စောလူးမင်းကျောက်စာ: တည်းဖြတ်မှု မူကွဲများ

Typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:စောလူးမင်းကျောက်စာ.jpeg|thumb | စောလူးမင်းကျောက်စာစောလူးမင်း ကျောက်စာ]]
ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် [[ပုဂံခေတ်]] '''စောလူးမင်း ကျောက်စာ'''အား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် [[ကျောက်စာ]]များအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ ပုဂံခေတ်တွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင် [[ရာဇကုမာကျောက်စာ]] (မြစေတီ)မှာ မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးခဲ့သောကြောင့် ယင်းကျောက်စာထက် ယခုတွေ့ရှိထားသည့် စောလူးမင်းကျောက်စာ (၄၁၅ ခုနှစ်)မှာ နှစ်ပေါင်း ၆၀ ခန့် စောခဲ့သည်ဟု ပညာရှင်များက ပြောဆိုခဲ့သည်။<ref name=autogenerated2>[http://thanlwinriver.blogspot.com/2013/12/blog-post_516.html သံလွင်: သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ<!-- Bot generated title -->]</ref><ref>[http://www.bbc.co.uk/burmese/burma/2014/01/140108_mya_zedi_script_.shtml စောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့ - BBC Burmese - မြန်မာ့ရေးရာ<!-- Bot generated title -->]</ref>
 
ပုဂံခေတ် [[စောလူးမင်း]]၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုး ထားသည့် ကျောက်စာကို [[မြစ်သားမြို့]] ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိချိန်၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန် ရှိနေသ ည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။ ကျောက်စာတွင် စာကြောင်းအနည်းစုကိုသာ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး အချို့မှာ ဖတ်မရအောင် ပျက်စီးနေသည်။<ref name=autogenerated1>[http://burma.irrawaddy.org/news/2014/01/21/53688.html စောလူးမင်း ကျောက်စာ သမိုင်းကွက်လပ်ကို ဖြည့်ပေးနိုင်မလား | ဧရာဝတီ<!-- Bot generated title -->]</ref> စောလူးမင်း ရေးထိုးစိုက်ထူခဲ့သည့် ကျောက်စာသည် ဘာသာစကား ခြောက်မျိုးဖြင့် နှစ်ဖက်ရေးထိုးထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကျောက်စာ၌ ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် [[မြန်မာဘာသာ]]ဖြင့် ရှစ်ကြောင်း၊ [[ပျူ]][[ပါဠိ]]ဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ [[မွန်]]စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။<ref name=autogenerated2 />
 
ကျောက်စာတိုင်၏ အပိုင်းအစများကို စပ်ဆက်ကြည့်သောအခါ အမြင့် ၄ ပေ ၃ လက်မ၊ အကျယ် ၂ ပေခွဲရှိပြီး၊ အထူ ၅ လက်မခန့် ရှိသည်။ ကျောက်စာသည် မျက်နှာပြင် နှစ်ဖက်စလုံးတွင် ရေးထိုးထားသော ကျောက်စာဖြစ်သည်။<ref name=autogenerated1 />
စာကြောင်း ၁၄ -
မူလသတင်းထုတ်ပြန်ချက်များတွင် ဘာသာငါးမျိုးဖြင့် ရေးထိုးထားသည်ဟု ဖော်ပြခဲ့ကြသော်လည်း အထောက်အထား ခိုင်လုံမှု မရှိသေးကြောင်း၊ စောလူးမင်း၏ အမည်နာမကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) ထက်စော၊ မစော ရေးထိုးထားသည့် သက္ကရာဇ်ကိုလည်း အသေးစိတ် ပြန်လည်စစ်ဆေးနေကြောင်း မန္တလေးတိုင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြောကြားထားသည်။<ref>[http://www.moi.gov.mm/ppe/node/1271 စောလူးမင်းကျောက်စာ စာတမ်းဖတ်ကြားလိုသူများ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဆက်သွယ်နိုင် | Printing & Publishing Enterprise<!-- Bot generated title -->]</ref>
 
ယခုတွေ့ရှိထားသည့် ၁၁ ရာစု ခေတ်ဦးတွင် ရေးထိုးခဲ့သည့်ရေးထိုးခဲ့သော စောလူးမင်း ကျောက်စာအား ယင်းကျောက် စာ တွေ့ရှိခဲ့သည့် မြစ်သားမြို့ရှိ ပေတောကျောင်းတိုက် အတွင်း၌ ပြန်လည် စိုက်ထူထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
 
== ကိုးကား ==