ဗိသုကာပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 138 interwiki links, now provided by Wikidata on d:q12271 (translate me)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃ -
လူတို့ခိုလှုံမှုများတွင် အရေးအကြီးဆုံး [[အဆောက်အအုံ]] မှာ နေအိမ်များဖြစ်ကြ၏ ။ လူတို့သည် အရိုင်းဘဝ၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ဂူကြီးများကို ရှာ ဖွေ နေထိုင်ခဲ့ကြသည် ။ အသိဉာဏ် တစတစ တိုးပွားလာသောအခါ၊ သားရဲတိရစ္ဆာန်တို့၏ ဘေးအန္တရာယ်မှ လုံခြုံရန်၎င်း ၊ နေ၏ အပူရှိန်၊ မိုးပေါက်နှင်းခဲတို့၏ အအေးဒဏ်တို့ ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရန်၎င်း သူတို့၏ ဉာဏ်စွမ်းဖြင့် နေအိမ်များကို ကြံစည်ဆောက်လုပ်ခဲ့ရာမှ အစပြု၍ ဗိသုကာပညာပေါ်ထွန်းလာခဲ့သည် ။ လူတို့သည် ဂူများတွင် ခိုအောင်းနေထိုင်စဉ် အခါမှစ၍ မိမိတို့၏ ဂူများတွင် အနုပညာရပ်များကို ဖော်ပြခဲ့ကြလေရာ ယခုတိုင် ကျောက်ဂူနံရံများတွင် တွေ့ရှိနိုင်သည် ။ ''ဤကား ဗိသုကာပညာဖြင့် စတင် အမွှမ်းတင်ခြင်းဖြစ်သည် ။''
 
နိုင်ငံတနိုင်ငံ၏ ဗိသုကာ အနုပညာ လက်ရာများသည် ထိုနိုင်ငံ၏အယူဝါဒ၊ [[ရာသီဥတု]] နှင့် ထိုဒေသ၌ ရရှိနိုင်သော အဆောက်အအုံပစ္စည်းများပေါ်တွင် အမှီပြုကြ၏ ။ ပုံစံဆိုသော် ကျောက်ပေါများသော နိုင်ငံတွင် ကျောက်များ ဆစ်၍ တည်ဆောက်သော ဗိသုကာလက်ရာများကို တွေ့ရ၏ ။ ဂရိနိုင်ငံ၌[[ဂရိ]]နိုင်ငံ၌ ကျောက်များဖြင့်တည်ဆောက်ထားသော ပါသီနွန် စသည့် ဂရိ ဗိသုကာ လက်ရာများကို ယခုတိုင်
တွေ့မြင် နိုင်သေးသည် ။ သစ်ဝါးပေါများသော မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ[[ဂျပန်]]နိုင်ငံ စသည့် နိုင်ငံများတွင် သစ်ဝါးနှင့် အများဆုံး တည်ဆောက်ခဲ့ကြသည် ။
 
အဆောက်အအုံ၏ စနစ်ပုံစံများမှာလည်း ရာသီဥတုအလိုက် တည်ဆောက်ကြ၏ ။ နေအလွန် ပူပြင်းသော နိုင်ငံများတွင် နေရောင်ကာ တန်စက်မြိတ်များထုတ်၍ ဆောက်ခြင်းဖြင့် နေပူရှိန်ကို အကွယ်အကာ ပြုကြ၏ ။ မိုးအလွန်အားကြီးသော ဒေသများတွင် ရေဆင်းလွယ်ကူသော ခေါင်ဆင်းများကို စောက်စောက် ဆောက်လုပ်ကြ၏ ။ ရာသီဥတု အေးသော တိုင်းပြည်များတွင် ခေါင်ပြန့်များ နှင့်သာ တည်ဆောက်ကြလေသည် ။
 
ဗိသုကာပညာကို လေ့လာရာ၌ ကမ္ဘာ့သမိုင်းကိုပါ ယှဉ်တွဲလေ့လာသင့်သည် ။ [[သမိုင်း]] ကို လေ့လာခြင်းဖြင့် ဗိသုကာများ အဆောက်အအုံ ပုံစံထုတ်လုပ်ရာ၌ များစွာ အထောက်အကူပြုသည် ။ လွန်ခဲ့သော အနှစ် ၁၀ဝ ကျော်ခန့်အထိ ဖြစ်သော ဗိသုကာ လက်ရာများသည် ရှေးဟောင်းပုံစံများကို အခြေခံထား၍ ဆောက်လုပ်ထားကြသည် ။ ရှေးဗိသုကာပညာကို ထိန်းသိမ်းသည့် သဘောပင်ဖြစ်သည် ။ '''အနောက်နိုင်ငံ ဗိသုကာ ပညာ''' ၏ အရင်းအမြစ်ကို လိုက်မူ မြေထဲပင်လယ်ဒေသ ၊ တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ် ၂ မြွှာဒေသ ၊ [[အီဂျစ်နိုင်ငံ]] နိုင်းမြစ်ဝှမ်းဒေသတို့တွင် တွေ့ရ ပေမည် ။ [[ဘီစီ]] ၄ ဝ၀ဝ ခန့်ကပင် စတင်၍ မြေထဲပင်လယ်ဒေသ၌[[မြေထဲပင်လယ်]]ဒေသ၌ ကျောက်တုံးများဖြင့် နေအိမ် ၊ ဘုရားကျောင်း ၊ ဂူသင်္ချိုင်း စသည်တို့ကို ဆောက်လုပ်၍ ရုပ်လုံးများ ခပ်ကြမ်းကြမ်း ထွင်းထု ခြယ်သထားသည်ကို တွေ ့ရသည် ။<sup> [၁] </sup>
 
 
== မြန်မာဗိသုကာပညာ ==