Doom metal: တည်းဖြတ်မှု မူကွဲများ

heavy metal ဂီတအမျိုးအစား
"Doom Metal doom metal သည္ heavy me..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၅၂၊ ၂၇ အောက်တိုဘာ ၂၀၁၅ ရက်နေ့က မူ

Doom Metal

doom metal သည် heavy metal ဂီတ၏ပြင်းထန်သော အမျိုးအစားတစ်မျိုးဖြစ်ပြီး ထူးခြားသည့် အရည်အသွေးများစွာဖြင့် နှေးသော tempoများ low-tuned guitar များ အခြားအမျိုးအစားများထက် သိပ်သည်းလေးလံသော ကြီးမားသော ဂီတနှင့်စာသားများသည် စိတ်ပျက်ခြင်း၏အာရုံခံစားမှု၊ ကြောက်လန့်စိုးရိမ်ခြင်း၊ ကြောက်စရာကံကြမ္မာများကို ရည်ရွယ်၍ ရေးဖွဲ့ ထားသည်။ ဤဂီတအမျိုးအစားသည် Black Sabbath ဖြင့် အရှိန်အ၀ါရခဲ့သည်။ England မှတီးဝိုင်းများဖြစ်သည့် Pagan Altar, Withfinder General, United States မှ Pentagram, Saint Vitus, Trouble နှင့် Sweden မှ တီးဝိုင်းများဖြစ်သည့် Candlemass, Cout Raven တို့ doom metal ဟု သတ်မှတ်နိုင်သည်။

တီးခတ်ခြင်း

electric guitar, bass guitar နှင့် drum kit များမှာ doom metal ကိုတီးခတ်ရန် အများဆုံး အသုံးများသော ကိရိယာများဖြစ်သော်လည်း keyboard များ တစ်ခါတစ်ရံသုံးကြသည်။ ဂီတာသမား များနှင့် ဘေ့စ်ဂီတသမားများသည် သူတို့၏ကိရိယာများကို low note များနှင့် distortion ကြီးမားစေ ရန် မကြာခဏ downtune လုပ်ကြသည်။ သိပ်သည်းသော(သို့)လေးလံသော ဂီတာ tone များထုတ်လုပ်ကြသည်။ ဤအချက် အမျိုးအစားများမှ ထူးခြားသော လက္ခဏာတစ်ခုဖြစ်သည်။ heavy metal ၏ပေါင်းစပ်ဖွဲ့စည်းထားသော နည်းပညာများနှင့်အတူ ဂီတာနှင့် bassများကို riffနှင့် တစ်ချိန်တည်းတွင် တီးခတ်ကြသည်။ ဤသို့ဖြင့် ကျယ်လောင်၍ လေးလံသော wall of sound များကို စိတ်တွင်စွဲငြိစေရန် ဖန်တီးကြသည်။ နောက်ထပ်ထူးခြားသော လက္ခဏာတစ်ခုမှာ slow tempo များကို အပြောင်းအလဲမရှိ အာရုံစူးစိုက်ခြင်းနှင့် minor tonality များကို dissonance နှင့် သုံးခြင်းတို့ဖြစ်သည်။

အဆို

doom metal အဆိုတော်များသည် clean vocalများကိုအသားပေးကြသည်။ သူတို့သည် မျှော်လင့်ခြင်း၊ ဆုံးရှုံးခြင်းအဓိပ္ပါယ်၊ စိတ်ပျက်အားလျော့ခြင်း(သို့) နာကျင်မှုဝေဒနာများကို မကြာခဏ သီဆိုကြသည်။ Ozzy Osbourne (Black Sabbath)၊ Bobby Liebling( Pentagram) နှင့် Zeeb Parkes( Withfinder General) တို့၏ hight-tone ဖြင့် အော်မြည်ခြင်းများကို နမူနာယူကြသည်။ doom metal တီးဝိုင်းများသည် extreme metal ဖြင့် ဟိန်းသည့်အဆိုပုံစံ(သို့)စူးဝါးဝါးအော်သည့်ပုံစံ ဖြင့် လွှမ်းမိုးခဲ့သည်။ စာသားအကြောင်းအရာ

