ဗွိုင်ယေဂျာစီမံကိန်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆ -
==ရာဇဝင်==
[[File:Outersolarsystem-probes-4407b.svg|thumb|right|400px|၂၀၀၇ ခုနှစ် ဧပြီလတွင် ဗွိုင်ယေဂျာနှင့် ပိုင်အိုနီးယားအာကာသယာဉ်တို၏ လမ်းကြောင်းနှင့် မျော်လင့်ထားသည့် နေရာ]]
[[File:Voyager Path.svg|left|thumb|လမ်းကြောင်းများသည် အာကာယာဉ်အား ဂြိုဟ်များအား[[ဂြိုဟ်]]များအား လေ့လာခွင့်ရှိစေသည့်အပြင် နေစကြာဝဠာပြင်ပသို့ စွန့်ခွာရန် အရှိန်ရှိစေခဲ့သည်]]
 
ဗွိုင်ယေဂျာ အာကာသယာဉ်များသည် မူလအားဖြင့် မာရီနာ ပရိုဂရမ်တို့၏ အစိတ်အပိုင်းများဖြစ်သည်။ ယင်းတို့သည် မာရီနာ ၁၁၊ မာရီနာ ၁၂ ဟုအသီးသီး ခေါ်ဆိုသည်။ ယင်းတို့အား နောက်ပိုင်းတွင် မာရီနား-ဂျူပီတာ-စေတန်ဟု ပြောင်းလဲခဲ့ပြီး ဗွိုင်ယေဂျာဟု ပြောင်းလဲခဲ့သည်။ ဗွိုင်ယေဂျာ ပရိုဂရမ်သည် ''ဂရန်းတာဝါ''၏ အဓိကအချက်ချာကျသော ပရိုဂရမ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂရန်းတာဝါသည် နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်များသို့ အာကာသယာဉ်များ အမြောက်အများ ပစ်လွှတ်ရန် စီမံထားသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ဂြိုဟ်တာရာတို့သည် ဖြောင့်မတ်နေကြမည်ဖြစ်သဖြင့် ဒြပ်ဆွဲအား အကူညီဖြင့် ဂျူပီတာဂြိုဟ်မှ စေတန်ဂြိုဟ်၊ ထို့နောက် ယူရေးနစ်ပ်ဂြိုဟ်မှ နက်ပကျွန်းဂြိုဟ် စသည်ဖြင့် ပလူတိုအထိ ပျံသန်းရန် ဖြစ်သည်။ စီမံကိန်းနှစ်ခုထဲမှ ပထမဆုံးစီမံကိန်းအဖြစ် ဗွိုင်ယေဂျာ ၂ အား ပစ်လွှတ်ခဲ့သည်။ ယင်းသည် [[ဂျူပီတာဂြိုဟ်]]၊ စေတန်ဂြိုဟ်၊ [[ယူရေးနစ်ပ်ဂြိုဟ်ယူရေးနပ်စ်ဂြိုဟ်]]၊ [[နက်ပကျွန်းဂြိုဟ်]] လေးစင်းအား ပျံသန်းမည်ဖြစ်သည်။
 
ဗွိုင်ယေဂျာ ၁ အားကိုမူ ညီအစ်မ ဗွိုင်ယေဂျာ ၂ အားပစ်လွှတ်ပြီး မကြာခင်တွင် ပစ်လွှတ်ခဲ့သည်။ သို့သော် ယင်း၏လမ်းကြောင်းလည်းတိုတောင်းပြီး လျင်မြန်ကာ ဂျူပီတာဂြိုဟ်နှင့် [[စေတန်ဂြိုဟ်]]အား စောလျင်စွာ ရောက်ရှိစေခဲ့သည်။ ဗွိုင်ယေဂျာ ၁ အာကာသယာဉ်တွင် စေတန်ဂြိုဟ်ရံလ [[တိုက်တန်]]အား လေ့လာရန် ဦးစားပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သိပ်သည်းသော လေထုလွှာအားပိုင်ဆိုင်ကာ အလွန်ကြီးသဖြင့် လေ့လာမှုပြုလုပ်ရန် အလွန်ထိုက်တန်သောကြောင့်ပင်တည်း။
 
၁၉၉ဝ ဝန်းကျင်အတွင်း ဗွိုင်ယေဂျာ ၁ သည် နှေးကွေးလှသော [[ပိုင်အိုနီးယား-၁၀ အာကာသယာဉ်]]နှင့် ပိုင်အိုနီးယား ၁၁ အာကာသယာဉ်အား ဖြတ်ကျော်ခဲ့သည်။ စတင်ပစ်လွှတ်စဉ်က ပိုမိုလျင်မြန်သော New Horizons အာကာသယာဉ်သည်ပင် ဗွိုင်ယေဂျာ ၁ အား ကျော်သွားနိုင်မည် မဟုတ်ပေ။ ဗွိုင်ယေဂျာ ၁ နှင့် ပိုင်အိုးနီးယား အာကာသယာဉ်တို့သည် နေအဖွဲ့အစည်းတွင်[[နေအဖွဲ့အစည်း]]တွင် လားရာဆန့်ကျင်ဖက်အတိုင်း ပျံသန်းကြသောယာဉ်များဖြစ်ကြသည်။ ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် နှစ်စင်းလုံးအား ပုံမှန် ဆက်သွယ်မှုပြုလုပ်ခဲ့သည်။ ရေဒီယိုသတ္တိကြွ ပါဝါရင်းမြစ်သည် ယာဉ်နှစ်ခုစလုံးတွင် လုံလောက်သော လျှပ်စစ်[[စွမ်းအင်]]ပေးနိုင်သည်ဟု ၂ဝ၁၂ ခုနှစ်အရ သိရသည်။ ၂ဝဝ၇ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ သည် မိုင်ပေါင်း ၁ဝ ဘီလီယံအကွာသို့ ရောက်ရှိခဲ့ပြီး [[နေအဖွဲ့အစည်း]]အပြင်ဘက်သို့ တစ်နှစ်လျင် ၃.၃ [[AU]]နှုန်းဖြင့် ပျံသန်းလျက်ရှိသည်။ ၂ဝဝ၉ ခုနှစ် သြဂုတ်လတွင် ဗွိုင်ယေဂျာ ၁ သည် နေမှ ၁၁ဝ.၇ [[AU]] (မိုင်ပေါင်း ၁ဝ.၂ ဘီလီယံ) အကွာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟီလီယိုပေါ့နယ်မြေသို့ တိုးဝင်ခဲ့သည်။ ဟီလီယိုပေါ့စ်၏ အလွန်တွင် ကြယ်တာရာကြားခံနယ်မြေပင်ဖြစ်သည်။ ယင်းနေရာတွင် နေ၏ဒြပ်ဆွဲအားသက်ရောက်မှုထက် [[နဂါးငွေ့တန်း ဂယ်လက်ဆီ]]၏ ဒြပ်ဆွဲအားသက်ရောက်မှုက ပိုများသည်။ အာကာသယာဉ်သို့ နေမှအလင်းရောင်ရောက်ရှိရန် ၁၆ နာရီကြာမြင့်မည်ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ သည် နေလေ၏တွန်းကန်အားမရှိသော နယ်မြေသို့ ရောက်ရှိခဲ့သည်။
 
==အာကာသယာဉ်ဒီဇိုင်း==