အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး suggest to merge
No edit summary
စာကြောင်း ၄ -
[[File:Islam.1.jpg|frame|right|ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာဟ်မြို့ရှိ ကာအ်ဘာသည် အစ္စလာမ်ဘာသာ၏ ဗဟိုဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားရှိ မွတ်စလင်များ လာရောက်စုရုံးဝတ်ပြုရာနေရာလည်း ဖြစ်သည်။]]
 
အစ္စလာမ် (အာရပ်ဘာသာဖြင့်-အယ်အလ်-အစ္စလာမ် (الإسلام‎ al-’islām )၊ အသံထွက် (အစ္စလာမ်) [ʔislæːm] (နားဆင်ရန်)[မှတ်ချက် ၁])သည် ကိုးကွယ်ယုံကြည်သူ နောက်လိုက်များက ဘုရားသခင်(အလ္လာဟ်)၏ အမိန့်တော်အဖြစ် သတ်မှတ်ထားခြင်းခံထားရသည့် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ်ဘာသာ၏ နောက်ဆုံးတမန်တော်ဖြစ်သော မုဟမ္မဒ်၏ သင်ကြားပို့ချချက်များ(ဟဒီးဆ်)နှင့် အနေအထိုင်၊ အလေ့အထများ(ဆွန္နသ်)ပေါ် အခြေခံထားသော ဘုရားတစ်ဆူတည်းရှိ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်ဆိုသော စကားလုံးမှာ "ဘုရားသခင်ထံပါးတွင် ကျိုးနွံနိမ့်ချခြင်း"၊ "ငြိမ်းချမ်းမှု"၊ "ငြိမ်းချမ်းရာ လမ်းကြောင်း" ဟူ၍လည်း အဓိပ္ပါယ်ရသည်။ အစ္စလာမ်ဘာသာကို လိုက်နာကိုးကွယ်သူများအား မွတ်စလင်ဟု ခေါ်သည်။ (အစ္စလာမ်ဘာသာဝင်များအား မွတ်စလင်ဟု ခေါ်ဆိုသောကြောင့် မွတ်စလင်ဘာသာဟု ခေါ်ဆိုသုံးနှုံးလျှင် မှားမည်ဖြစ်သည်။) [http://islam.about.com/od/basicbeliefs/p/intro.htm]
 
မွတ်စလင်များသည် ဘုရားသခင်အား တစ်ပါးတည်းဖြစ်ပြီး တုဖက်နှိုင်းယှဉ်စရာ မရှိဟု ယုံကြည်ကြသည်။ ထို့အပြင် ၎င်းတို့၏ ဘာသာသည် တမန်တော် အေဗရာဟင်၊ မိုးဇက်(မူဆာ)နှင့် ဂျီးဇက်(အီဆာ)တို့ မပေါ်ပေါက်မှီ ရှေးယခင် ခေတ်ကာလ များစွာကတည်းက ကမ္ဘာအနှံ့ တည်ရှိခဲ့သည့် အပြီးပြည့်စုံဆုံးသော ဘာသာဟုလည်း ယုံကြည်ကြသည်။ ကုရ်အာန်မတိုင်မှီ အခြားသော ဘုရားသခင်၏ ကျမ်းစာများဖြစ်သည့် ဇဗူရ်(Zaboor)၊ တောင်ရသ်(Torah)နှင့် သမ္မာ(Bible)ကျမ်းစာများသည် အချိန်ကာလကြာမြင့်၍ ပြောင်းလဲယိုယွင်းခဲ့ပြီး ကုရ်အာန်ကျမ်းစာသာလျှင် တစ်ခုတည်းသော ပြောင်းလဲခြင်းမရှိသည့် ဘုရားသခင်၏ နောက်ဆုံးပိတ် ကျမ်းစာဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။ အခြားသော ဘာသာရေး စည်းမျဉ်းကျင့်ကြံမှုများမှာ ဘာသာဝင်တိုင်း မလုပ်မနေရဖြစ်သည့် အခြေခံမဏ္ဍိုင်ကြီးငါးရပ်နှင့် အစ္စလာမ်တရားဥပဒေ(ရှရီအသ်)နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းတို့ ဖြစ်သည်။ အစ္စလာမ့်တရားဥပဒေသည် ဘဏ်လုပ်ငန်း၊ လူမူဘဝဖူလုံရေးမှအစ စစ်ရေးစစ်ရာများနှင့် ပတ်ဝန်းကျင်ရေးရာအဆုံး လူ့အဖွဲ့အစည်းနှင့် လူနေမှုဘဝ ကဏ္ဍအားလုံးနီးပါးကို လွှမ်းခြုံသုံးသပ်ထားသည်။