အိုလံပစ် အားကစားပွဲတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၉ -
အိုလံပစ်ဟူသော အမည်သည် ရှေးနှစ်ပေါင်း ၂၇၀ဝ ကျော်လောက်က ဂရိနိုင်ငံ အိုလံပီယာမြို့တွင် ဂရိလူမျိုးတို့ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရာမှ အစပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဇုနတ်ဘုရားကြီးအား ပူဇော်ပသရန်အတွက်လည်းကောင်း၊ နတ်များအား ပူဇော်ပသပွဲများတွင်လည်းကောင်၊ စားသောက်ပွဲကြီးများတွင်လည်းကောင်း ကစားခုန်စားပွဲများ ကျင်းပခဲ့ကြပြီး ထိုပွဲများသည် အိုလံပစ်ပွဲတော်၏ သမိုင်းအစလည်းဖြစ်ကြသည်။ ရှေးဟောင်းအိုလံပစ်ပွဲတော်များသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ကျင်းပခဲ့ကြမှန်း အတိအကျ မသိရချေ။ သို့သော် အိုလံပစ်ပွဲတော်နှင့် ပတ်သတ်၍ ဂရိလူမျိုးတို့တွင် ရှေးဟောင်းဒဏ္ဍာရီ ကလေးများရှိကြသည်။
 
အိုလံပစ်အားကစားပြိုင်ပွဲများသည် ဂရိနိုင်ငံက အစပြုခဲ့သည့် ပြိုင်ပွဲဖြစ်သောကြောင့်လည်း ဂရိတို့၏ နတ်ဘုရားပုံပြင်ဆန်ဆန် သမိုင်းကြောင်းများနှင့် ဆက်နွယ်နေပါသည်။ ပုံပြင်တွေအများကြီးထဲတွင်မှ အများစုမှ လက်ခံသဘောတူသော သမိုင်းကြောင်းမှာ `ဇု´နတ်မင်းကြီး၏ သားတော် `ဟီရာကလိစ်´အမည်ရှိ သူရဲကောင်းသည် ဖခင်၏ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ကွင်းကြီး တစ်ခုကို ကိုယ်တိုင်တည်ဆောက်ပြီး အားကစားပြိုင်ပွဲများကို ကျင်းပစေခဲ့ပါသည်။ `ဟီရာကလိစ်´သည် သူကိုယ်တိုင် လမ်းလျှောက်ပြီး အားကစားကွင်း၏ အလျားကို ခြေလှမ်း ၄၀ဝ သတ်မှတ်ခဲ့ပြီး ထိုအကွာအဝေး သတ်မှတ်ချက်မှာ နောင်တစ်ချိန် သင်္ချာပညာတွင်[[သင်္ချာ]]ပညာတွင် အကွာအဝေးယူနစ်တစ်ခုလည်း ဖြစ်လာသည်ဟု ဆိုပါသည်။ အချိန်ကာလအားဖြင့် [[ဘီစီ]] ၅ ရာစုနှင့် ၆ ရာစုအတွင်း ကျင်းပခဲ့ကြပြီး အနိုင်ရသူများသည် ကဗျာစပ်ဆိုပြီး[[ကဗျာ]]စပ်ဆိုပြီး ဂုဏ်ပြုခံရခြင်း၊ ကျောက်သားတွင် ထွင်းထုမှတ်တမ်းတင် ဂုဏ်ပြုခံရခြင်း အစရှိသည်ဖြင့် ဂုဏ်ပြုခံခဲ့ရပါသည်။ သို့သော် သမိုင်းမှတ်တမ်းများအရ အိုလံပစ်ပြိုင်ပွဲများကို ဂရိနိုင်ငံများတွင် စတင်ကျင်းပခဲ့သည့် အချိန်မှာ ဘီစီ ၇၇၆ ခုနှစ်ဖြစ်ပါသည်။ သံလွင်ခက် သရဖူသည် အိုလံပစ်ပြိုင်ပွဲ၏ ထင်ရှားသော အမှတ်အသားဖြစ်ပြီး အနိုင်ရသူများကို ငြိမ်းချမ်းခြင်း အထိမ်းအမှတ်အဖြစ် ထိုသံလွင်ခက်သရဖူဖြင့် ဂုဏ်ပြုသည့် အလေ့အထလည်းရှိပါသည်။
 
ဒဏ္ဍာရီတစ်ခု၏ အဆိုအရ အဲလစ်ပြည့်ရှင် အိုနိုးမော့က သူ၏လှပချောမောသော သမီးတော် ဟစ်ပိုဒေးမီးယားအား လာရောက် တောင်းရမ်းသူများအား မိမိနှင့်မြင်းလှည်းပြိုင်ပွဲများ ဆင်နွှဲစေသည်။ ဟစ်ပိုဒေးမီးယား၏ မြင်းများမှာ ဂရိတစ်ပြည်လုံးတွင် အသန်ဆုံး၊ အမြန်ဆုံး ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များမှာ ဘုရင်ကြီးကို မနိုင်ပဲ ဇီဝိန်ကြွေရသည်သာ များလေသည်။ ထိုအခါ သမီးတော်ကို ကြိုက်သောကြောင့် ပီးလော့ဆိုသော လူငယ်သည် ဘုရင်ကြီးနှင့် ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုလေသည်။ ဘုရင်အိုနိုးမော့က မိမိအားနိုင်လျင် သမီးတော်နှင့်ပေးစားမည်ဟု ဆိုသောအခါ ပီးလော့သည် ဘုရင့်ကိုနိုင်ရန်အတွက် ဉာဏ်ဆင်တော့လေသည်။
စာကြောင်း ၆၃ -
မည်သို့ပင်ဆိုကြစေ ဘီစီ ၇၇၆ ခုနှစ်တွင် မှတ်တမ်းများ စနစ်တကျ တင်ထားသော ပထမဆုံးအိုလံပစ်ပွဲတော် ကျင်းပခဲ့သည်ဟု သုတေသီများက တညီတညွတ်တည်း သဘောတူလက်ခံထားကြသည်။<ref>အိုလံပစ်၊
ရေးသားသူ-ဗဟိုသိမ်းဆောင်၊၁၉၇၀ စာပေဗိမာန်တိုက်ထုတ်</ref>
 
==ကမ္ဘာ့အားကစားပွဲတော်ကြီး==
ရှေးခေတ်ဂရိတို့သည် အိုလင်းပီယာချိုင့်ဝှမ်းရှိကွင်းပြင်တွင်