"စကြဝဠာ" ၏ တည်းဖြတ်မှု မူကွဲများ

၂၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
== လူ၏သမိုင်းစဉ် ==
တစ်လျှောက်တွင်သမိုင်းတစ်လျှောက်တွင် စကြဝဠာနှင့် စပ်လျဉ်းသော ယူဆချက်တို့သည် အစဉ်ပြောင်းလဲလျက်ရှိသည်။ ရှေးလူများသိသော စကြာဝဠာသည် သူတို့နေထိုင် သွားလာနေသော ကမ္ဘာ့အစိတ်အပိုင်း၊ သူတို့ကြားဖူးသည့် ကမ္ဘာ့အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ယင်းအစိတ်အပိုင်း တို့ကို ကြည့်၍ ဆင်ခြင် သုံးသပ်ရာ၌ ရှေးသူဟောင်း အချို့တို့သည် ကောင်းကင်၌ မြင်ရသော [[ကြယ်]]များကား ကမ္ဘာမြေကြီးမှ ကောင်းကင်သို့ ဘုန်းသမ္ဘာရှင်တို့က ယူဆောင်သွားသော လူနှင့် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်များ ဖြစ်သည်ဟု အယူရှိကြသည်။ [[နေ]]နှင့် လတို့ကိုမူ နတ်များ ဖြစ်သည်ဟု ယူဆကြလေသည်။
 
 
ရှေးလူများသည် စကြဝဠာ အကြောင်းကို သူတို့သိသမျှ အမျိုးမျိုး ရှင်းလင်းဖော်ပြခဲ့ကြသည်။ ဤသို့ဖော်ပြကြရာမှ ပုံဝတ္ထု အမြောက်အမြား ထွက်ပေါ်လာခဲ့လေသည်။ ရှေးသိုးဆောင်းနိုင်ငံများတွင် အချို့က စကြဝဠာသည် ကုန်းလိပ်ကြီး၏ ကျောပေါ်၌ ဟန်လျက် တည်ရှိနေသည်ဟု ယုံကြည်ကြသည်။ ဂရိလူမျိုးတို့က ကမ္ဘာကို အက်တလတ်ဆိုသည့် နတ်က ပခုံးပေါ်၌ တင်ထားသည်ဟု ယုံကြည်ကြသည်။ ရှေးလူတို့သည်များသောအားဖြင့် စကြဝဠာ ဗဟို၌ ကမ္ဘာမြေ တည်ရှိသည်ဟု ထင်မှတ်ကြသည်။ နေ၊လ၊ကြယ်တို့သည်နေ၊ လ၊ ကြယ်တို့သည် ကမ္ဘာကို လှည့်ပတ်၍ သွားကြသည်ဟု ယုံကြည်ကြသည်။ အချို့က ကမ္ဘာမြေကြီး ပြားသည်ဟု ယုံကြည်ကြ၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်သို့ ခရီးဝေးဝေးသွားလျှင် ကမ္ဘာအစွန်းမှ လိမ့်ကျလိမ့်မည်ဟု ယုံကြည်ကြလေသည်။
 
လူများသည် တဖြည်းဖြည်း စကြဝဠာ အကြောင်းကို ပို၍ နားလည်လာကြ၏။ ခရစ် ၁၄ဝဝ နှင့် ၁၅ဝဝ ပြည့်နှစ်များ အတွင်း၌ အနောက်နိုင်ငံသားတို့သည် နယ်သစ်များကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းကြောင့် လူတို့သည် ကမ္ဘာမြေကြီး၏ သာမန် ပုံသဏ္ဌာန်ကို သိရှိလာကြသည်။ နက္ခတ္တဗေဒပါရဂူများ ဖြစ်ကြသော [[ကော်ပါးနိကပ်စ်]]၊ [[ပိုက်သာဂိုးရပ်]]၊ [[ဂယ်လီလီယို]]၊ [[ဂျိုဟန်နက်စ် ကပ်ပလာ|ကပ်ပလာ]]၊ [[နယူတန်]]တို့၏ သိမှုတွေ့မှုများကြောင့် ကမ္ဘာမြေကြီးသည် စကြဝဠာ၏ ဗဟို၌ မရှိကြောင်းကို နားလည်လာကြသည်။
[[File:CMB_Timeline300_no_WMAP.jpg|thumb|640px|မဟာပေါက်ကွဲမှုမှသည် စကြာဝဠာ၏ သမိုင်းအကျဉ်း]]
 
