ကွာလာလမ်ပူမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၀ -
[[File:cmglee KL Masjid Jamek confluence.jpg|thumb|left|200px|ဂုန်ဘတ်မြစ် (ဝဲ) နှင့် ကလန်းမြစ် (ယာတို့) ပေါင်းဆုံရာ နေရာတွင် ရှိသော ဂျာမက် ဗလီ။ ကွာလာလမ်ပူတွင် အစောဆုံး အခြေချ နေထိုင်ခြင်းမှာ အရှေ့ဘက်ခြမ်းတွင် ဖြစ်ပြီး ဤဓာတ်ပုံ၏ ညာဖက် အခြမ်း ဖြစ်သည်။]]
 
ကွာလာလမ်ပူ ဆိုသော အမည်၏ အဓိပ္ပာယ်မှာ ရွှံ့ထူသော မြစ်ဆုံ ဟု အဓိပ္ပာယ်ရသော်လည်း တခြားသော အမှတ်မရနိုင်သော အမည်တစ်ခုခုမှ ရွေ့လျားဆင်းသက်လာသော အမည်လည်း ဖြစ်နိုင်သည်။<ref name="gullick 1955">{{cite journal |url=http://myrepositori.pnm.gov.my/bitstream/123456789/2265/1/JB1865_MBRA.pdf |title=Kuala Lumpur 1880-1895 |journal = Journal of the Malayan Branch of the Royal Asiatic Society |volume =24 |issue=4 |pages=10–11 |author=JM Gullick |year=1955 }}</ref> နဂိုမူလက ဆူနိုင်းဂုမ်ဘတ် မြစ် (ယခင်အမည် ဆူနိုင်းလမ်ပူမြစ်) နှင့် ဆူနိုင်းကလန်း (ကလန်းမြစ်) တို့ ပေါင်းဆုံသော မြစ်ဆုံနေရာတွင် အိမ်ခြေ အနည်းငယ်မျှဖြင့် အခြေချ နေထိုင်ကြရာ နေရာ ဖြစ်လေသည်။ ကွာလာလမ်ပူမြို့ကို ၁၈၅၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ကလန်းပြည်နယ်၏ မလေးခေါင်းဆောင် ရာဂျာ ဂျာဖာ၏သား ရာဂျာ အဗ္ဗဒူလာ မှ သူ၏ ညီအစ်ကိုတော်သူ လူကွတ်နယ်မှ ရာဂျာ ဂျူမတ်၏ အကူအညီဖြင့် လူကွတ်မှ တရုတ်သတ္တုတွင်းတူး သူများကို ငှားရမ်း၍ [[ခဲမဖြူသတ္တုတွင်းကိုခဲမဖြူ]]သတ္တုတွင်းကို အစပျိုးရန် အရင်းအနှီးမတည်ခဲ့ခြင်း မှ အစပြုသည်။<ref>{{cite book |title=The Story of Kuala Lumpur, 1857-1939 |author= J.M. Gullick |publisher=Eastern Universities Press (M) |pages=8–9 |year=1983 |isbn=978-9679080285}}</ref><ref>{{cite web|title=Kuala Lumpur History|url=http://all.talkmalaysia.com/kuala-lumpur/kuala-lumpur-history/|publisher=All Malaysia|accessdate=15 September 2009}}</ref> သတ္တုတွင်း သမားများသည် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ကြပြီး ထိုနေရာမှ ခြေလျင်ခရီးဖြင့် အမ်ပန်း အရပ်သို့ ဆက်လက်ထွက်ခွာခဲ့ကြကာ ထိုနေရာတွင် ပထမဆုံး သတ္တုတွင်းကို ဖွင့်လှစ်ခဲ့ကြသည်။ ကွာလာလမ်ပူသည် ကလန်းမြစ် အတွင်း အဝေးဆုံး ရောက်ရှိနိုင်သော နေရာဖြစ်ပြီး ထိုနေရာသို့ ရိက္ခာပစ္စည်းများ လှေဖြင့် သယ်ယူနိုင်ရန် အဆင်ပြေဆုံး နေရာ ဖြစ်၍ ခဲမဖြူ သတ္တုတွင်းများသို့ ပစ္စည်းပို့ရန် နှင့် ပစ္စည်း ပြန်သယ်ရန် အတွက် ဆုံစည်းရာ နေရာဖြစ်လာခဲ့သည်။<ref name="gullick 1955" /><ref name=ooi/>
 
ကွာလာလမ်ပူမြို့ကို တည်ထောင်သူမှာ မည်သူဖြစ်သည်ကို အတိအကျ မပြောဆိုနိုင်ပေ။ ရာဂျာ ဂျာဖာ၏သား ရာဂျာ အဗ္ဗဒူလာနှင့် ၎င်း မြို့ကို တည်ခြင်းမှာ ဆလန်ဂေါ၏ သမိုင်းတွင် မပါဝင်ခဲ့ပေ။<ref>Abdul Samad Ahmad, ''Pesaka Selangor'', Dewan Bahasa dan Pustaka, Kuala Lumpur, (1937 edisi Jawi), 1966.</ref>
အခြားတစ်ဖက်တွင်လည်း မန်ဒိုင်လင်း လူမျိုး၊ ဆူမာတြားမြောက်ပိုင်း၊ မန်ဒိုင်လင်းနယ် အထက်ပိုင်းရှိ တိုဘာမှ လူဘစ်လူမျိုးစုမှ သူကောင်းမျိုး ဆူတန် ပွာဆာ သည် ဆလန်ဂေါနယ်သို့ ၁၈၃၀ တွင် စတင် ပြောင်းရွှေ့ အခြေချခဲ့ပြီး ကွာလာလမ်ပူသို့ ၁၈၅၀ မတိုင်မီက ရောက်ရှိခဲ့သည်။<ref name=sutanpuasa>Abdul-Razzaq Lubis, 'Sutan Puasa: The Founder of Kuala Lumpur', ''Journal of Southeast Asian Architecture'' (12), National University of Singapore, September 2013.</ref> ရာဂျာ အဗ္ဗဒူလာသည် ၁၈၅၇ တွင်မှ ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ပြီး ကွာလာလမ်ပူကို တည်ထောင်သူဟု သိကြသော ယပ်အာလွိုင်သည်လည်း ၁၈၆၂ တွင်မှ ကွာလာလမ်ပူသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ရာဂျာအဗ္ဗဒူလာ၏ လက်အောက်တွင် အလုပ်လုပ်ကြသော [[တရုတ်]] အလုပ်သမားများသည် ကုန်းမကြီးမှ ၆၄ ကီလိုမီတာမျှ ကွာဝေးသော အမ်ပန်းတွင် အလုပ်လုပ်ကြသည်။<ref>Middlebrook & Gullick,''op. cit.'', 1983: 18.</ref> ထိုအချိန်တွင်ပင် ထိရောက်သော ရေပေးဝေရေး နှင့် [[ဆည်မြောင်းစနစ်များကိုဆည်မြောင်း]]စနစ်များကို နည်းပညာအားဖြင့် ရှေ့ရောက်သော မန်ဒိုင်လင်း လူမျိုးများက ကွာလာလမ်ပူတွင် တည်ဆောက်ခဲ့ပြီး သတ္တုတွင်း ကဏ္ဍကို တိုးတက်စေခဲ့သည်။<ref name=sutanpuasa />