"ရေဒီယိုသတ္တိကြွပြိုကွဲမှု" ၏ တည်းဖြတ်မှု မူကွဲများ

၄၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
 
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ရေဒီယိုသတ္တိကြွပြိုကွဲမှု သို့မဟုတ် ရေဒီယိုဓာတ်သတ္တိကြွမှု ဆိုသည်မှာ တည်မြဲမှုမရှိသော [[အက်တမ်]]တစ်ခု၏ [[နျူကလိယ]]မှ စွမ်းအင်ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး [[ဓာတ်ရောင်ခြည်]]ထုတ်လွှတ်သည့် ဖြစ်စဉ်ကိုခေါ်သည်။ ဒြပ်ဝတ္တုတစ်ခုသည် [[အယ်လ်ဖာအမှုန်]]၊ [[ဘီတာအမှုန်]]နှင့် [[ဂမ်မာအမှုန်]]များဖြင့် ဖွဲ့စည်းထားသည့် ရောင်ခြည်များ သူ့အလိုအလျောက် ထုတ်လွှတ်နေသည်ဆိုပါပ ရေဒီယိုဓာတ်သတ္တိကြွနေသည်ဟု ဆိုနိုင်သည်။
 
ရေဒီယိုသတ္တိကြွပြိုကွဲမှု ဖြစ်စဉ်သည် အက်တမ်အဆင့်တွင် ဖြစ်ပွားသည့် ကြိုတင်ခန့်မှန်းတွက်ချက်၍ မရနိုင်သော ဖြစ်စဉ်ဖြစ်သည်။ [[ကွမ်တမ်သီအိုရီကွမ်​တမ်​သီ​အို​ရီ]]အရ အက်တမ်တစ်ခုသည် မည်သည့်အချိန်တွင် ပြိုကွဲမည်ကို ကြိုတင်ခန့်မှန်း၍ မရနိုင်ပါ။ အက်တမ်တစ်ခုသည် မည်သည့်အချိန်တွင် ပြိုကွဲနိုင်သည်ဆိုသည့် အခွင့်အလမ်းသည် ၎င်းအက်တမ် မည်မျှကြာကြာ တည်ရှိခဲ့သည် ဆိုသည့်ကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ လုံးဝပြောင်းလဲခြင်းမရှိပါ။ အရေအတွက် မြောက်များစွာ ရှိနေသော အက်တမ် အစုအဝေးအတွက်မူ အက်တမ်များ ပြိုကွဲပျက်စီးနှုန်းကို ၎င်းအက်တမ်တို့၏ [[ပြိုကွဲကိန်းသေ]] သို့မဟုတ် [[သက်တမ်းဝက်]]ဖြင့် တွက်ချက်နိုင်သည်။
 
ရေဒီယိုသတ္တိကြွပြိုကွဲမှု အမျိုးအစား များစွာရှိသည်။ ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သော ပြိုကွဲမှုဖြစ်စဉ်များမှာ [[အယ်လ်ဖာပြိုကွဲမှု]]၊ [[ဘီတာပြိုကွဲမှု]]နှင့် [[ဂမ်မာပြိုကွဲမှု]]များ ဖြစ်သည်။ နျူကလိယတစ်ခုသည် အယ်လ်ဖာအမှုန် ထုတ်လွှတ်ခြင်းကို အယ်လ်ဖာပြိုကွဲမှုဟုခေါ်သည်။ အယ်လ်ဖာအမှုန်ဆိုသည်မှာ [[ဟီလီယမ်]]ဒြပ်စင်၏ နျူကလိယဖြစ်သည်။
 
[[Category:ရူပဗေဒ]]
၂၇၃၅၅

တည်းဖြတ်မှုများ