မကွေးခရိုင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
Undo revision 280243 by 43.224.84.245 (talk)
စာကြောင်း ၂၀ -
မကွေးခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လှပေသည်။ ဧရာဝတီမြစ်သည် အနောက်ဘက် တစ်လျှောက်မှ စီးဆင်းသည်နှင့် အညီ သင်္ဘောကြီးငယ်တို့သည် မကွေး၊ ရေနံချောင်း၊ မြင်ကွန်း၊ မိကျောင်းရဲ၊ မင်းရွာ စသည်တွင် ဆိုက်ကပ်ရပ်နားသည်။ ရမည်းသင်းခရိုင်တွင်းရှိ [[ပျဉ်းမနားမြို့]]မှသည် မြင်းခြံခရိုင်တွင်းရှိ [[ကျောက်ပန်းတောင်းမြို့]]သို့ခွဲထွက်လာသော မီးရထားလမ်းသည် မကွေးခရိုင်အရှေ့ဘက်ရှိ မြို့များဖြစ်သော ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့များကို ဖြတ်သွားပေသည်။ ယင်းမြို့များမှာ ကုန်စည် ဖြန့်ဖြူးရာ ဌာနများဖြစ်၏။ ပျဉ်းမနား ကျောက်ပန်းတောင်း မီးရထားလမ်းကို မကွေးခရိုင်တွင်းရှိ ချောက်မြို့နှင့် ဆက်မိအောင် စီစဉ်လျက်ရှိသည်။ မကွေးခရိုင်တွင်း ဖြတ်သန်းသွားသော ကားလမ်းတို့ကား ပထမတန်း ကျောက်ခင်းလမ်းများ ဖြစ်သည်။ ရန်ကုန် ပြည်ကားလမ်းမှ ဆက်၍ မြင်းခြံသို့ပေါက်သော ကားလမ်းသည် မကွေး၊ ရေနံချောင်း မြို့များကို ဖြတ်သွားသည်။ မြင်းခြံရောက်လျှင် မြင်းခြံ-မန္တလေးလမ်းနှင့် ဆက်မိသဖြင့် ရန်ကုန်-မန္တလေးသို့တိုက်ရိုက်ကားလမ်းပေါက်သည်။ မကွေးမြို့တွင် [[မကွေးလေဆိပ်|လေယာဉ်ကွင်း]]လည်း ရှိပေသည်။ မကွေးခရိုင်တွင်း နေထိုင်သူတို့မှာ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများသည်။
 
== ထင်ရှားသည့်နေရာများ ==
==ျမသလြန္
ထင်ရှားသည့်နေရာများ ==
မကွေးခရိုင်တွင်းရှိ တန်ခိုးကြီး ဘုရားများမှာ မကွေးမြို့တွင် [[မြသလွန်ဘုရား(မကွေး)|မြသလွန်ဘုရား]]၊ တောင်တွင်းကြီးမြို့ရှိ ရွှေရောင်တော်နှင့် ရွှေအင်းတော်တို့ဖြစ်၏။ ရှေးအခါက ရွှေရောင်တော် ဘုရားတွင် နှစ်စဉ်ဘုရားပွဲ ကျင်းပသော်လည်း ယခုအခါ မကွေး မြသလွန်ဘုရားတွင်သာ သီတင်းကျွတ်လတွင် နှစ်စဉ် ဘုရားပွဲကျင်းပလျက် စည်ကားလှပေသည်။ မကွေးခရိုင် တောင်တွင်းကြီးနယ် အတွင်းရှိ ဆတ်သွားမြို့အနီးတွင် မြို့တော်ဟောင်း တစ်ခုဖြစ်သော [[ဗိဿနိုးမြို့ဟောင်း|ဗိဿနိုးမြို့ပျက်]]၏ အစအန အကြွင်းအကျန်များကို တွေ့နိုင်ပေသေးသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>