စာသားများမှာ အဆိုးမြင်ဝါဒနှင့်ဆိုင်၍ ပါဝင်သောအကြောင်းအရာများမှာ ဆင်းရဲဒုက္ခ၊စိတ် ဓာတ်ကျခြင်း၊ ကြောက်ရွံမှု၊ ပူဆွေးမှု၊ စိုးရိမ်ပူပန်ခြင်း၊ သေခြင်းနှင့် ဒေါသတို့ဖြစ်သည်။ ထိုကာလအတွင်းတွင် တစ်ချို့တီးဝိုင်းများသည် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း၊ ကိုယ်တွေ့ရှုထောင့်များကို ရေးလာကြသည်။ သင်္ကေတများကို အသုံးပြုခြင်းများကို သိရှိစေသည်။ စာပေများဖြင့် လှုံဆော်ခြင်းဖြစ်သည်။ တစ်ချို့ doom metal တီးဝိုင်းများသည် ဘာသာရေးနှင့် ဆိုင်သော အကြောင်းအရာများကို သူတို့၏ဂီတတွင် အသုံးပြုကြသည်။ ပေါင်းစပ်ထားသော ခရစ်ယာန်ဘာသာနိမိတ်ပုံများမှာ Trouble သည် အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။ အခြားမှာ လျှို့ဝှက်သော pagan နိမိတ်ပုံကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ တစ်ချို့ doom metal တီးဝိုင်းများသည် ဆေးဝါးများနှင့် ဆေးဝါးများကို စွဲလန်းခြင်းများကို ရေးလာကြသည်။

မူရင်း(၁၉၇၀)

၁၉၇၀တွင် Pentagram နှင့် Black Sabbathမှလွှဲ၍ အခြားအုပ်စုများဖြင့်ဂီတအမျိုးအစား တိုးတက်လာသည်။ Blue Cheer သည် stoner metal တီးဝိုင်းတစ်ခုဖြစ်သည်။ သူတို့၏ ပထမဆုံး Vincebus Eruptum သည် အခြားအနုပညာရှင်များအတွက် template တစ်ခုဖြစ်သည်။ သို့သော် လည်း အဆိုးမြင်ဝါဒများနည်းပါးသည်။ wesh heavy metal တီးဝိုင်း Budgie သည် လေးလံကြီးမား သော သီချင်းများကို ထုတ်ခဲ့သည်။ ပုံစံများမှာ doom metal များဖြင့် လွှမ်းမိုးထားသည်။ အခြားထင်ရှားသော အုပ်စုများမှာ Sirlord Baltimore, Buffalo, Bang, Necromandus, Lucifer’s Friend, Iron Claw နှင့်Leaf Hound တို့ဖြစ်သည်။

ဖွံဖြိုးတိုးတက်မှု(၁၉၈၀)

၁၉၈၀အစောပိုင်းတွင် England နှင့်United Stateမှ တီးဝိုင်းများသည် doom metal၏ဖွဲ့စည်း ခြင်း ကွဲပြားစေရန် ပံပိုးပေးခဲ့သည်။ ၁၉၈၂တွင် အင်္ဂလိပ်တီးဝိုင်း Witchfinder General သည် သူတို့ ပွဲဦးထွက် album “Deathy Penalty” ကို ဖြန့်ချီခဲ့သည်။ ၁၉၈၄နှင့် ၁၉၈၅အတောအတွင်းတွင် အမေရိကန်မှ Saint Vitus ၏ album “Eponymous” ၊ Trouble ၏ Psalm 9နှင့် Pentagram ၏ album “Releness” တို့ကို ဖြန့်ချီခဲ့သည်။ ဆွီဒင်တီးဝိုင်းတစ်ခုဖြစ်သည့် Candlemass ၏ “Epicus Doomicus Metallicus” album ကို ၁၉၈၆ခုနှစ်တွင်ဖြန့်ချီခဲ့သည်။ တစ်ချို့ doom metal တီးဝိုင်းများသည် ၁၉၈၀တွင် underground မှ gothic rock နှင့် post-punk တို့ဖြင့် သြဇာအရှိန်အ၀ါရလာခဲ့သည်။ Mindrot ကဲ့သို့ doom metal တီးဝိုင်းသည် death metal နှင့် gothic rock တို့ကို မကြာခဏ ဖော်ပြကြသည်။