အီးအဲလ် ဂျိမ်း: တည်းဖြတ်မှု မူကွဲများ

"အီးအဲလ် ဂျိမ်း..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''အီးအဲလ် ဂျိမ်း''' (({{lang-en||E. L. James}}) ဆိုသူမှာ ဗြိတိန်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ Fifty Shades of Grey စာအုပ်ဖြင့် အောင်မြင်ထင်ရှားလာသည့် စာရေးဆရာမတစ်ဦးဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအသားပေးထားသည့် အချစ်ဇာတ်လမ်းများကို ရေးသားထားခြင်းဖြစ်ပြီး စာအုပ်အရေအတွက်ပေါင်း ၁၂၅ သန်းခန့်ရောင်းချခဲ့ရသည်။ အမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့တွင် စာအုပ်အရေအတွက်ပေါင်း ၃၅ သန်းခန့်ကို ရောင်းချခဲ့ရပြီး ဗြိတိန်နိုင်ငံ၏ အချိန်အတိုအတွင်းရောင်းအားကောင်းခဲ့သည့် အရောင်းရဆုံးစာရေးဆရာစာရင်း မှတ်တမ်းသို့ဝင်ခဲ့သည်။ ကမ္ဘာကို လွှမ်းမိုးထားခဲ့သည့် လူ ၁၀ဝ စာရင်းတွင် ဂျိမ်းကို တိုင်းစ်မဂ္ဂဇင်း(Times)က ၂၀၁၂ ခုနှစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။
 
၁၉၆၃ ခုနှစ် မတ်လ ၇ တွင် ဂျိမ်းကို လန်ဒန်မြို့၌ မွေးဖွားခဲ့သည်။ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ University of Kent တွင် သမိုင်းပညာရပ်ကို လေ့လာ သင်ယူခဲ့သည်။ ဂျိမ်း၏ ဖခင်ဖြစ်သူမှာ ဘီဘီစီ၏ ကင်မရာဆရာတစ်ဦးဖြစ်ပြီး သူမသည်လည်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့သည်။