ဘန်ဒေါင်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Tempat-Wisata-di-Bandung-Gambar-Gedung-Sate.jpg|thumb|ဘန်ဒေါင်းမြို့ရှိ ဆိတ် အဆောက်အဦးမှာ [[အနောက်ဂျာဗားပြည်နယ်]] အုပ်ချုပ်ရေးမှူး၏ ရုံးဖြစ်သည်။]]
ဘန်ဒေါင်းမြို့သည် [[အင်ဒိုနီးရှားနိုင်ငံ]] အနောက်ဂျာဗားဒေသ၏[[အနောက်ဂျာဗားပြည်နယ်]]၏ [[မြို့တော်]]ဖြစ်သည်။ နိုင်ငံအတွင်း တတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ဒုတိယမြောက် အကြီးဆုံးသော မက်ထရိုပိုလစ်တန်ဒေသ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် [[လူဦးရေ]] ၇.၄ သန်းမျှ ရှိသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၂၅၂၉ပေ (၇၆၈ မီတာ) အမြင့်တွင် တည်ရှိကာ [[ဂျာကာတာမြို့]]၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၄၀ ခန့် အကွာတွင် တည်ရှိသည်။ ဘန်ဒေါင်းမြို့သည် တစ်နှစ်ပတ်လုံး အခြားသော အင်ဒိုနီးရှားမြို့ကြီးများထက် အေးမြသော [[အပူချိန်]] ရှိသည်။ ဘန်ဒေါင်းမြို့သည် မြစ်ဝှမ်းဒေသတွင် တည်ရှိပြီး ပတ်ဝန်းကျင်၌ [[မီးတောင်]]များ ဝန်းရံလျှက်ရှိသည်။ ထိုသို့သော အနေအထားက သဘာဝအတိုင်း ခံစစ်ကောင်းပြုနိုင်သော နေရာ ဖြစ်သဖြင့် [[ဒတ်ချ်]]တို့၏ [[ကိုလိုနီ]]ခေတ်အခါက [[ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ]]မှ ကိုလိုနီ မြို့တော်ကို [[ဘာတေးဗီးယား]]မှ ဘန်ဒေါင်းသို့ ပြောင်းရွှေ့ခဲ့ရခြင်း၏ အဓိက အချက် ဖြစ်ခဲ့သည်။
 
ဒတ်ချ်ကိုလိုနီ နယ်ချဲ့တို့က ၁၈ ရာစု အတွင်း [[တောင်ကုန်း]]များ ပတ်လည်တွင် [[ကော်ဖီ]]စိုက်ခင်းများကို တည်ထောင်ခဲ့ပြီး ၁၁၂မိုင် (၁၈၀ ကီလိုမီတာ) အကွာရှိ မြို့တော်နှင့် ဆက်သွယ်ရန် [[လမ်း]]များဖောက်လုပ်ခဲ့သည်။ ထိုမြို့တွင် နေထိုင်သော ဒတ်ချ်လူမျိုးတို့က မြူနီစီပယ် အုပ်ချုပ်ရေးဒေသ အဖြစ် သတ်မှတ်ရန် တောင်းဆိုခဲ့သဖြင့် ၁၉၀၆ ခုနှစ်တွင် ခွင့်ပြုခဲ့သည်။ ထိုမှတဆင့် ဘန်ဒေါင်းသည် စိုက်ခင်းပိုင်ရှင်တို့ အတွက် အပန်းဖြေရာ မြို့ ဖြစ်လာခဲ့သည်။ အဆင့်မြင့် [[ဟိုတယ်]]များ၊ [[စားသောက်ဆိုင်]]များ၊ [[ကဖေး]]များ၊ ဥရောပ အသုံးအဆောင်ပစ္စည်းဆိုငများ ဖွင့်လှစ်လာခဲ့သဖြင့် ထိုမြို့အား ပဲရစ်ဗန် ဂျာဗား ( ဒတ်ချ်ဘာသာဖြင့် ဂျာဗား၏ ပဲရစ်မြို့) ဟု ခေါ်တွင်ခဲ့လေသည်။