည့်အရာမျှမရှိသော ဗလာနယ်သာဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ပေသည်။
 
အက်တမ်တစ်ခု၏အမြုတေတွင် ပရိုတွန်များ(Protons)နှင့် နြူထရွန်များ(Neutrons)ပါရှိ၏။ ပရိုတွန်များသည် လျှပ်စစ်အဖိုဓာတ်ဆောင်ပြီး၊ နြူထရွန်များမှာ လျှပ်စစ်ဓာတ်ပြယ်(Neutral)ဖြစ်ကာ အလေးချိန်အားဖြင့်မူ ထပ်တူထပ်မျှဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် နြူထရွန်များသည် အဖိုဓာတ်ရှိသော ပရိုတွန်တစ်ခုနှင့် အမဓာတ်ရှိသော အီလက်ထရွန်တစ်ခုတို့ ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့်ဖြစ်၏။