နီပေါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၆ -
==ပထဝီဝင်==
 
ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့်[[ဧဝရတ်တောင်]]နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။
 
တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။
 
ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ ပေါက်ရောက်နေသော သစ်တော်တို့သည် ယနေ့တိုင် လူတို့ ထုတ်လုပ်သုံးစွဲခြားမပြုရသေးသော သစ်တော်များဖြစ်သည်။ ထိုပြင် နီပေါနိုင်ငံသည် သံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲ၊ သွပ်စသော ဓာတ်သတ္တုများ ပေါကြွယ်လှ၏။ သို့ရာတွင် ယ်းတို့ကို ထိရောက်စွာ တူးဖော်လုပ်ကိုင်နိုင်ခြင်းမရှိသေးချေ။
နီပေါနိုင်ငံတွင် ဂုန်လျှော်စက်အနည်းငယ်ရှိသည်ကလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ မရှိသလောက်ပင် ဖြစ်သည်။ နီပေါနိုင်ငံ၏မြို့တော်သည် လူဦးရေ ၁၀၉, ၀၀၀ ခန့်သည့် ခတ္တမန္ဒူမြို့ဖြစ်သည်။ အခြားမြို့ကြီးများမှာ ပါထန်မြို့နှင့် ဘတ်ဂါအွန်မြို့တို့ဖြစ်ကြသည်။ ခတ္တမန္ဒူမြို့တော်သို့ ခရီးသည်များသည် ခတ္တမန္ဒူတောင်ကားကို ဖြတ်၍ ဝင်ရောက်နိုင်သည်။ ဥမှေတီးရဟွတ်သို့သွားသော မီးရထားလမ်းဆုံ၊ ရက်ကဇောမြို့မှနေ၍ လမ်းမကြီးတစ်ခုကို ထိုတောင်ကြားတစ်လျှောက် ဖောက်လုပ်ထားသည်။ ၁၉၂၇ ခုနှစ်တွင် ရက်ကဇောမှ အမ္မလက် ဂန့်ဂျသို့ မီးရထားလမ်းဖောက်လုပ်သည်။ ၁၉၅၃ ခုနှစ်၌ ခတ္တမန္ဒူမြို့နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ရန် ၇၉ မိုင်ခန့်ရှည်လျားသော လမ်းမကြီးတစ်ခု ဆောက်လုပ်ပြီးစီးခဲ့လေသည်။
 
 
==လူမှုရေး==