နေ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''နေ''' ({{lang-en|Sun}})သည် ကျွန်ုပ်တို့နေထိုင်ရာ [[နေအဖွဲ့အစည်း]]အတွင်းတွင် ရှိသော [[ကြယ်]]တစ်လုံးဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ [[ဂြိုလ်ဂြိုဟ်]]များသည် နေကို ဂြိုလ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။
 
အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ [[စွမ်းအင်]]အမြောက်အများကို ထုတ်လွှတ်သည်။ နေသည် [[ကမ္ဘာ]]မှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။ နေမှ [[အလင်းရောင်]]၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဖက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ [[သက်ရှိ]]များအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။
"https://my.wikipedia.org/wiki/နေ" မှ ရယူရန်