လှိုင်ထိပ်ခေါင်တင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
ဘောလယ်သီချင်းကို ကြားရတိုင်း [[ဘောလယ်]]အဖွဲ့အနွဲ့ စတင်တီထွင်ခဲ့သည်ဟု ယူဆရသူ လှိုင်ထိပ်ခေါင်တင်အား သတိရအပ်ပေသည်။
==လှိုင်ထိပ်ခေါင်တင်(မြန်မာ ၁၁၉၅-၁၂၃၇)==
နာဂဆဒ္ဒန်-ချီ မျက်ဖြေ ဘောလယ်ရေးသူ လှိုင်ထိပ်ခေါင်တင်မင်းသမီးမှာ သက္ကရာဇ် ၁၁၈၈-ခုနှစ်တွင် (ရွှေဘိုမင်း)[[သာယာဝတီမင်း]] အိမ်နိမ့်စံနေတော်မူခိုက် [[ဟင်္သာတမြို့]]သူ အနောက်နန်း မိဖုရား[[နန်းမတော် မမြလေး|မမြလေး]]ကို သိမ်းပိုက်ပြီးနောက် သက္ကရာဇ် ၁၁၉၅-ခုနှစ်တွင် သမီးတော်ကိုဖွားမြင်သည်။သမီးတော်ကို ဖွားမြင်သည်။ ငယ်မည်မှာ မဖွားဖြစ်၏။ (မဖွားကြီးလည်းဟူ၏။) ၁၁၉၉ ခုနှစ်တွင် ခမည်းတော် ရွှေဘိုမင်းတရားကြီး အထွတ်အထိပ်သို့ရောက်သောအခါ မယ်တော်မမြလေးအား ဟင်္သာတမြို့ကို အပိုင်စားပေးတော်မူ၍ သမီးတော် ထိပ်ခေါင်တင်တင်အားလည်း သီရိမြတ်စွာ ရတနာဒေဝီဘွဲ့နှင့် [[လှိုင်မြို့နယ်|လှိုင်မြို့]]ကို အပိုင်စားပေးသနားတော်မူသည်။ သို့ဖြင့် လှိုင်မင်းသမီးဟူ၍လည်းကောင်း၊ လှိုင်ထိပ်ခေါင်တင်
ဟူ၍လည်းကောင်း ကျော်စောထင်ရှားလာသည်။ လှိုင်မင်းသမီးသည် အဆင်းအင်္ဂါနှင့် ပြည့်စုံသူဖြစ်၍ မြင်သူတိုင်း မင်းသမီးကို ချစ်ခင်မြတ်နိုး ကြကုန်၏။ ၁၂ဝ၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့ကစ၍ သျှောင်ထုံးနားထွင်း၊ တစ်ဘက်ဝတ်၊ ဒက်ဆင်မင်္ဂလာ ဆောင်တော်မူရာတွင် လှိုင်ထိပ်ခေါင်တင်မင်းသမီးကိုလည်း မိဖုရားခေါင်ကြီး၏ သမီးတော်များနှင့်အတူ မှန်နန်းတော် ဘမရာသန ပလ္လင်တော်
ရှေ့တွင် ဆင်ယင်ကျင်းပစေသည်။ မယ်တော်မမြလေး ကွပ်မျက်ခံရသောအခါတွင် လှိုင်ထိပ်ခေါင်တင်မှာ အသက် ၁၂-နှစ်မျှသာရှိသေး၍ [[မင်းတုန်းမင်း|မင်းတုန်းမင်းသား]]၏ [[မိဖုရား]]က သနားတော်မူသည် အလျောက် ကောက်ယူကျွေးမွေးထားလေသည်။