ဂျီအက်စ်အမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 langlinks, now provided by Wikidata on d:q46904
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:GSMLogo.png|thumb|200px|ဂျီအက်စ်အမ် လိုဂိုသည် စံသတ်မှတ်ချက်နှင့် ကိုက်ညီသော လက်ကိုင်ဖုန်းများနှင့် ကိရိယာများကို လွယ်ကူစွာ သိရှိနိုင်သော သက်သေသက္ကာယပင်ဖြစ်သည်။]]
'''ဂျီအက်စ်အမ်''' ({{lang-en|GSM}}) ဆိုသည်မှာ ရွေ့လျားဆက်သွယ်ရေးအတွက် တကမ္ဘာလုံးနှင့်သက်ဆိုင်သောစနစ် (Global System for Mobile Communication) ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ထိုစနစ်သည် ကမ္ဘာပေါ်တွင် [[လက်ကိုင်ဖုန်း]]များနှင့် ပတ်သက်၍ လူကြိုက်အများဆုံးစနစ်ဖြစ်သည်။ ထိုစနစ်၏ သုံးစွဲမှု ကို မြှင့်တင်သည့်အဖွဲ့ဖြစ်သော ဂျီအက်စ်အမ် အဖွဲ့ (GSM Association) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ လက်ကိုင်ဖုန်းဈေးကွက်၏ ၈၂ ရာခိုင်နှုန်းသည် ဂျီအက်စ်အမ်စနစ်ကို အသုံးပြုနေသည်ဟု သိရသည်။ ဂျီအက်စ်အမ်ကို နိုင်ငံနှင့် နယ်မြေ ၂၁၂ခုနှင့်အထက်တွင် လူပေါင်း ၃ ဘီလီယံကျော်က သုံးစွဲနေကြသည်။ သူ၏နေရာတကာတွင် ရှိနေမှုကြောင့် လက်ကိုင်ဖုန်း အော်ပရေတာ ကုမ္ပဏီများတွင် နိုင်ငံတကာကွန်ယက်များအတွင်းလှည့်လည် အသုံးပြုခြင်း(international roaming) သည် အလွန်တွင်ကျယ်လာကာ ဖုန်းဝန်ဆောင်မှု ကို ရယူထားသူတို့ကို ကမ္ဘာ၏နေရာတော်တော်များများတွင် သုံးစွဲခွင့် ရရှိစေသည်။ ဂျီအက်စ်အမ်သည် သူ၏ရှေ့က စနစ်များနှင့် ကွာခြားမှုမှာ အချက်ပြလှိုင်း ထုတ်လွှတ်မှု (signalling)နှင့် စကားပြောချယ်နယ် (speech channels)မှာ ဒီဂျစ်တယ်စနစ်ကို သုံးထားခြင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ဂျီအက်စ်အမ်အား ဒုတိယမျိုးဆက် ရွေ့လျားဖုန်းစနစ် (2G) ဟုသတ်မှတ်ကြသည်။ အချက်အလက်ဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း စနစ်အပေါ်တွင် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်စေသည်။
 
ဂျီအက်စ်အမ် စနစ်ကို နေရာတကာတွင် အသုံးပြုခြင်းသည် အသုံးပြုသူနှင့် ကွန်ယက်ကို စီမံခန့်ခွဲသူ နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးရှိစေသည်။ အသုံးပြုသူများအနေဖြင့် ဖုန်းကို ပြောင်းလဲရန်မလိုပဲ လှည့်လည်သွားလာရင်း ဖုန်းလိုင်း(carrier) ကို ပြောင်းလဲအသုံးပြု နိုင်ပြီး ကွန်ယက်စီမံခန့်ခွဲသူများ အနေနှင့်မူ ဂျီအက်စ်အမ်စနစ်အတိုင်း လိုက်နာပြုလုပ်ထားသော မည်သည့် စက်ကိရိယာရောင်းချသူထံမှ မဆို စက်ကိရိယာများ ရွေးချယ်ဝယ်ယူနိုင်ခြင်းကြောင့် အကျိုးဖြစ်ထွန်းစေသည်။ ဂျီအက်စ်အမ်စနစ်မှ ကွန်ယက်ဖုန်းလိုင်းများတွင် ဈေးသက်သာစွာ ဆယ်သွယ်နိုင်သော အမှာစကား အတိုကောက်ပိုဆောင်နိုင်သည့် ဝန်ဆောင်မှု သို့မဟုတ် အက်စ်အမ်အက်စ် (Short message service or SMS) ကို အစဦးတီထွင်ခဲ့ပြီး ယခုအခါ အခြားရွေ့လျားဖုန်း စံသတ်မှတ်ချက် များတွင်လည်း ထိုဝန်ဆောင်မှု ကိုရရှိနိုင်ပြီဖြစ်သည်။ အခြားသော အကျိုးကျေးဇူးမှာ ဂျီအက်စ်အမ် စံသတ်မှတ်ချက်အတွင်း၌ တကမ္ဘာလုံးတွင် သုံးနိုင်သော အရေးပေါ် တယ်လီဖုန်း နံပါတ် ၁၁၂ ပါဝင်ခြင်းပင်ဖြစ်သည်။ ထိုအချက်ကြောင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာသူများအနေဖြင့် ဒေသဆိုင်ရာ အရေးပေါ်နံပါတ်ကို သိရန်မလိုပဲ အရေးပေါ်ဝန်ဆောင်မှုများသို့ လွယ်ကူစွာ ဆက်သွယ်၍ ရနိုင်သည်။