ကံချွန် (ကာတွန်း): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၇ -
သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။ သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။ မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။
 
ဘ၊ ဘွားစွာ၊ဖွားစွာ၊ ကိုပါရာ၊ ကျော်မင်းဟန် အမည်ရှိ [[ကာတွန်းဇာတ်ကောင်]]များ ပါဝင်သော ကာတွန်းဇာတ်လမ်းများကို ပုံပမာ၊ ရုပ်စုံကမ္ဘာ၊ တွတ်ပီကမ္ဘာ အစရှိသည့် ကာတွန်းရုပ်စုံများတွင် ရေးဆွဲခဲ့သည်။ ယင်းအပြင် အဆိုပါ ကာတွန်းဇာတ်ကောင်များ ပါဝင်သော လုံချင်းကာတွန်းစာအုပ်များလည်း ထုတ်ဝေခဲ့သေးသည်။
 
* သူ၏ ပန်းချီပြပွဲတွင်[[ပန်းချီပြပွဲ]]တွင် '''ကိုယ်တိုင်ရေး ကိုယ်ရေးရာဇဝင်''' ကို ဖော်ပြလိုက်ပါသည်။
== ကံချွန်ကပြောသော ကံချွန်ဆိုသည်မှာ ==
'''ကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ VCD ရိုက်ကူးခဲ့တယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။ ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။ အဖနဲ့ အမိ ဦးဘဌေး- ဒေါ်အေးရွှင်။ မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။ မွေးချင်း ဘိုမောင်(ကာတွန်းဆရာ)၊ လှဝင်း(ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီး[[စိန်စိန်ဦး]]၊ သမက် ကိုမြင့်အောင်(ထုတ်ဝေသူ)၊ မြေး -မောင်အောင်မျိုးဦး၊ မောင်အောင်မင်းဦး၊ မနှင်းပွင့်ဖြူ''' <br />