စကြဝဠာနှင့်စပ်လျဉ်း၍ မြန်မာတို့၏ ရှေးအယူအဆများကိုလည်း ဖော်ပြရပေမည်။ ထိုအယူအဆများမှာ ရှေးဟိန္ဒူကျမ်းများမှ အဆင့်ဆင့် ဆင်းသက်လာသော အယူအဆများ ဖြစ်သည်။ သို့သော် ထိုအယူအဆများသည် ဗုဒ္ဓအယူဝါဒ ဆိုင်ရာ ကျမ်းဂန်များနှင့်ဆက်စပ်အကျုံးဝင်လျက်ရှိသည်ဟု အချို့က ယူဆကြ၏။ မြန်မာစာပေ အစဉ်အလာ တစ်လျှောက်တွင်လည်း အောက်၌ဖော်ပြအံ့သော အယူအဆများကို လက်ခံ ကိုးကားမှီငြမ်းပြု၍ ပျို့၊ ကဗျာ၊[[ကဗျာ]]၊ လင်္ကာ၊ ရတု စသည်တို့ကို ရေးသားခဲ့ကြ၏။ မြန်မာတို့ရေးခဲ့သည့် ရာဇဝင်တော်ကြီးများ၌လည်း ကမ္ဘာတည်ဟန်နှင့် ကမ္ဘာဦးလူတို့အကြောင်းမှ ချီ၍ ရေးသားဖော်ပြလေ့ရှိရာ စကြဝဠာတည်ပုံ၊ ပျက်ပုံ စသည်ကို ထည့်သွင်းဖော်ပြကြ၏။ စကြဝဠာနှင့်စပ်လျဉ်း၍ စစ်ကဲတော်ကြီး[[ဦးရွှေနော်]] ပြုစုခဲ့သော [[အာဒိကပ္ပကမ္ဘာဦးကျမ်း]]သည် အကိုးကားခံရဆုံး၊ အပြည့်စုံဆုံးကျမ်း ဖြစ်ပေသည်။
 
 
စကြဝဠာ ဟူသော ဩကာသ လောကတွင် အပါအဝင်ဖြစ်သော ရေမြေတောတောင် အနေအထားအဖွဲ့အစည်းကို ပိုင်းခြား၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်သော ဝေါဟာရဖြစ်၏။ [[မြင်းမိုရ်|မြင်းမိုရ်တောင်]]ကို ဗဟိုပြု၍ ဝန်းရံလျက်ရှိသော ကျွန်းကြီးလေးကျွန်းနှင့် အရန်ကျွန်းငယ်နှစ်ထောင်ကို နေတစ်စင်း၊ လတစ်စင်းက အလှည့်ကျ အလင်းရောင် ပေးလျက်ရှိ၏။ ထိုသို့ နေတစ်စင်း၊ လတစ်စင်းနှင့် အတူတကွ၊ လေးကျွန်းတစ်မြင်းမိုရ်အစုအဝေးကို စကြဝဠာဟု ခေါ်သည်။ စကြဝဠာ များသည် မရေတွက်နိုင်လောက်အောင် မြောက်မြားစွာ တည်ရှိ၏။ တစ်ထောင်သော စကြဝဠာအစုကို စူဠလောကဓာတ်ဟု ခေါ်၏။ ထိုအစုဆယ်စု (ဝါ) စကြဝဠာတစ်သောင်းကို၊ မဇ္ဈိမလောကဓာတ်ဟု ခေါ်၏။ စကြဝဠာများသည် အမြဲတည်နေသည် မဟုတ်ပေ။ ဖြစ်ပေါ်လိုက် ပျက်စီးလိုက်ရှိ၏။ အတူတကွ ဖြစ်ပေါ်ဖြစ်ဖက်၊ ပျက်ဖော် ပျက်ဖက်ဖြစ်ကုန်သော စကြဝဠာ ကုဋေတစ်သိန်းစုကို မဟောလောကဓာတ်ဟု ခေါ်၏။ ထိုထက်များပြား၍ ရေတွက်ခြင်းငှာ မဆုံးနိုင်သော စကြဝဠာအစုကိုမူကား အနန္တ လောကဓာတ်ဟု ခေါ်၏။ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်သော စကြဝဠာကား မဇ္ဈိမ လောကဓာတ်ဟု ခေါ်သော စကြဝဠာ တစ်သောင်းစု၏ အလယ်ဗဟို၌ တည်ရှိ၏။ စကြဝဠာ တစ်ခုလုံးကို အစိုးရသော မင်းကို [[စကြဝတေးမင်း]]ဟု ခေါ်၏။
မဟောလောကဓာတ်ဟု ခေါ်၏။ ထိုထက်များပြား၍ ရေတွက်ခြင်းငှာ မဆုံးနိုင်သော စကြဝဠာအစုကိုမူကား အနန္တ လောကဓာတ်ဟု ခေါ်၏။ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်သော စကြဝဠာကား မဇ္ဈိမ လောကဓာတ်ဟု ခေါ်သော စကြဝဠာ တစ်သောင်းစု၏ အလယ်ဗဟို၌ တည်ရှိ၏။ စကြဝဠာ တစ်ခုလုံးကို အစိုးရသော မင်းကို [[စကြဝတေးမင်း]]ဟု ခေါ်၏။
 
