ဘကလေး (ရွှေတလေး): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၆ -
 
 
ကာတွန်း ဦးဘကလေးကို ၉၊ဖေဖော်ဝါရီ ၊ ၁၈၉၀တွင် [[ပုသိမ်မြို့]]၊ ထောင်ကုန်းရပ်၊ အရက်ဖိုလမ်း အမှတ်၃ နေအိမ်တွင် အလယ်တန်းပြဆရာ ဦးဘိုးသင်း နှင့် ဒေါ်သဲမှုန်တို့က ဖွားမြင်သည်။ မွေးချင်း အစ်ကိုတစ်ဦးရှိပြီး မောင်ဘကြီးဟုခေါ်သည်။ ဦးဘကလေးသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူလည်းဖြစ်ပြီး အသက် ၁၆နှစ်အရွယ်တွင် အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းမှ [[သင်္ချာ]]၊အင်္ဂလိပ် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ကျောင်းသားဘဝက [[ပန်းချီပြိုင်ပွဲ]] တွင် ဘုရင်ခံ၏ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရဖူးသည်။ ဆယ်တန်းအောင်မြင်ပြီးနောက်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့သည်။ ဥပစာတန်းအောင်မြင်ပြီး ဘီအေတန်းအရောက် ၁၉၁၆တွင် ဖခင်ဆုံးပါးသွားသဖြင့် ကျောင်းမှထွက်လိုက်ရသည်။
 
မိမိပညာဆည်းပူးခဲ့သည့် အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် အသက်မွေးခဲ့သော်လည်း မျက်နှာဖြူပညာဝန်ကို ဘုရားထူးရသည့် အလုပ်ကို မနှစ်မြို့သဖြင့် နောက်ဆုံးတွင် အလုပ်မှထွက်ကာ ရန်ကုန်သို့ပြောင်းရွေ့နေထိုင်သည်။
 
== မြန်မာကာတွန်း ==
ဦးဘကလေးသည် အားလပ်ချိန်များတွင် ပန်းချီဆွဲရင်း[[ပန်းချီ]]ဆွဲရင်း ကောလိပ်ကျောင်းသားဘဝ ၁၉၁၅တွင် ကာတွန်းလက်ရာ တစ်ခုကို စမ်းသပ်ရေးဆွဲကြည့်ခဲ့သည်။ သူ၏ကာတွန်းမှာ မြို့အုပ်လုပ်ရန် ရည်ရွယ်ပြီးကောလိပ်တက်နေသော ကောလိပ်ကျောင်းသားအချို့အား ပျက်ရယ်ပြုရေးဆွဲထားခြင်းဖြစ်သည်။ အနောက်နိုင်ငံများတွင် ၁၈၆၀ပြည့်နှစ်များမှစကာ ကာတွန်းရုပ်ပြောင်များပေါ်ပေါက်လာသည့်[[ကာတွန်းရုပ်ပြောင်]]များပေါ်ပေါက်လာသည့် နည်းတူ မြန်မာ့ကာတွန်းလောကတွင်လည်း ၁၉၁၅တွင် ဦးဘကလေးဆွဲသည့် လက်ရာမှာ ပထမဆုံးသော ကာတွန်းလက်ရာဖြစ်သည် ဟုဆိုကြသည်။
 
ဦးဘကလေးသည် အင်္ဂလိပ်စာကျွမ်းကျင်သဖြင့် သူ၏ကာတွန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖေါ်ပြခဲ့ရာ ရန်ကုန်တိုင်း အင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာနော်လင်က များစွာနှစ်ခြိုက်ခဲ့သည်။ သို့ဖြင့် ခရစ်စမတ်နေ့ အထူးထုတ် ရန်ကုန်တိုင်းစာစောင်တွင် ကာတွန်းပုံရေးဆွဲစေရာ ၄င်းကာတွန်းလက်ရာမှာ နိုင်ငံရပ်ခြားသို့ပင် ပြန့်နှံခဲ့သည်။ ထိုနောက် ၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းတွင် ရှေးရိုးအဒေါ်ပျိုကြီးနှင့် ခေတ်ဆန်ဆန်တူမပျိုတို့ စကားပြောဆိုနေဟန်ကို ပထမဆုံးမြန်မာဘာသာ ကာတွန်းလက်ရာအဖြစ် ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင်လည်း သူရိယတွင်ပင် ကုန်ပစ္စည်းကြော်ငြာအချို့ကို ရေးဆွဲပေးခဲ့သေးသည်။
စာကြောင်း ၃၂ -
 
== ဦးရွှေရိုးအက ==
၁၉၂၁တွင် ယောက်ဖဖြစ်သူ ဦးတင်နွယ်က ဘားမားဖလင်းအမည်ဖြင့် ကုမ္ပဏီထောင်ကာ ရုပ်ရှင်လောကသို့ ဝင်ရောက်သည်။ ၁၉၂၃တွင် [[တောမြိုင်စွန်းက လွမ်းအောင်ဖန်]] အမည် (အင်္ဂလိပ်ဘာသာဖြင့် Echo From The Wilds)ဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားတွင် ဦးဘကလေးက မင်းသားမောင်ဘဌေး(ဦးညီပု)၏ လူယုံတော်အဖိုးကြီး ဦးရွှေရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ရံအဖြစ်သရုပ်ဆောင်ခဲ့သော်လည်း သရုပ်ဆောင်ကောင်းလှသဖြင့် နာမည်ကျော်ကြားလာပြီး “အဘရေ” ၊ “တောသားလေးရွှေရိုး” ၊ “ရွှေမင်းဝင်” ၊“တစ်ခိုင်လုံးရွှေ” ၊“တစ်ခိုင်လုံးစိန်” ၊ “ပလုပ်တုပ်တုပ်”၊ “မှိုင်းဝေဝေ”၊ “ရွှေတလေး” ၊ “ရွှေရိုးဘယ်မလဲ” ၊ “ကြင်စဦး” ၊ “ဝေလွင်လွင်”၊ “ကိုလူပျို” ၊“သုံးပွင့်ဆိုင်”၊ “ခင်မောင်ကြီး” ၊ “ရွှေပေလွှာ” အစရှိသည့် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
 
အဘရေ ဇာတ်ကားတွင် အဘဦးရွှေရီုးအဖြစ် သရုပ်ဆောင်ရာတွင် ပုသိမ်ထီးဆောင်းကာ ခြေထောက်ဆက်ကာဆက်ကာဖြင့် ကပြသည့်ပုံစံမှာ အလွန်လူကြိုက်များသွားပြီးနောက် ထိုအကမှာ မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း လျှင်မြန်စွာပြန့်နှံ့ခဲ့သည်။ ထိုခေတ်ကာလများက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်သူ ဦးဘကလေးအား မြန်မာ့ချာလီချက်ပလင်ဟုပင်မြန်မာ့[[ချာလီချက်ပလင်]]ဟုပင် တင်စားရေးသားခဲ့ပြီး၊ နိုင်ငံခြားဇာတ်ကားများကို ယှဉ်နိုင်ကြောင်း ချီးမွမ်းရေးသားခဲ့ကြသည်။
 
== စာပေလက်ရာ ==
စာကြောင်း ၆၄ -
[[Category:မြန်မာ ရုပ်ရှင် ဒါရိုက်တာများ]]
[[Category:ကွယ်လွန်ပြီးပုဂ္ဂိုလ်များ]]
[[Category:၁၈၉၀ခုနှစ်မွေးဖွားသူများ]]
[[Category:၁၉၄၅ခုနှစ်ကွယ်လွန်သူများ]]