ဆဲလ်မာ လော့ခ်ဂေလော့ဖ်: တည်းဖြတ်မှု မူကွဲများ

"ဆဲလ်မာ လော့ခ်ဂ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''ဆဲလ်မာ လော့ခ်ဂေလော့ဖ်''' ({{lang-en|Selma Lagerlöf}}) ဆိုသူမှာ ဆွိဒင်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ပထမဦးဆုံးရရှိသော အမျိုးသမီးစာရေးဆရာမဖြစ်သည်။ လော့ခ် ဂေလော့ဖ်ကို The Wonderful Adventures of Nils စာအုပ်ဖြင့် လူသိများသည်။ ထိုစာအုပ်သည် ကလေးစာပေ ဆိုင်ရာစာအုပ်ဖြစ်သည်။
 
လော့ခ်ဂေလော့ဖ်ကို ၁၈၅၈ ခုနှစ်တွင် အနောက်ဆွိဒင်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ကျန်းမာရေးချို့ငဲခဲ့သည်။ စာဖတ်ခြင်းကို ချစ်မြတ်နိုးခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တတ်သည့် ကလေးတစ်ဦးဖြစ်ခဲ့သည်။ ကျောင်းဆရာမအလုပ်ကို ၁၈၈၅ ခုနှစ် မှ ၁၈၉၅ ခုနှစ်အထိ ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် သူမ၏စာပေရေးသားမှုများကို အထောက်အကူပြု ခဲ့သည်။ သူမ၏ ပထမဆုံးဝတ္ထုမှာ Gosta Berling’s Saga ဖြစ်သည်။ ယင်းဝတ္ထုကို ကျောင်းဆရာမဘဝတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ စာပေစတင်ရေးသားချိန်တွင်ပင် သူမသည် အောင်မြင်မှု ရရှိခဲ့သည်။ စာပေရေးသားနိုင်ရန် ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ဆိုဖီရာ အဲလ်ခမ်း ဆိုသူ စာရေးဆရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ စာပေလုပ်ငန်းများကို အတူလက်တွဲ လုပ်ကိုင်ခဲ့သည်။ အဲလ်ခမ်း၏ စာပေသြဇာသည် လော့ခ်ဂေလော့ဖ်၏ စာပေလက်ရာများအပေါ် လွမ်းမိုးခဲ့သည်။