ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၃ -
ထိုသို့ မြေအကြီးအကျယ် လှုတ်သွားတာ အရင်နှစ်ပေါင်း တစ်သန်းက ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ <ref>(မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၁၄) ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲ (၂၀၀၆-ခု၊ ဇူလိုင်၊ ပကြိမ်)</ref>
 
မြန်မာရာဇဝင်ကျမ်းများတွင် ပုပ္ပားတောင်ကို ပုဂံခေတ်အပိုင်း၌[[ပုဂံခေတ်]]အပိုင်း၌ များစွာအရေးထား ဖော်ပြပေးနေသည်မှာ ထိုဒေသ သည် အလွန်ရှေးကျသော ကာလများကတည်းက စဉ်ဆက်မပြတ် လူနေရှိနေခဲ့ကြောင်း၊ အရေးပါသော နေရာဌာန တခုဖြစ်ခဲ့ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်ပါမည်။ ဤသို့ဆိုလျှင် ကျောက်ခေတ်ဦး[[ကျောက်ခေတ်]]ဦး သို့မဟုတ် ကျောက်ခေတ်နှောင်း ကာလ ယဉ်ကျေးမှုစတင်ထွန်းကားစပြုကတည်းက ထူခြားသော တောင်အဖြစ်လည်းကောင်း၊ အားထားကိုးကွယ် လောက်သော (မြင့်မြတ်သော နတ်) တောင်အဖြစ်လည်းကောင်း စဉ်းစားခဲ့ကြမိမည်မှာ ယုံမှားသံသယ ကင်းပါသည်။ တနည်းအားဖြင့် ပုပ္ပားကို နတ်တို့နေရာဟူ၍ လက်ခံယုံကြည်နေလောက်ပြီဟူ၍တည်း။
 
ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန် ရှိပါသည်။ ရာဇဝင်ဆရာတို့အဆိုအရ ပုဂံမင်းတို့ ပုပ္ပားတောင်ကို တလေးတစားပြုနေကြသည်မှာ ပုပ္ပားတောင်၏ အစဉ်အလာ ကြီးခဲ့မှုကြောင့်သာ ဖြစ်ခဲ့ပါသည်။ နတ်တောင်ဟူ၍ အထင်အရှားဖြစ်ရန် နတ်တပါးကို နေရာချထားပေးမှဖြစ်မည်ဟု သဘောပေါက်လာသောအခါ မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် (ပုပ္ပား) တောင်ကြီးကို နတ်နေအဖြစ် ပြောင်းလိုက်ခြင်းဖြင့် လွယ်ကူစွာ ပြီးမြောက်သွားခဲ့လေတော့သည်။ သို့သော် တကောင်းမှ ပန်းပဲမောင်တင့်တယ် ကိုကား ပုဂံသို့ ရောက်ရှိလာအောင်ဇာတ်လမ်းဖော်ရဦးမည် ဖြစ်သတည်း။