အရစ္စတိုတယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 111.84.195.6 (talk) identified as vandalism to last revision by Thetoo. (TW)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:aristotle.jpg|thumb|အရစ္စတိုတယ် ([[ဘီစီ]] ၃၈၄-၃၂၂)]]
ဂရိလူမျိုး '''အရစ္စတိုတယ်''' (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။[[သိပ္ပံ]]ပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။
 
အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ [[မက်စီဒိုးနီးယားနိုင်ငံ]]၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် [[ပလေတို]](Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ [[ပလေတို]] ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ [[ဇီဝဗေဒ]] သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။
 
ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် [[မဟာအလက်ဇန္ဒား|အလက်ဇန္ဒား]] ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊[[တိရစ္ဆာန်]]၊ အပင်၊[[အပင်]]၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။
 
ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ [[ဆိုကရေးတီးစ်]] (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။
စာကြောင်း ၁၀ -
ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ [[စွယ်စုံကျမ်း]]များဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ [[နက္ခတ္တဗေဒ]]၊ [[ဇီဝဗေဒ]]၊ [[သတ္တဗေဒ]]၊ [[ပထဝီဝင်]]၊ [[ရူပဗေဒ]]၊ [[ခန္ဓာဗေဒ]] (Anatomy)၊ [[ဇီဝကမ္မဗေဒ]] (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။
 
အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) ကို ရေးသားခဲ့ပြီး လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊[[ဘောဂဗေဒ]]၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric) ၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ အစရှိသည့် အကြောင်းများလည်း ကျမ်းပြုခဲ့သည်။
 
ထူးခြားမှုအချို့မှာ ဘာဘေးရီးယန်းယဉ်ကျေးမှု (Barbartian Custom) နှင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (Athenian Consittution) ကိုလည်း ရေးသားခဲ့သေးသည်။
 
အရစ္စတိုတယ်၏ ကျေးဇူးမှာ၎င်းသက်ရှိထင်ရှားနေစဉ် များစွာမသိသာသော်လည်း နှောင်းလူတို့အပေါ်တွင်မူ များစွာ အကျိုးကျေးဇူး ကြီးသည်ဟု ဆိုနိုင်သည်။ သိပ္ပံပညာရပ်ဆိုင်ရာများကို အကြောင်းအရာအလိုက် အပိုင်းလိုက် ခွဲခြားပြသပြီး၊ တူရာစုပေါင်းပေးခဲ့သဖြင့် နှောင်းလူတို့အတွက် လေ့လာရန် များစွာလွယ်ကူသွားပြီဖြစ်သည်။ သူ၏ ဒဿနများမှာလည်း နှောင်းခေတ်များတွင် အရှိန်အဟုန်ဖြင့် လွမ်းမိုးနိုင်သဖြင့် များစွာဩဇာကြီးလှသည်။ သူ၏ပြောစကား၊ ရေးသားခဲ့သည့်ကျမ်း၊ သီအိုရီ၊[[သီအိုရီ]]၊ ဒဿန၊ [[စာပေ]] အစရှိသည်တို့ကို နှောင်းခေတ်လူတို့က စံနှုန်းအဖြစ်သတ်မှတ်ကာ ကျင့်သုံးကြသည်။ <ref>ကျော်စွာ(၁၀၀)-[[ဒေါက်တာသန်းထွန်း]]</ref>
 
 
==အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)==