နိုင်းမြစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
နိုင်းမြစ်ဝှမ်းသည် ကမ္ဘာပေါ်တွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ရန် မြေဩဇာ အကောင်းဆုံးသော ဒေသများတွင် အပါအဝင်ဖြစ်၍ ဘီစီ ၅၀၀၀ ခန့်ကပင် အီဂျစ်တောင်သူလယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ နှစ်စဉ် နွေရာသီနှောင်း ကာလများတွင် နိုင်းမ်ြစသည် ပတ်ဝန်းကျင် မြေနိမ့်ဒေသတခွင်ကို ရေလွှမ်းမိုးလေ့ရှိသည်။ ယင်းသို့ လျှံတက်လာသော မြစ်ရေများ ပြန်လည်ကျဆင်းသွားသောအခါ ထိုမြေနိမ့်ဒေသများတွင် နုံးတင်မြေနု၊ မြေဆီမြေနှစ်များ တင်ကျန်ခဲ့လေသည်။
 
နိုင်းမြစ်ရေလွှမ်းမိုးခြင်း၏ အကျိုးကျေးဇူးကို နှစ်စဉ်နှစ်တိုင်း အထူးခံစားရသော ဒေသမှာ အက်ဆူးဝန်မြို့၏ မြောက်ဘက်ဒေသပင် ဖြစ်သည်။ အက်ဆူးဝန်တွင် ဆည်ရိုးကြီးတစ်ခု ဆောက်လုပ်ထားသည်။ နိုင်းမြစ်ဝှမ်းမှ ဝါဂွမ်းတစ်ဧကထွက်သည် အမေရိကန်ပြည်ထောင်စုမှ[[အမေရိကန်ပြည်ထောင်စု]]မှ ဝါဂွမ်းတစ်ဧကထွက်၏ နှစ်ဆခွဲခန့်ရှိသည်။ နိုင်းမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ ထူထပ်သည်။ မြေဩဇာ ထက်သန်သည့် မြေတစ်လက်မမျှပင်မချန် တနှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။ နွေရာသီတွင် ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ နိုင်းမြစ်ဝှမ်း၌ ဆောင်းရာသီတွင် ဂျုံ၊ မုယောစပါး၊ ကလိုဗာပဲပင်၊ ပဲတောင့်နှင့် ဟင်းသီးဟင်းရွက် စသည်တို့ကို စိုက်ပျိုး၍ နွေရာသီတွင် အများအားဖြင့် ဖူးပြောင်း၊ ကြံနှင့် ဝါဂွမ်း စသည်တို့ကို စိုက်ပျိုးကြသည်။
 
နိုင်းမြစ်ကမ်းပါး တလျှောက်တွင် ကမ္ဘာ့ယဉ်ကျေးမှု အစပြုခဲ့သည်ဟု ဆိုနိုင်သည်။ အီဂျစ်နိုင်ငံနှင့် ဆူဒန်နိုင်ငံတို့အပေါ်တွင် နိုင်းမြစ်၏ ကျေးဇူးကား ကြီးမားလှပေသည်။ မြေကြီးကို မြေဩဇာ ထက်သန်စေရန်နှင့် ရေသွင်းစိုက်ပျိုးရန်အတွက် လိုအပ်သမျှ ရေကို ရရှိစေရန် နိုင်းမြစ်သည် နှစ်စဉ်ရေလျှံခြင်း မရှိခဲ့သော် ပတ်ဝန်းကျင် ဒေသတစ်ခုလုံးသည် သဲကန္တာရအတိ ဖြစ်သွားဖွယ်ရှိသည်။