အက်တမ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃ -
 
==အက်တမ်==
ဤလောကကြီးအတွင်း၌ ရှိကြကုန်သော အရာဝတ္ထုဟူသမျှတို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်သော အလွန်သေးငယ်သိမ်မွေ့လှသည့် မြူမှုန်တို့ဖြင့်သာ စုပေါင်းဖွဲ့ စည်းထားသည်ဟု ရှေးခေတ်အခါကပင် လူအများတို့ ယူဆလာ ခဲ့ကြလေသည်။ယူဆလာခဲ့ကြလေသည်။ [[ဘီစီ]] ၄ဝဝ ခန့်က ဒီမော့ကရစ်တပ် အမည်ရှိသော ဂရိလူမျိုး ဒဿနိကပညာကျော်က လောကကြီးအတွင်း၌ တစ်စုံတစ်ရာ ဘာမျှမရှိသော အာကာသများနှင့် မျက်စိဖြင့် မမြင်ကောင်းသော မြူမှုန်တို့ရှိကြောင်း ပြောခဲ့လေသည်။ ထို ပညာရှိကြီးအလိုအားဖြင့်ထိုပညာရှိကြီးအလိုအားဖြင့် ဒြဗ်သည် ထိုမြူမှုန်တို့ စုပေါင်း၍ ဖြစ်လာရသည်ဟုဆိုသည်။
 
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိကြသော တော၊ တောင်၊ ရေ၊ မြေ၊ လူသတ္တဝါမှန်သမျှတို့သည် ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသကဲ့သို့ အငွေ့၊ အရည်၊ အခဲအနေဖြင့်မဟုတ်ဘဲ အမှန်အားဖြင့် လျှပ်စစ်ဓာတ်ဖြင့်ပြီးသော အလွန်သေး၍ငယ် သည့်အလွန်သေး၍ငယ်သည့် မြူမှုန်ကလေးများ စုပေါင်းဖွဲ့စည်းထားခြင်းပင် ဖြစ်လေသည်။ ထိုမြူမှုန်ကလေးများကို အက်တမ်ဟု ခေါ်ကြ၏။ အက်တမ်ဟူသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ မြန်မာဘာသာဖြင့်ဆိုလျှင် ခွဲစိတ်၍မရသောမြူမှုန်ဟု အဓိပ္ပာယ်ရလေသည်။
 
အက်တမ်တို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင် အောင်မမြင်စွမ်းနိုင်အောင် သေးငယ်လှသောကြောင့် အက်တမ်ပေါင်း တစ်သန်းမျှ ကိုတစ်သန်းမျှကို စီထားသည့်တိုင်အောင် ဆံခြည်ပင်တစ်လုံးစာမျှပင် ရှိလိမ့် မည်မဟုတ်ချေ။ရှိလိမ့်မည်မဟုတ်ချေ။ ဤမျှသေးငယ်သော အက်တမ်များသည် စကြဝဠာတစ်ခုလုံးနှင့် မြင်⁠မြင်သမျှ အရာဝတ္ထုမှန်သမျှကို တည်ဆောက်ထားသော အုပ်ချပ်များပင်ဖြစ်ကြ၏။
 
ယနေ့အထိ သဘာဝအလျှောက် တွေ့ရှိထားသော ဒြဗ်စင်တို့၏ အရေအတွက်မှာ ၉၂ မျိုးဖြစ်ရာ ထိုဒြဗ်စင်တို့၏ အက်တမ်အမျိုးပေါင်းမှာလည်း ၉၂ မျိုးရှိသည်ဟုဆိုရပေလိမ့်မျိုးရှိသည်ဟု ဆိုရပေလိမ့် မည်။ ထိုအက်တမ်တို့သည် အမျိုးမျိုးအဖုံအဖုံ ယှဉ်တွဲပေါင်းစပ် ကြ၍သာယှဉ်တွဲပေါင်းစပ်ကြ၍သာ ကုဋေကုဋာမက မရေတွက်နိုင်အောင် အမျိုးအစား များပြားသော ပစ္စည်းများ ဖြစ်လာကြပေသည်။ ယခုအခါ ကျွန်ုပ်တို့ သိရှိနားလည်ကြသော ဓာတုဗေဒပညာမှာ ဂျွန်ဒေါ်လတန် တီထွင်ခဲ့သော အက်တမ်သီအိုရီကို အခြေပြုကာ ပေါ် ပေါက်ထွန်းကား၍ တိုးတက်လာရသော သိပ္ပံပညာရပ်ဖြစ်ပေ သည်။သိပ္ပံပညာရပ်ဖြစ်ပေသည်။ ခရစ် ၁၈ဝ၈ ခုနှစ်လောက်တွင် မန်ချက်စတာမြို့သား ကျောင်းဆရာ ဂျွန်ဒေါ်လတန်သည် သူ၏ အက်တမ်သီအိုရီကို စတင်တီထွင်ခဲ့ရာ၌ ဒြဗ်စင်တို့တွင် အလေးချိန်တစ်ခုရှိသော အက်တမ်တို့ပါဝင်ရမည်ဟု ယူဆပြီးလျှင် (၁) ဓာတုအချိုးမှန် နိယာမနှင့် (၂) ဓာတုအချိုးအဆတိုး နိယာမ နှစ်မျိုးကို စတင် ကြံစည် ရှင်းလင်းပြသခဲ့လေသည်။
 
ပထမ ဓာတုအချိုးမှန်နိယာမကို ရှင်းလင်းပြသရာ၌ ဓာတုဒြဗ်ပေါင်းတစ်မျိုးတွင် ပါဝင်မြဲဒြဗ်စင်တို့၏ အလေးချိန် အချိုးသည် အစဉ်မှန်ကန်ရမည်ဟု ဖေါ်ပြထား၏။ဖော်ပြထား၏။ ပုံပမာ- ရေ ကိုရေတွင်း၊ ရေကန်၊ မြစ်၊ ချောင်း အသီးသီးတို့မှ ရရှိနိုင် သည့်ပြင် ဓာတုဗေဒနည်းဖြင့်လည်း ရရှိနိုင်ရာ မည်သည့်နည်း ဖြင့်ရသည်ဖြစ်စေ ထိုရေသည်ဟိုက်ဒြိုဂျင်အလေးချိန်တစ်ဆနှင့်ထိုရေသည် ဟိုက်ဒြိုဂျင်အလေးချိန်တစ်ဆနှင့် အောက်ဆီဂျင်အလေးချိန်နှစ်ဆဖြင့် ပေါင်းစပ်ထားကြောင်းတွေ့ရ ၏။ ဤအချိုးအစားမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိဘဲ
အစဉ်မှန်ကန် လေသည်။