ပရိုဆီမာ စင်တောရိ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:New_shot_of_Proxima_Centauri,_our_nearest_neighbour.jpg|245px|thumb|Hubble မှ ရိုက်ယူထားသော အယ်လဖာ စင်တောရိ]]
 
'''ပရိုဆီမာ စင်တောရိ''' ({{lang-en|Proxima Centauri}}; {{lang-la|''proxima''}}၊ လက်တင်ဘာသာဖြင့် ပရိုဆီမာဆိုသည်မှာ အနီးဆုံးဟု အဓိပ္ပာယ်ရသည်) ကြယ်သည် [[နေ]]မှ [[အလင်းနှစ်]] ၄.၂ ကွာဝေးပြီး စင်တောရပ် ကြယ်စုတန်းထဲမှ ကြယ်ပုနီ (red dwarf) ကြယ်တစ်စင်း ဖြစ်သည်။ ၁၉၁၅ ခုနှစ်တွင် စကောလူမျိုး နက္ခတ္တပညာရှင် Robert Innes ဆိုသူက ရှာဖွေတွေ့ရှိခဲ့ပါသည်။ သာမန်မျက်စိဖြင့် ကြည့်ပါက များစွာမှိန်နေမည်ဖြစ်သော်လည်း ပရိုဆီမာ စင်တောရိသည် အနီးဆုံးကြယ်ဖြစ်သည်။ ပရိုဆီမာ စင်တောရိသည် သုံးပွင့်ဆိုင်ကြယ်စနစ်၏ ကြယ်တစ်စင်းဖြစ်နေပုံပေါ်သည်။ အဖော်ကြယ်နှစ်စင်းမှာ Alpha Centauri A နှင့် B တို့ဖြစ်ပြီး သူတို့၏ ပတ်လမ်းကြာမြင့်ချိန်မှာ နှစ်ပေါင်း (၅ဝဝဝဝဝ) ပိုမိုများပြားသည်။
 
ပရိုဆီမာ စင်တောရိကြယ်၏ အချင်းကို တိုက်ရိုက်တိုင်းတာနိုင်သောကြောင့် နေ၏ ခုနှစ်ပုံတစ်ပုံရှိသည်ဟု သိရသည်။ ထုထည်မှာ နေ၏ ၈ ပုံ ၁ ပုံရှိကာ ပျမ်းမျှသိပ်သည်းဆမှာ နေ၏ အဆ ၄ဝ ဖြစ်သည်။ ယင်းသည် တောက်ပမှု နည်းပါးသော်လည်း သံလိုက်လှုပ်ရှားမှုများကြောင့် တခါတလေ ပိုမိုတောက်ပလာသည်။ [[စွမ်းအင်]] ထုတ်လွှတ်မှုနည်းပါးသောကြောင့် ပရိုဆီမာ စင်တောရိကြယ်၏ သက်တမ်းသည် နောင်နှစ်ပေါင်း ၄ ထရီလီယံခန့်[[ထရီလီယံ]]ခန့် ရှည်ကြာမည်ဖြစ်သည်။ သို့မဟုတ် ယခုလက်ရှိ[[စကြာဝဠာ]]၏ သက်တမ်းထက် အဆပေါင်း (၃ဝဝ) ဖြစ်သည်။
 
ပရိုဆီမာ စင်တောရိအနားမှ လှည့်ပတ်နေသော[[ဂြိုဟ်]]များအား ရှာဖွေရာတွင် အောင်မြင်မှု မရရှိခဲ့ပေ။ ထိုသို့လေ့လာရန် သိပ္ပံ ပစ္စည်းကိရိယာအသစ်များ လိုအပ်ပေလိမ့်မည်။ ပရိုဆီမာ စင်တောရိသည် ကြယ်ပုနီဖြစ်သောကြောင့် အနီးအနားတွင်လှည့်ပတ်မည့် သက်ရှိများရှင်သန်နိုင်သည့်ဂြိုဟ်မှာ အငြင်းပွားစရာ ဖြစ်သည်။ သို့စေကာမူ ကြယ်၏အကွာအဝေးသည် ကမ္ဘာနှင့်နီးကပ်သောကြောင့် ကြယ်တာရာခရီးသွားရန် အဆိုပြုခံထားရပါသည်။