စကြဝဠာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၅ -
ရှေးလူများသည် စကြဝဠာ အကြောင်းကို သူတို့သိသမျှ အမျိုးမျိုး ရှင်းလင်းဖော်ပြခဲ့ကြသည်။ ဤသို့ဖော်ပြကြရာမှ ပုံဝတ္ထု အမြောက်အမြား ထွက်ပေါ်လာခဲ့လေသည်။ ရှေးသိုးဆောင်းနိုင်ငံများတွင် အချို့က စကြဝဠာသည် ကုန်းလိပ်ကြီး၏ ကျောပေါ်၌ ဟန်လျက် တည်ရှိနေသည်ဟု ယုံကြည်ကြသည်။ ဂရိလူမျိုးတို့က ကမ္ဘာကို အက်တလတ်ဆိုသည့် နတ်က ပခုံးပေါ်၌ တင်ထားသည်ဟု ယုံကြည်ကြသည်။ ရှေးလူတို့သည်များသောအားဖြင့် စကြဝဠာ ဗဟို၌ ကမ္ဘာမြေ တည်ရှိသည်ဟု ထင်မှတ်ကြသည်။ နေ၊လ၊ကြယ်တို့သည် ကမ္ဘာကို လှည့်ပတ်၍ သွားကြသည်ဟု ယုံကြည်ကြသည်။ အချို့က ကမ္ဘာမြေကြီး ပြားသည်ဟု ယုံကြည်ကြ၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်သို့ ခရီးဝေးဝေးသွားလျှင် ကမ္ဘာအစွန်းမှ လိမ့်ကျလိမ့်မည်ဟု ယုံကြည်ကြလေသည်။
 
လူများသည် တဖြည်းဖြည်း စကြဝဠာ အကြောင်းကို ပို၍ နားလည်လာကြ၏။ ခရစ် ၁၄ဝဝ နှင့် ၁၅ဝဝ ပြည့်နှစ်များ အတွင်း၌ အနောက်နိုင်ငံသားတို့သည် နယ်သစ်များကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းကြောင့် လူတို့သည် ကမ္ဘာမြေကြီး၏ သာမန် ပုံသဏ္ဌာန်ကို သိရှိလာကြသည်။ နက္ခတ္တဗေဒပါရဂူများ ဖြစ်ကြသော [[ကော့ပါးနီးကပ်ကော်ပါးနိကပ်စ်]]၊ [[ပိုက်သာဂိုးရပ်]]၊ [[ဂယ်လီလေအိုဂယ်လီလီယို]]၊ [[ကက်ပလာဂျိုဟန်နက်စ် ကပ်ပလာ|ကပ်ပလာ]]၊ [[နယူတန်]]တို့၏ သိမှုတွေ့မှုများကြောင့် ကမ္ဘာမြေကြီးသည် စကြဝဠာ၏ ဗဟို၌ မရှိကြောင်းကို နားလည်လာကြသည်။
 
 
ကမ္ဘာမြေကြီးသည် မြောက်မြားစွာသောဂြိုဟ်များအနက် တစ်ခုမျှသာ ဖြစ်၍ ထိုဂြိုဟ်များအားလုံးက နေကိုလှည့်ပတ်လျက် သွားလာ နေကြောင်းကိုပါသွားလာနေကြောင်းကိုပါ သိလာကြသည်။ ထို့ပြင် နေသည် နဂါးငွေ့ တန်းအတွင်းရှိ အသိန်းအသန်းပေါင်း များစွာသော ကြယ်တို့အနက် အလယ်အလတ်တန်းစား ကြယ်တစ်လုံးမျှသာ ဖြစ်ကြောင်းကိုလည်း သိလာကြသည်။
 
