ဂယ်လီလီယို: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
* ခေတ်အဆက်ဆက်က သိပ္ပံသမားတို့က လက်ခံယုံကြည်လာသည့် အရစ္စတိုတယ်လ် မိန့်ဆိုချက်ဖြစ်သော "ပစ္စည်းတစ်ခုနှင့် တစ်ခုအလေးချိန်မတူလျှင် အမြင့်မှအောက်သို့ ကျသည့်နှုန်းလည်းမတူ၊ ကွာခြားသည်။" ဆိုသည့် ယုံကြည်ချက်အမှားကို လက်တွေ့စမ်းသပ်ပြီး ခြေဖျက်ကာ ကျနှုန်းတူကြောင်း သက်သေပြခဲ့သည်။ ထိုအခြင်းအရာနှင့် ပတ်သတ်သည့် နိယာမများ၊ တွက်နည်းတွက်ကိန်းများ၊ သီအိုရီများကို ပါဖော်ထုတ်ပေးခဲ့သည်။
* [[အင်နားရှား]] (Inertia) သဘောကို ရှာဖွေတွေ့ရှိခြင်းသည်လည်း ခေတ်သစ်သိပ္ပံပညာတွင် အရေးပါသည့် အခြင်းအရာဖြစ်သည်။ ထိုမှ [[အင်နားရှားနိယာမ]] (Law of Inertia) ကို ဖော်ထုတ်သတ်မှတ်နိုင်သည်။ ၄င်းမှဆင့်ပွားပြီး [[နယူတန်]]၏ [[နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမများ#၁။ နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ပထမနိယာမ|ပထမရွေ့လျားမှုနိယာမ]] (The First Law of Motion) တွင်ထည့်သွင်း နိုင်ခြင်းဖြစ်သည်။
* အရေးအကြီးဆုံး တွေ့ရှိချက်မှာ [[နက္ခတ္တဗေဒ]]တွင်ဖြစ်သည်။ ၁၆၀ဝ ဝန်းကျင်ကပင် နက္ခတ်ပညာရပ်တွင် ကောပါးနိကပ်စ် (Copernicus) ၏အယူအစသစ်နှင့် ပတ်သတ်ပြီး ပညာရှင်အမည်ခံသူတို့ မပြတ်တမ်းငြင်းခုံနေမှုတို့ကို အဆုံးသတ်စေခဲ့ခြင်းဖြစ်သည်။ ကော်ပါးနိကပ်စ်၏[[ကော်ပါးနိကပ်စ်]]၏ နေဗဟိုပြုသီအိုရီ (Heliocentric Theory) မှန်ကန်ကြောင်း သတ်သေပြခဲ့ခြင်းဖြစ်သည်။ ၁၆၀၄ စောစောပိုင်းကပင် ဂယ်လီလီယိုက နှုတ်ဖြင့် ပြောဆိုထောက်ခံခဲ့သော်လည်း တိကျသည့် အထောက်အထား တင်ပြနိုင်သည်မဟုတ်သည့်အတွက်ကြောင့် ငြင်းခုံစဲဖြစ်သည်။ ၁၆၀၉ တွင် ဟောလန်၌ နက္ခတ်မှန်ပြောင်း တီထွင်အောင်မြင်ကြောင်းသိလျှင် နည်းနာယူပြီး ပိုမိုအဆင့်မြှင့်သည့် မှန်ပြောင်းကို တီထွင်ကာ အထက်ပါ နေဗဟိုပြုသီအိုရီကို ထင်ရှားအောင် သက်သေပြနိုင်ခဲ့သည်။ ထိုနှစ်အနည်းငယ်အတွင်းမှာပင် နက္ခတဗေဒနှင့်ပတ်သတ်သည့် တွေ့ရှိချက်တစ်ပုံတစ်ပင်ကို ဆက်ကာဆက်ကာ ဖော်ထုတ်ခဲ့သည်။
 
== ရူပဗေဒ ==