ဂယ်လီလီယို: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၈ -
 
== ခရစ်ယာန်ကျောင်းတော်၏ တားမြစ်မှု ==
ထိုတွေ့ရှိမှုများကပင် သူ့အားဂုဏ်တက်စေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရှေးယိုးစွဲ၊ ဩဇာကြီး ခရစ်ကျောင်းတော်နှင့် ဆန့်ကျင်မိလေလေ ဖြစ်လာတော့သည်။ ၁၆၁၆ တွင် အဆိုပါ [[ကော်ပါးနိကပ်စ်]]၏ သီအိုရီနှင့်[[သီအိုရီ]]နှင့် ပတ်သတ်သည့် ထောက်ခံပြောဆိုမှုများကို ရပ်တန်းမှရပ်ရန် သတိပေးတားမြစ်ခံရတော့သည်။ သို့ဖြင့် ဂယ်လီလီယိုသည် နှစ်များမနည်းပင် အောင့်အီးကာ နေရရှာသည်မှာ ၁၆၂၃ တွင်ပုပ်ရဟန်းမင်း (Pope) ကွယ်လွန်ပြီး ရဟန်းမင်းသစ် တက်လာသည်အထိပင်ဖြစ်သည်။ ၄င်းအားထောက်ခံသည့် ပုပ်ရဟန်းမင်းသစ်ဖြစ်လာသည့် ဆဌမမြောက် အာဗန် (Urvan) က ဂယ်လီလီယိုအား ကြည်ညိုလေးစားသဖြင့် ယခင်က တားမြစ်ချက်ကို မသိကျိုးကျွံပြုကာ နေပေးသဖြင့် ဂယ်လီလီယို တစ်ယောက် အနေအစား ချောင်လာပြန်သည် ဟုဆိုနိုင်သည်။
 
ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရေးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုန်မှု (The Dialogue Concerning The Two Chief World Systems) အမည်ရှိ ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်၏ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရသည်။ သို့သော် အဆိုပါစာအုပ်သည် ကော်ပါးနိကပ်စ်၏ သီအိုရီများကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆေးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်သည်။
 
ဂယ်လီလီယိုကဲ့သို့ ကျော်ကြားသည့် ပညာရှင်ကို ပြစ်ဒဏ်ချရန်မှာ ခက်ခဲသည့်အလျှောက် ခေတ်ကာလ ကျောင်းတော်ဥပဒေ (Current Chuch Law) အရ အပြစ်အတိအကျမရှိ ဟုဆိုကာ အာစက်ထရီ (Arcetri) ခေါ် နေအိမ်အကျယ်ချုပ်ဖြင့် ထားစေသည်။ ဥပဒေအရ[[ဥပဒေ]]အရ ဧည့်သည်လက်ခံတွေ့ဆုံခြင်း မပြုရဟုဆိုသော်လည်း တင်းကျပ်မှုမရှိသဖြင့် အလွယ်တကူပင် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် ရပါသည်။ အခြားပစ်ဒဏ် တစ်ရပ်မှာ "နေကိုကမ္ဘာက ပတ်သည်"ဟူသည့် အဆိုကို လူသိရှင်ကြား ပြန်လည်ရုတ်သိမ်းပေးရမည် ဟူ၍ဖြစ်သည်။ ထို့ကြောင့် အသက် ၆၉ နှစ်ရှိ ပညာရှင်အိုကြီးမှာ ရုံးတော်၌ပင် ထိုကဲ့သို့ ဝန်ခံရရှာသည်။ (သို့သော် အချို့က ထိုကဲ့သို့ အမိန့်ကို လိုက်နာပြောဆိုပြီးနောက် ရုံးတော်ကြမ်းပြင်မြေကြီးကို နမ်းရှုံ့ကာ "သူကတော့ အလှုပ်မပျက်ပါလား"ဟု အရွှန်းဖောက်သည် ဟုဆိုကြသေးသည်။)
 
တရားရုံးတွင် သူသည် ထိုအယူအဆ မှားယွင်းကြောင်းကို ဝန်ခံရပြီးနောက် ဇာတိရပ်ရွာသို့ပြန်၍ နေထိုင်ရသည်။ ထိုအရပ်တွင် ယခင်က ကြိုးစား၍ လေ့လာဆည်းပူးခဲ့သော မက္ကင်းနစ်ပညာရပ်အကြောင်းကို ရေးသားကာ စာအုပ်ထုတ်ဝေလေသည်။ ဂယ်လီလေအိုသည် ပညာဉာဏ်စူးရှ၍ လက်တွေ့စမ်းသပ်လုပ်ကိုင်လေ့ရှိသဖြင့် ထိုခေတ်က ထူးချွန်သော သိပ္ပံပါရဂူတစ်ဦး ဖြစ်ခဲ့သည်။ လူအများပင် ယုံကြည်နေကြသော [[အယ်ရစ္စတိုတယ်]] ရေးသားချက်များကို မှားသည်ဟု ရဲဝံ့စွာ ပြောဆိုခဲ့၏။
 
ဘာသာရေးကိုင်းရှိုင်းသူ ဂယ်လီလီယိုမှာ သူ့အားအမျိုးမျိုး ဒုက္ခပေးနေသည့် ကျောင်းတော်ကို စိတ်နာသည်မရှိဟုသိရသည်။ သက်ဆုံးတိုင် ခရစ်ယာန်ဘာသာဝင်အဖြစ် နေထိုင်သွားပြီး စက်ယန္တရားများ အကြောင်းကို ရေးသားခဲ့ရင်း အသက် ၇၈နှစ်အရွယ် ၁၆၄၂ တွင် ကွယ်လွန်သွားခဲ့သည်။သာသနာရေး အာဏာပိုင်များနှင့် အတိုက်အခံပြုကာ ကိုယ်တွေ့စုံစမ်း သိရှိ ရသော အချက်များကို ထုတ်ဖော်ပြသခဲ့၏။ ဤသို့ ရှေးဟောင်း အစဉ်အလာ အယူအဆများကို ရဲဝံ့စွာ တော်လှန်၍ မှန်ကန်သော အချက်များကို ထုတ်ဖော်ပြသခဲ့သဖြင့် သိပ္ပံပညာသည်[[သိပ္ပံပညာ]]သည် တိုးတက်ခဲ့ပေသည်။ <ref>မြန်မာစွယ်စုံကျမ်း၊ အတွဲ(၃)</ref> နှောင်းလူတို့အနေဖြင့် ဂယ်လီလီယိုကို အယူအဆအဟောင်းများကို ရဲရင့်စွာ ချိုးဖောက် တီထွင်လေ့လာ ဖော်ထုတ်သူ အဖြစ်လေးစားသမှုထားကြသည်။
 
 
 
 
== ရည်ညွှန်းကိုးကား ==