 
မျက်မှောက်ခေတ် နက္ခတ္တဗေဒပညာရှင်များသည် စကြဝဠာကို ပို၍ နက်နဲစွာ ကြံဆကြသည်။ စကြဝဠာတွင် ကြယ်တို့သည် အခရာဖြစ်ကြောင်း သူတို့သိရှိကြသည်။ ကြယ်များ စုပြုံလျက်ရှိရာဖြစ်သော [[နဂါးငွေ့တန်း ဂယ်လက်ဆီ]]အတွင်း၌ ကျွန်ုပ်တို့ ကမ္ဘာမြေ ရှိသည်။ နဂါးငွေ့အတွင်း၌ ကြယ်အများအပြားရှိသကဲ့သို့ စကြာဝဠာ အတွင်း၌လည်း နဂါးငွေ့အများအပြားရှိသည်ကို နက္ခတ္တ ဗေဒပညာရှင်များနက္ခတ္တဗေဒပညာရှင်များ ယခုအခါ သိလာကြပေပြီ။ ထိုနဂါးငွေ့များ အားလုံး စုပေါင်း၍ ဖြစ်သော စကြဝဠာကြီး၏ အရွယ်ပမာဏကို တိုင်းတာသောအခါ [[အလင်းနှစ်]] အသန်းအထောင်နှင့် တိုင်းတာရပေသည်။ အလင်းနှစ်ဆိုသည်မှာ တစ်နှစ်အတွင်း အလင်းသွားသည့်ခရီးကို ဆိုလိုသည်။ အလင်းသည် တစ်စက္ကန့်၌ မိုင်ပေါင်း ၁၈၆,ဝဝဝ သွားသည်။ အလင်းနှစ် တစ်နှစ်သည် မိုင်ပေါင်း ခြောက်တြီလယန်နှင့်ခြောက်[[ထရီလီယံ]]နှင့် ညီမျှသည်။တစ်တြီလယန်သည် အင်္ဂလိပ် စံနစ်အရ တစ်နောက် သုညဆယ့်ရှစ်လုံး ပါသည်။ အမေရိကန် နိုင်ငံ၊အမေရိကန်နိုင်ငံ၊ မောင့်ဝီလဆင် နက္ခတ်မျှော်စင်၌ အချင်း လက်မ ၁ဝဝ ရှိသော အဝေးကြည့်မှန်ပြောင်းကြီး တစ်ခု ရှိသည်။ထိုမှန်ပြောင်းကြီးဖြင့် အလင်းနှစ်ပေါင်း ၅ဝဝ,ဝဝဝ,ဝဝဝ ၌ရှိသော ကြယ်များကို ဓာတ်ပုံရိုက်ကူးယူနိုင်ပေပြီ။ ထိုထက်ပို၍အားကောင်းသည့် အချင်းလက်မ ၂ဝဝ ရှိ မှန်ပြောင်းကြီးကို မောင့်ပလိုမာ၌ တပ်ဆင်ပြီးသောအခါတွင် ထိုအကွာအဝေးထက် နှစ်ဆမျှတိုး၍ မြင်နိုင်ပေလိမ့်မည်။ သို့သော် ထိုမှန်ပြောင်းကြီးနှင့်ပင် ကြည့်စေကာမူ နဂါးငွေ့ အားလုံးသည် သေးငယ်ပြီး မှေးမှိန်လျက်ပင် ရှိပေဦးမည်ဟု ဆိုလေသည်။
 
 
ကျွန်ုပ်တို့ စကြဝဠာ မည်မျှ ကြီးမားသည်ကို မည်သူမျှ အမှန်အကန် မသိချေ။ အိုင်းစတိုင်း၏[[အိုင်းစတိုင်း]]၏ ရယ်လတစ်ဗတီသီအိုရီ အရမှာ စကြဝဠာကြီး၌ တိကျသည့်အရွယ် ရှိသည်ဟုဆိုသည်။ သို့သော် ကျွန်ုပ်တို့သည် စကြာဝဠာ၏ နယ်နိမိတ် အကန့်အသတ်ကို မမြင်နိုင်ကြချေ။
 
 
အဘယ်ကြောင့်ဆိုသော် အာကာသသည်[[အာကာသ]]သည် ခုံးလျက်ရှိပြီး ကမ္ဘာမြေကြီး၏ မျက်နှာပြင်မှာကဲ့သို့ တိကျသော နယ်နိမိတ်များ မရှိခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကြယ်တစ်လုံးမှ [[အလင်း]]ရောင်ခြည်သည် အာကာသအတွင်းသို့ ရောက်သွားပြီး ပျောက်သည်ဟူ၍ မရှိပေ။ ပမာအားဖြင့်၊ ကမ္ဘာ မြေကြီးပေါ်တွင် တစ်နေရာမှစ၍ ခရီးထွက်လျှင် နောက်ဆုံး၌ ကမ္ဘာကိုပတ်ကာ ထိုနေရာသို့ ပြန်၍ ရောက်လာသကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့၏ စကြဝဠာသည် အချိန်ရှိသရွေ့ ကျယ်ပြန့်ကြီးထွားလျက်ရှိသည်ဟုလည်း အိုင်းစတိုင်းက ဆိုသေးသည်။ ဝေးကွာသည့် နဂါးငွေ့များသည် နေမှ လျင်မြန်စွာ ခွာလျက် ရှိပုံရသည်။ အဝေးဆုံးရှိ နဂါးငွေ့တန်းများသည် အမြန်ဆုံး ခွာလျက် ရှိပုံရသည်။ ထို့ကြောင့် ဤ စကြဝဠာကြီးသည် လေစည်ဖောင်း ပြန့်ကားသကဲ့သို့ ပြန့်ကားလျက်ရှိပုံရသည်။ အချို့နက္ခတ္တဗေဒဆရာများကမူ စကြဝဠာကျယ်ပြန့်သည်ထက် ပြန့်လျက်ရှိသည်ဆိုသော ယူဆချက်များကို မယုံကြည်ကြချေ။ သူတို့သည် နဂါးငွေ့များ နေမှခွာ၍ ရွေ့ရှားပုံရကြောင်းကို ရှင်းလင်းနိုင်သော နိယာမကို ကြံဆလျက် ရှိကြသည်။
[[File:CMB_Timeline300_no_WMAP.jpg|thumb|640px|မဟာပေါက်ကွဲမှုမှသည် စကြာဝဠာ၏ သမိုင်းအကျဉ်း]]