 
ကမ္ဘာတည်ပြီးနောက် ဗြဟ္မာတို့သည် ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်၌ ဥပပတ်ကိုယ်ထင် ဖြစ်လာ၏။ ထို့နောက် သူတို့၏ ဘုန်းကံဓမ္မတာကြောင့် နေ၊ လ ပေါ်လာ၏။ ဤသို့ပေါ်သောနေ့၌ပင်လျှင် မြင်းမိုရ်၊ သတ္တရဘန်၊သီတာ၊ သမုဒ္ဒရာ လေးဆင်း၊ ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ ဟိမဝန္တာတာ၊ မြစ်ကြီး၊ အိုင်ကြီးနှင့် စကြဝဠာ တောင်သည်စကြဝဠာတောင်သည် ပေါ်လာ၏။ ထိုစကြဝဠာတောင်သည် မြင်းမိုရ် ၊ သတ္တရဘန်၊ သမုဒ္ဒရာ လေးစင်း၊ ကျွန်းကြီး လေးကျွန်းစည်ကို ပတ်ပတ်လည် တံတိုင်းကြီးသဖွယ် ဝန်းရံထား၏။ ရေမှပေါ်ထွက်လာသော ဤ စကြဝဠာတောင်ကြီးကို အစွဲပြု၍ လေးကျွန်း တစ်မြင်းမိုရ် အစုအဝေးကို စကြဝဠာဟု ခေါ်ဝေါ်၏။ စကြဝဠာတောင်၏ အမြင့်ကား၊ ရေပေါ်၌ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ရေအောက်သို့လည်း ဇောတပထဝီအထိယူဇနာဇောတပထဝီအထိ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ဇောတပထဝီကို လွန်လျက် သီလာပထဝီအထိ ယူဇနာ ခုနှစ်သောင်းရှစ်ထောင် ထပ်မံ၍ အောက်သို့ နက်လျက်တည်ရှိ၏။ စကြဝဠာတောင်သည် သီလာပထဝီပေါ်တွင် အခြေစိုက်လျက် ရှိ၏။ သိလာ ပထဝီ၏ နိမိတ်အဝန်းသည် စကြဝဠာတောင်ပင်ဖြစ်၏။ သီလာပထဝီမျက်နှာပြင်မှ စကြဝဠာတောင်ထွတ်အထိ ယူဇနာပေါင်း နှစ်သိန်းလေးသောင်း နှစ်ထောင်ရှိ၏။ စကြဝဠာတောင်အထွတ်များတို့သည် ကျေးနှုတ်သီးကဲ့သို့အတွင်း၌ ကွေးညွှတ်ယောင်ယောင်ရှိ၏။
 
စကြဝဠာတောင်နှင့် စကြဝဠာအပါအဝင် ကမ္ဘာကြီး ပျက်ပုံ၊ တည်ပုံကို မည်သို့သိရှိရသနည်းဟူမူ လောကဘိနဝိဒ္ဓရသေ့သည်၊ စကြဝဠာတံတိုင်းမှ ဆင်မြင်းအရွယ်ပမာဏရှိသော အက္ခရာများကို ဖန်ပုရပိုက်ပုလဲ ကညစ်တို့ဖြင့် ရေးကူးခဲ့၍ ရသေ့ အဆင့်ဆင့်တို့ ရေးသားဟောခဲ့သည်မှ သိရသည်။ ထိုလောကဘိနဝိဒ္ဓရသေ့သည် ပထမ မဟာသမ္မတမင်း၏တူ ဖြစ်၏။ မဟာသမ္မတမင်းသည် စကြဝဠာတောင်ခြေ၌ရှိသော ဓမ္မသတ် ကျမ်းဂန်များကို ရေးကူးစေ၍ ထိုကျမ်းဂန်များနှင့် အညီ တရားဆုံးဖြတ်စီရင်တော်မူ၏ဟုဆိုလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
၂၇၀၁၈

တည်းဖြတ်မှုများ