ဝီကီပီးဒီးယား:အကြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၃ -
ဝီကီပီးဒီးယားသည် ဝါဒဖြန့်ရန်၊ ကြော်ငြာရန်၊ ကြွားဝါရန် နေရာမဟုတ်ပါ။
* စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အားကစားနှင့် အခြားသော အရာများ အတွက် ဝါဒဖြန့်ချီရန်၊ လူရှာရန် နေရာမဟုတ်ပါ။ ဆောင်းပါး တစ်ခုတွင် ထိုသို့သော အရာများကို ရေးသားနိုင်သော်လည်း ဘက်မလိုက်ပဲ ကြားလူအနေနှင့် ရေးသားသင့်ပါသည်။ သင်၏ အကြိုက်ဆုံးအမြင်ကို လူအများအား သိစေလိုပါက ဘလော့ခ်တစ်ခုကို ကိုယ့်ဘာသာကိုယ် စတင်ရေးသားနိုင်သလို သို့မဟုတ် ဖိုရမ်များတွင် ဝင်ရောက် ဆွေးနွေးခြင်းဖြင့် အခြားသူများကို သိအောင် လုပ်နိုင်ပါသည်။
*အချို့သော ခေါင်းစဉ်များ အထူးသဖြင့် လက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာများ နှင့် နိုင်ငံရေး စသည်တို့သည် လူတို့၏ စိတ်လှုပ်ရှားမှုကို ဖြစ်စေသကဲ့သို့ သင်အနှစ်သက်ဆုံးသော ဘက်ကို သိသိသာသာ ဘက်လိုက်၍ ရေးသားခြင်း ဖြစ်စေနိုင်ပါသည်။ ဝီကီပီးဒီးယားသည် သင်၏ အမြင်ကို ဘက်လိုက် ဖော်ပြန်ရန် နေရာဟုတ်ပါ။နေရာမဟုတ်ပါ။ ဆောင်းပါးများတွင် ဟိုဘက်ဒီဘက် နှစ်ဘက်စလုံး အမြင်ကို တင်ပြသင့်ပါသည်။ ထို့အပြင် အချိန်ကြာသော်လည်း အခြားသူများအတွက် အကျိုးရှိမည့် ခေါင်းစဉ်မျိုးကို ရေးသားရန် လိုအပ်ပါသည်။ သတင်းသက်သက် ကို မရေးသားရန် မေတ္တာရပ်ခံပါသည်။
* သက်ရှိထင်ရှား ရှိနေသောသူများ၏ အကြောင်းကို ရေးရာတွင် ဆောင်းပါး၏ အရည်အသွေး အလွန်မြင့်မားရန်နှင့် တခြားလူပုဂ္ဂိုလ်တို့၏ ပရိုက်ဗေစီကို လေးစားရန် လိုအပ်ပါသည်။ သက်ရှိထင်ရှားလူတို့၏ အတင်းအဖျင်းများကို ဖြန့်ဖြူးရန်နှင့် အခြားသူများ၏ ဂုဏ်သရေကို ညှိုးနွမ်းစေရန် တမင်သက်သက် တိုက်ခိုက်ခြင်းမျိုး မဖြစ်စေရန် လိုအပ်ပါသည်။
* မိမိ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားရန် နေရာမဟုတ်ပါ။ ဝီကီပီးဒီးယားတွင် ပါရှိသော လူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများသည် ဝီကီပီးဒီးယားတွင် ပါရှိရန် [[:en:Wikipedia:Notability]] ၊ [[:en:Wikipedia:Conflict of interest]] အစရှိသော လမ်းညွှန်ချက်များနှင့် ကိုက်ညီရပါမည်။ အတိုချုံးပြောရလျှင် သတင်းစာ၊ ဂျာနယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်း အပို့မခံရသူ တစ်ယောက် အနေနှင့် ဝီကီပီးဒီးယားတွင် အတ္ထုပ္ပတ္တိ ပါဝင်ရန် လိုအပ်ချက်နှင့် မကိုက်ညီပါ။