ယေဘုယျနှိုင်းရသီအိုရီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃ -
'''ယေဘုယျနှိုင်းရသီအိုရီ'''သည် [[အဲလ်ဘတ် အိုင်းစတိုင်း]] မှ ၁၉၁၅ ခုနှစ်တွင် ဖေါ်ထုတ်ခဲ့သော ဒြပ်ဆွဲအားဆိုင်ရာ ဂျီဩမေတြီသီအိုရီဖြစ်သည်။ [[ခေတ်ပေါ်ရူပဗေဒ]]တွင် လက်ရှိအသုံးပြုနေသော ဒြပ်ဆွဲအားဆိုင်ရာ ရှင်းလင်းဖေါ်ပြချက်လည်း ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် [[အထူးနှိုင်းရသီအိုရီ]]နှင့် [[နယူတန်]]၏ [[ဒြပ်ဆွဲအား နိယာမ|စင်္ကြာဝဠာဆိုင်ရာဒြပ်ဆွဲအားနိယာမ]] တို့ကို ယေဘုယျကျမျှတအောင် ပြုလုပ်ပေးခြင်းအားဖြင့် [[အာကာသ]]နှင့် [[အချိန်]]ကို သို့မဟုတ် [[အာကာသအချိန်]]ကို ဂျီဩမေတြီဂုဏ်သတ္တိအဖြစ် ပေါင်းစည်း၍ ရှင်းလင်းဖော်ပြပေးသည်။ အာကာသအချိန်၏ ကွေးညွတ်မှုသည် ပါဝင်တည်ရှိနေသည့် အားလုံးသော [[ဒြပ်]]နှင့် [[ရောင်စဉ်]]တို့၏ [[စွမ်းအင်]]နှင့် [[အဟုန်]]တို့ဖြင့် တိုက်ရိုက် ဆက်စပ်သည်။ ဆက်စပ်မှုကို [[အိုင်းစတိုင်းစက်ကွင်းညီမျှခြင်း]]ဖြင့် ဖော်ပြသည်။
 
ယေဘုယျနှိုင်းရသီအိုရီ၏ ဟောကိန်းအချို့သည် ရှေးရိုး[[ရူပဗေဒ]]မှ ဖော်ထုတ်ပေးသော ဟောကိန်းများဖြင့် သိသိသာသာ ကွဲပြားခြားနားသည်။ အထူးသဖြင့် အချိန်ပါဝင်ခြင်း၊ အာကာသ၏ [[ဂျီဩမေတြီ]]၊ [[လွတ်လပ်စွာကျဆင်းသော အရာဝတ္တု]]၊ [[အလင်း]]ပျံ့နှံ့မှု စသည်တို့ဖြင့် သက်ဆိုင်လျှင် သိသာစွာ ကွဲပြားခြားနားသည်။ ဥပမာတို့မှာ ဒြပ်ဆွဲအားဆိုင်ရာ အချိန်အလိုက်ပြောင်းလဲခြင်း၊ [[ဒြပ်ဆွဲအားမှန်ဘီလူး]]၊ အလင်း၏ ဒြပ်ဆွဲအားဆိုင်ရာ [[အနီရောင်အရွေ့|အနီရွေ့ခြင်း]]၊ ဒြပ်ဆွဲအားဆိုင်ရာ အချိန်နှေးခြင်း စသည်တို့ ဖြစ်သည်။ ယနေ့အချိန်အထိ စောင့်ကြည့်လေ့လာမှုများနှင့် စမ်းသပ်တွေ့ရှိချက်များ အားလုံးသည် ယေဘုယျနှိုင်းရသီအိုရီနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုပြီး ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် တစ်ခုတည်းသော ဒြပ်ဆွဲအားဆိုင်ရာ နှိုင်းရသီအိုရီ မဟုတ်သော်လည်း လက်တွေ့ရလာဒ်များဖြင့် အမြဲကိုက်ညီသော အရိုးရှင်းဆုံး သီအိုရီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မဖြေရှင်းနိုင်သေးသော မေးခွန်းများလည်း ကျန်ရှိနေသေးသည်။ ယေဘုယျနှိုင်းရသီအိုရီအား [[ကွမ်တမ်ရုပဗေဒ]]ဖြင့် မည်ကဲ့သို့ ညီညွတ်အောင် ပေါင်းစည်းကာ ပြီးပြည်စုံပြီး ကိုယ်တိုင်ညီညွတ်မှုရှိသော [[ကွမ်တမ်ဒြပ်ဆွဲအားသီအိုရီ]]ကို မည်သို့ ဖော်ထုတ်ရမည်နည်း ဆိုသည့်မေးခွန်းမျိုး ဖြစ်သည်။
 
အိုင်စတိုင်း၏ သီအိုရီသည် [[နက္ခတ္တရုပဗေဒ]]နှင့် ပတ်သက်၍ အရေးပါသော ဖော်ထုတ်ချက်များ ရှိသည်။ ဥပမာ [[တွင်းနက်]]များ ဖြစ်သည်။ တွင်းနက်ဆိုသည်မှာ၎င်း၏ အာကာသအချိန်သည် လွန်စွာ ရွဲ့စောင်းနေ၍ အလင်းအပါအဝင် မည်သည့်အရာမှ လွတ်မြောက်နိုင်ခြင်းမရှိသော နေရာဒေသဖြစ်သည်။ ဒြပ်ထုကြီးသားသော ကြယ်ကြီးများ ပြိုကွဲခြင်းဖြင့် တွင်းနက်များ ဖြစ်ပေါ်လာသည်။ အချို့သော အာကာသဝတ္တုများမှ ထုတ်လွှတ်သော ရောင်ခြည်များသည် တွင်းနက်များကြောင့်ဖြစ်ကြောင်း လုံလောက်သော သက်သေများ ရှိပြီးဖြစ်သည်။ ဥမာ [[မိုက်ကရိုကွာဆာ]]များနှင့် [[တက်ကြွလှုပ်ရှားသောဂလက်ဆီဝတ်ဆံ]] များသည် ကြယ်ဒြပ်ထုပမာဏရှိ တွင်းနက်များနှင့် များစွာပိုမိုဒြပ်ထုကြီးမားသော တွင်းနက်အမျိုးအစားများကြောင့်ဖြစ်သည်။ ဒြပ်ဆွဲအားကြောင့် အလင်းကွေးညွတ်သောအခါ ဒြပ်ဆွဲအားမှန်ဘီလူးကို ဖြစ်ပေါ်စေသည်။ ဥပမာ ကြားနေရာရှိ ဒြပ်ထုကြီးမားသောအရာက ဝေးလံသော အာကာသမှ အရာဝတ္တများ၏အလင်းကို ကွေးညွတ်စေသောအခါ ၎င်းဝေးလံသော အရာဝတ္တုကိုပင် ပုံရိပ်အများအပြား မြင်ရခြင်းဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် [[ဒြပ်ဆွဲအားလှိုင်း]]များ၏ တည်ရှိမှုကိုလည်း ဟောကိန်းထုတ်ထားရာ သွယ်ဝိုက်သောအားဖြင့် စောင့်ကြည့်တွေ့ရှိရပြီး ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် လက်ရှိ [[စင်္ကြာဝဠာပြန့်ကားမှု ပုံစံ]]အခြေပြုထားသော သီအိုရီလည်းဖြစ်သည်။