နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂ -
{{Outdated}}
[[File:State seal of Burma 2008.svg|thumb|alt=Politics and government of Burma.]]
'''နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ''' (အတိုကောက် SPDC သို့မဟုတ် မြန်မာဘာသာဖြင့် န အ ဖ) သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာ စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ နအဖ သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) ( SLORC) ဟု မူလအစက သိရှိထားခဲ့သည်။ နဝတ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) (BSPP) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
 
နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှုးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်များ အများအပြားရှိနေသည်။အများအပြားရှိ နေသည်။ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပစ်ပယ်ထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။
 
== သမိုင်း ==
စာကြောင်း ၁၀ -
ဖြင့် [[တပ်မတော်]]မှအာဏာလွှဲပြောင်းရယူခြင်း နှင့် နဝတအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၂/၁၉၈၈ ဖြင့် နဝတ သည် ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ<ref>[[မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ]]</ref> အောက်တွင် တည်ရှိကြသော “နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ” အားလုံးကို ဖျက်သိမ်းပစ်သည်။ ပြည်သူ့လွှတ်တော် (၁၉၇၄ အခြေခံဥပဒေအောက်ရှိ ဥပဒေပြုအဖွဲ့)၊ ဝန်ကြီးများကောင်စီ (ဝန်ကြီးများအဖွဲ့)၊ ပြည်သူ့တရားသူကြီးများကောင်စီ (တရားစီရင်ရေးအဖွဲ့)၊ ပြည်သူ့ ဥပဒေအကျိုးဆောင်များကောင်စီ (ရှေ့နေချုပ်ရုံး)၊ ပြည်သူ့စာရင်းစစ်များကောင်စီ (စာရင်းစစ်ချုပ်ရုံး)၊ ထိုနည်းတူစွာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့ကောင်စီများ ကို ဖျက်သိမ်းပစ်သည်။
 
နဝတ သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ)တွင် ဒုဝန်ကြီးများ၏အလုပ်တာဝန်များအစားထိုးခြင်း ကိုလည်း ရပ်ဆိုင်းသည့်အမိန့် ထုတ်ပြန်ခဲ့သည်။ (၁၉၇၄ မြန်မာ့အခြေခံဥပဒေတွင် “ဝန်ကြီးများကောင်စီ” သည် ဝန်ကြီးများအဖွဲ့အဖြစ်ဆောင်ရွက်သော်လည်း ဒုဝန်ကြီးများကို ဝန်ကြီးများ ကောင်စီ၏ တရားဝင်အစိတ်အပိုင်းအဖြစ် မထားရှိခဲ့သည့်အတွက် နဝတ သည် တိကျသေချာစေရန် ယခင် မဆလ အစိုးရအတွင်းရှိ ဒုဝန်ကြီးများကို ဝန်ကြီးများနှင့်အတူထားရှိပြီး ရပ်ဆိုင်းခဲ့သည်။) အာဏာ သိမ်းသည့်နေ့တွင် ထုတ်ပြန်ခဲ့သည့် နဝတ ၏အမိန့်များကို ၁၉၈၈ စက်တင်ဘာ ၁၉ ရက်ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ တွင်တွေ့မြင်နိုင်သည်။ နဝတ ၏ပထမဦးဆုံးဥက္ကဌသည် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာပြီး ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီး၊ ထိုစဉ်ကဗိုလ်ချုပ်ကြီး နောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသည့် [သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)|သန်းရွှေ] မှ နဝတဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ရာထူးများကို လွှဲပြောင်းရယူသွားသည်။ ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အများအားဖြင့် သို့မဟုတ် အားလုံးမဟုတ်သော စစ်အစိုးရ၏အဖွဲ့ဝင် အများစုသည် ဖျက်သိမ်းလိုက်သည့် နဝတအဖွဲ့ ထဲမှ အဖွဲ့ဝင်များပင်ဖြစ်သည်။
 
== ဥက္ကဌများ ==