ရှေးဟောင်းအီဂျစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၃ -
အုပ်ချုပ်ရေးအနေဖြင့် ဖာရိုး(Pharoah) ဘုရင်များသည် [[သက်ဦးဆံပိုင်စနစ်]]ဖြင့် အုပ်ချုပ်ကြပြီး အလွန်ဩဇာကြီးကြသည်။ ဖာရိုးဘုရင်တို့သည်ရေး(နေနတ်ဘုရား)မှ တိုက်ရိုက်ဆင်းသက်လာသည့် သားတော်များဟု ယုံကြည်မှုဖြင့် ဘုရင်များသည့် အုပ်ချုပ်ရေးအရသာမက ဘာသာရေးအရပါ အကြီးအကဲဖြစ်လာတော့သည်။ ထိုသို့ ထီးနန်းအာဏာ ခိုင်မြဲရေးနှင့် မြင့်မြတ်သော အနွယ်သွေးကို ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သွေးနှောခြင်းကို ကာကွယ်ရန်အတွက် ဘုရင်တို့သည် အရပ်သူအရပ်သားများနှင့် လက်ဆက်ခြင်းမှ ရှောင်ရှားကာ ဆွေမျိုးအချင်းချင်း အရင်းအခြာများပါမကျန် သွေးနီး၊သွေးဝေး အမျိုးအဆွေအချင်းချင်းသာ လက်ထပ်ကြသည်။
 
အဆိုပါ ဖာရိုးမင်းများ နောက် ဒုတိယနေရာမှ ဘုန်းတန်ခိုးကြီးစိုးသူများမှာ မင်းညီမင်းသားများ၊ ထိုနောက်တွင်မှ ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး)များ၊ထိုနောက်တွင်မှ မင်းမှုထမ်းများ၊ ထိုနောက်တွင်မှ စာရေးစာချီများ၊ ထိုနောက်မှ ထူချွန်သောထူးချွန်သော လက်မှုပညာရှင်များ၊ ထိုနောက်မှ လယ်သမားများ စသဖြင့် အဆင့်ဆင့် အတန်းအစားခွဲခြားထားသည်။
 
ဖာရိုးတို့၏ နန်းတော်သည် အလွန်ခန်းနားကြသည်မှာ ပြောရန်မလိုပေ။ ထိုနည်းတူပင် နယ်စားများ၏ အိမ်ဂေဟာမှာလည်း အဖိုးတန်အိမ်ကြီးအိမ်ကောင်းများ၊ဥယျာဉ်ခြံမြေများဖြင့် ထည်ဝါကြသည်သာ ဖြစ်သည်။ စည်းစိမ်ကိုလည်း ရက်ရက်ရောရောခံစားကြသည်။ သို့သော် ပြည်သူတို့၏ လူနေမှုမှာမူ အုပ်စိုးသူလူတန်းစားနှင့် အထူးကွာခြားသည်ဟု ဆိုနိုင်သည်။ သာမာန်ပြည်သူတို့မှာ အလွန်ပင်ဆင်းရဲကြရှာသည်။