နာနိုနည်းပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၇ -
=== အီလက်ထရွန်ဓါတ်ရောင်ခြည်သုံး၍ ဓါတုအနုစိပ်လေ့လာခြင်း ===
== နိဂုံး ==
မျက်မှောက်ခေတ်ကာလကို နည်းပညာနယ်ပယ်၌ နန်နိုခေတ်ဟုခေါ်မည်ဆိုလျှင် လွန်အံ့မထင်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ သုတေသနဌာနများ၊ တက္ကသိုလ်များတွင်[[တက္ကသိုလ်]]များတွင် နန်နိုနည်းပညာနှင့် ပတ်သက်သော သုနေသနများကိုသုတေသနများကို အားသွန်ခွန်စိုက် ပြုလုပ်လျှက်ရှိနေကြသည်မှာ သာဓကပင်။ အမှန်အားဖြင့် နန်နိုနည်းပညာပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ်မျှ ရှိခဲ့လေပြီ။ လက်ရှိကာလတွင်မူ နန်နိုနည်းပညာဖြစ်ပေါ်မှုမှာ အထူးတိုးတက်စွာဖြင့် တည်ရှိနေပြီး၊ နန်နိုနည်းပညာကို ပို၍ လေ့လာလိုက်စားလျှက်ရှိလာကြပေသည်။ ထိုသို့လိုက်စားရာတွင် နန်နိုနည်းပညာ၏ အရေးပါသော၊ အခြေခံဖြစ်သော နန်နိုဒြပ်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ အထူးပြုလေ့လာခြင်းတို့ မှာ အရေးပါလှပေသည်။ အလွန့်အလွန်သေးငယ်လှသော နန်နိုဒြပ်ပစ္စည်းများကို လေ့လာရာတွင် ဒြပ်ပစ္စည်းတို့၏ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ပါဝင်ဓာတ်ပစ္စည်းတို့ကိုသိရှိရန် SEM (Scanning Electron Microscopy) နှင့် TEM (Transmission Electron Microscopy) တက္ကနစ်တို့မှာ မသိမဖြစ် အရေးပါလှပေသည်။ ထိုစက်ပစ္စည်းတို့တွင် အထူးသဖြင့် သိရှိလိုသည့် နန်နိုဒြပ်ပစ္စည်းကို အီလက်ထရွန်ရောင်ခြည်နှင့် ရိုက်၍ ရရှိလာသော တွေရှိချက် ကိုလေ့လာခြင်းဖြစ်ပေသည်။ ၎င်းမှ ရရှိလာသော တွေ့ရှိချက်ကို ကျွမ်းကျင်စွာ လေ့လာနိုင်ရန် အီလက်က်ထရွန်ရောင်ခြည် အသုံးပြု၍ ဓါတုအနုစိတ်လေ့လာခြင်းနည်းစနစ်မှာ မြောက်များလှစွာသော နည်းစနစ်များထဲမှ တတ်မြောက်၊ လေ့လာထားရှိရမည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။
 
အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓါတုအနုစိပ်လေ့လာခြင်း ဘာသာရပ်သည် ကျိုးကြောင်း ဆီလျှော်မှုရှိခြင်း၊ နည်းပညာ ဗဟုသုတရစေခြင်း တည်းဟူသော နှစ်ချက်အားဖြင့်ပင်လျှင် ဆွဲဆောင်မှု ရှိလှပေသည်။ အစိုင်အခဲနှင့် အီလက်ထရွန်ရောင်ခြည် ကြား၌ ဖြစ်ပေါ်သော အတွင်းသက်ရောက်မှု အမျိုးမျိုး၏ သဘောသဘာဝနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို လွယ်ကူရှင်းလင်း ယုတ္တိတန်စွာ ရှင်းထားသည်မှာ ဤဘာသာရပ်၏ ပထမဆွဲဆောင်ချက်ဖြစ်ပေသည်။ ၎င်းတို့၏ အတွင်းသက်ရောက်မှုအမျိုးမျိုးမှ တစ်ခုနှင့်တစ်ခု ဆက်နွယ်လျှက် အောင်မြင်စွာဖြင့် နည်းမျိုးစုံစွာ ဓါတုအနုစိပ်လေ့လာနိုင်ခြင်းမှာ ဤဘာသာရပ်၏ ဒုတိယဆွဲဆောင်ချက်ဖြစ်ပေသည်။
 
