ထေရဝါဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး separate to single atricle
စာကြောင်း ၆၂ -
 
-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း၊ အလိုကြီးခြင်း၊ ကြောက်စိတ်များခြင်း၊ စိုးရိမ်စိတ်များခြင်း တွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင်၊ လက်ဖွဲ့၊ ဗေဒင်၊ မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။
 
== မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ==
ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ '''မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က''' ဖြစ်သည်။ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“ဗုဒ္ဓသာသနာအစ- ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ <ref> ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)</ref>
 
== မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အနော်ရထာမင်း ==
မြန်မာနိုင်ငံနှင့်ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်(ဘီစီ ၅၈၈)တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။မြန်မာနိုင်ငံဗုဒ္ဓဘာသာသာသနာ သက်တမ်း သည် [[ ရွှေတိဂုံစေတီတော်]] ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ <ref>http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha</ref>
[[ပုဂံခေတ် |ပထမမြန်မာနိုင်ငံတော်]] ကို ထူထောင်ခဲ့သူ [[အနိရုဒ္ဓ| အနော်ရထာမင်း]] (ခရစ်၁၀၄၄ - ၁၀၇၈) လက်ထက် တွင်ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသို့ စတင် ပြန့်နှံ့လာခဲ့သည်။အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါးနှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။
 
ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။
 
ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူသည်။အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ [[ ရှင်အရဟံ]] ဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် [[အရည်းကြီး]] တို့ကို နှိမ်နင်းခဲ့သည်။ ရှင်အရဟံ ဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ် အဖြစ်သိကြသည်။ ပုဂံတွင်အရည်းကြီးတို့ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း [[မွန်လူမျိုး]] ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ကြွရောက်လာပြီးနောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။
 
ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် စစ်စစ်ဖြစ်ဖို့ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ မူ (၅) ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓဝါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊) (မကောင်းမှုမှ ကောင်းမှုသို့၊) (အမှောင် မှ အလင်းသို့၊) (မသိမှု မှ သိမှုသို့၊) (ဒုက္ခအတွင်း မှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။ <ref>Ashin Tikkhanyanalinkara</ref>
 
=== မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ၉-ဂိုဏ်း ===
# [[သုဓမ္မာဂိုဏ်း]]
# [[ရွှေကျင်ဂိုဏ်း]]
# [[မဟာဒွါရဂိုဏ်း|ဓမ္မာနုဓမ္မ (မဟာဒွါရ) နိကာယဂိုဏ်း]]
# [[မူလဒွါရဂိုဏ်း|ဓမ္မဝိနယာနုလောမ (မူလဒွါရ) ဂိုဏ်း]]
# [[အနောက်ချောင်းဒွါရဂိုဏ်း]]
# [[ဝေဠုဝန်နိကာယဂိုဏ်း]]
# [[စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်း]]
# [[ဂဏဝိမုတ် (ကူးတို့) ဂိုဏ်း]]
# [[ဓမ္မယုတ္တိနိကာယ (မဟာရင်) ဂိုဏ်း]] တို့ဖြစ်ကြသည်
 
== ကျမ်းကိုး ==