အက်တမ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၇ -
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိကြသော တော၊ တောင်၊ ရေ၊ မြေ၊ လူသတ္တဝါမှန်သမျှတို့သည် ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသကဲ့သို့ အငွေ့၊ အရည်၊ အခဲအနေဖြင့်မဟုတ်ဘဲ အမှန်အားဖြင့် လျှပ်စစ်ဓာတ်ဖြင့်ပြီးသော အလွန်သေး၍ငယ်သည့် မြူမှုန်ကလေးများ စုပေါင်းဖွဲ့စည်းထားခြင်းပင် ဖြစ်လေသည်။ ထိုမြူမှုန်ကလေးများကို အက်တမ်ဟု ခေါ်ကြ၏။ အက်တမ်ဟူသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ မြန်မာဘာသာဖြင့်ဆိုလျှင် ခွဲစိတ်၍မရသောမြူမှုန်ဟု အဓိပ္ပာယ်ရလေသည်။
 
အက်တမ်တို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်အောင် သေးငယ်လှသောကြောင့် အက်တမ်ပေါင်း တစ်သန်းမျှကို စီထားသည့်တိုင်အောင် ဆံခြည်ပင်တစ်လုံးစာမျှပင် ရှိလိမ့်မည်မဟုတ်ချေ။<ref>{{cite encyclopedia|title=Atom|encyclopedia=Compendium of Chemical Terminology (IUPAC Gold Book)|publisher=IUPAC|edition=2nd|url=http://goldbook.iupac.org/A00493.html|accessdate=2015-04-25}}</ref> ဤမျှသေးငယ်သော အက်တမ်များသည် စကြဝဠာတစ်ခုလုံးနှင့် မြင်⁠မြင်သမျှ အရာဝတ္ထုမှန်သမျှကို တည်ဆောက်ထားသော အုပ်ချပ်များပင်ဖြစ်ကြ၏။
 
ယနေ့အထိ သဘာဝအလျှောက် တွေ့ရှိထားသော ဒြဗ်စင်တို့၏ အရေအတွက်မှာ ၉၂ မျိုးဖြစ်ရာ ထိုဒြဗ်စင်တို့၏ အက်တမ်အမျိုးပေါင်းမှာလည်း ၉၂ မျိုးရှိသည်ဟု ဆိုရပေလိမ့် မည်။ ထိုအက်တမ်တို့သည် အမျိုးမျိုးအဖုံအဖုံ ယှဉ်တွဲပေါင်းစပ်ကြ၍သာ ကုဋေကုဋာမက မရေတွက်နိုင်အောင် အမျိုးအစား များပြားသော ပစ္စည်းများ ဖြစ်လာကြပေသည်။ ယခုအခါ ကျွန်ုပ်တို့ သိရှိနားလည်ကြသော ဓာတုဗေဒပညာမှာ ဂျွန်ဒေါ်လတန် တီထွင်ခဲ့သော အက်တမ်သီအိုရီကို အခြေပြုကာ ပေါ် ပေါက်ထွန်းကား၍ တိုးတက်လာရသော သိပ္ပံပညာရပ်ဖြစ်ပေသည်။ ခရစ် ၁၈ဝ၈ ခုနှစ်လောက်တွင် မန်ချက်စတာမြို့သား ကျောင်းဆရာ ဂျွန်ဒေါ်လတန်သည် သူ၏ အက်တမ်သီအိုရီကို စတင်တီထွင်ခဲ့ရာ၌ ဒြဗ်စင်တို့တွင် အလေးချိန်တစ်ခုရှိသော အက်တမ်တို့ပါဝင်ရမည်ဟု ယူဆပြီးလျှင် (၁) ဓာတုအချိုးမှန် နိယာမနှင့် (၂) ဓာတုအချိုးအဆတိုး နိယာမ နှစ်မျိုးကို စတင် ကြံစည် ရှင်းလင်းပြသခဲ့လေသည်။