အီလက်ထရွန်ရောင်ခြည် အသုံးပြု၍ ဓါတု အနုစိပ်လေ့လာခြင်း၏ အခြေခံသဘောတရားမှာ သေးသွယ်၊ ကျဉ်းမြောင်း၊ တိကျသော အီလက်ထရွန်ရောင်ခြည်ဖြင့် အစိုင်အခဲ တစ်ခုအပေါ်သို့ပစ်လွှတ်၍ ဖြစ်ပေါ်ရရှိလာသည့် အကျိုးဆက်ကို လေ့လာကြည့်ခြင်းပင်ဖြစ်ပေသည်။ ပစ်လွှတ်လိုက်သော အီလက်ထရွန်များသည် အရာဝတ္ထု အစိုင်အခဲနှင့် တွေ့ထိသက်ရောက်သည်နှင့် တပြိုင်နက် ပစ်လွှတ်အီလက်ထရွန်များ ၏မူလစွမ်းအင်နှင့် လားရာလမ်းကြောင်းမှာ ပြောင်းလဲသွားသည်နှင့်အတူ အပစ်ခံဝတ္ထု အစိုင်အခဲမှလည်း အိတ်ဇ်-ရောင်ခြည် (X- Rays) နှင့် အီလက်ထရွန် (အော်ဂါ-အီလက်ထရွန်, Auger electron)တို့ တပြိုင်နက်တည်း ထုတ်လွှတ်ပေသည်။ အော်ဂါ-အီလက်ထရွန် (Auger electron)မှာ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ အိတ်ဇ်-ရောင်ခြည် (X-Rays)နှင့်အတူ တပြိုင်တည်း ထွက်လာသည်မှာမှန်သော်လည်း ၎င်း၏ စွမ်းအင်မှာ (Low energy) နည်းလှပေသည်။ ဆိုလိုသည်မှာ ၎င်းအော်ဂါ-အီလက်ထရွန်များသည် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုသို့ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏မျက်နှာပြင်နှင့် အနီးဆုံးတွင်သာ ဖြစ်ပေါ်သည့်အတွက် အော်ဂါ-Spectroscopy ကိုအသုံးပြု၍ အစိုင်အခဲ၊ ဝတ္ထု(Specimen)၏ မျက်နှာပြင်ကို အထူးပြု လေ့လာနိုင်ပေသည်။ ((ယခုလေ့လာမှုတွင်မူ အော်ဂါ-အီလက်ထရွန်အကြောင်းကို ဖော်ပြမည်မဟုတ်ပေ။)) အစိုင်အခဲ၊ ဝတ္ထု(Specimen)ပေါ်တွင် ပစ်လွှတ်အီလက်ထရွန်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုနှင့် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ ထွက်ပေါ်လာမည့် အမျိုးမျိုးသော ဓါတ်ရောင်ခြည်တို့ကိုလေ့လာခြင်းအားဖြင့်၊ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု၏ ဓါတုဖွဲ့စည်းမှု (Chemical composition)ကို လွယ်ကူစွာ အဖြေထုတ်နိုင်မည် ဖြစ်ပေသည်။ပစ်လွှတ်အီလက်ထရွန်သက်ရောက်ခံရသည့် အစိုင်အခဲ၊ ဝတ္ထု (Specimen)မှ ၎င်းအပေါ်ပစ်လွှတ်အီလက်ထရွန် သက်ရောက်သည်နှင့် တပြိုင်နက် အိတ်ဇ်-ရောင်ခြည် (X-Rays) နှင့် အီလက်ထရွန်တို့ တပြိုင်နက်ပေါ်ထွက်ကြောင်းကို ဖော်ပြခဲ့သည့် အတိုင်းမည်သို့ ပေါ်ထွက်ကြောင်း ဆက်လက် လေ့လာကြည့်ကြပါစို့။
(ဆက်ရန်)
 
== ရည်ညွှန်းကိုးကား ==