နဂါးငွေ့တန်း ဂယ်လက်ဆီ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၆ -
== ဂလက်ဆီအမျိုးအစားနှင့် ဖြစ်ပေါ်လာပုံ ==
[[File:Milky Way Night Sky Black Rock Desert Nevada.jpg|left|thumb|နဂါးငွေ့တန်းအား ဆဂိတိရစ် ကြယ်စုတန်းဆီသို့ မျက်နှာမူကာ မြင်တွေ့ရပုံ]]
ဂလက်ဆီများကို အီလစ်ပုံစံသို့မဟုတ် စက်လုံးပုံစံဟူ၍ ဖော်ပြလေ့ရှိကြသည်။ စက်လုံးပုံစံမှ တဖြည်းဖြည်းပြားသွားသည့် ပုံစံများကို အီလစ်ပုံစံဟူ၍ဘဲဥပုံစံဟူ၍ သတ်မှတ်ကြသည်။ ကျွန်ုပ်တို့၏ ဂလက်ဆီမှာမှု စကြာသဏ္ဌာန် ဂလက်ဆီမျိုး ဖြစ်သည်။ စကြာဝဠာ အတွင်းရှိ ဂလက်ဆီအချို့မှာ ကြီးလွန်းလှ၍ မဟာဂလက်ဆီဟူ၍ပင် ခေါ် ကြသည်။ ဂလက်ဆီအချို့မှာ ပြင်းအားမြင့် ရေဒီယိုလှိုင်းများ ထုတ်လွှတ်ကြ၍ ရေဒီယိုဂယ်လက်ဆီဟု ခေါ်ဆိုကြသည်။ စကြာဝဠာအကြောင်း လေ့လာသည့်အခါ ဂလက်ဆီမှစ၍ဂလက်ဆီမှာပဲဂလက်ဆီမှစ၍ ဂလက်ဆီမှာပဲ ဆုံးသည်ဟု နက္ခတ္တ ရူပဗေဒပညာရှင်မျာက ပြောစမှတ် ပြုကြသည်။ ဤမျှလောက် အရေးကြီးလှသော နက္ခတ္တ အဖွဲ့အစည်းများမည်သို့ ပေါက်ဖွားလာသည်ကိုကား တိကျစွာမသိရှိရသေးပေ။
 
စကြာဝဠာအစနှင့် ပြန့်ကားပုံစံမှာ ဂလက်ဆီ ဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွယ် လျက်ရှိသည်။ စကြာဝဠာအစကို [[ရူပဗေဒ]]နှင့် [[နက္ခတ္တဗေဒ]] ပညာရှင်များက ဤသို့ လတ်တလော လက်ခံယူဆကြသည်။ စကြာဝဠာအစတွင် သိပ်သည်းမှုအနန္တတန်ဖိုးဆောင် အဖွဲ့အစည်းတခုရှိပြီး ယင်းအဖွဲ့အစည်း၏ ပေါက်ကွဲမှုမှ စကြာဝဠာပေါက်ဖွားလာသည်။ ပေါက်ကွဲမှုမှာ ကြီးမားလွန်းလှ၍ [[မဟာပေါက်ကွဲမှု]] ဟုခေါ်သည်။ မဟာပေါက်ကွဲမှုဖြစ်ပွားပြီး ပထမစက္ကန့် တစ်ရာလောက်တွင် အခြေခံအမှုန်အချို့နှင့် ရောင်ခြည်သာရှိပြီး အပူချိန်မှာ ပကတိ အပူချိန်ဒီဂရီ ကုဋေတစ်သန်းခန့်ရှိပြီး စက္ကန့်တစ်ရာမှ တစ်ထောင်အတွင်း လောက်တွင် နယူကလိယိုဆင်သစစ်ခေါ် နယူကလိယ ပေါင်းစပ်မှုများ ဖြစ်ပေါ်ပြီး အက်တမ်နံပါတ်ငယ် [[ဒြပ်စင်]]အချို့၏ နယူကလိများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ထိုအခါ အပူချိန်မှာ ပကတိအပူချိန် ကုဋေတစ်ထောင်လောက်ရှိမည်ဖြစ်သည်။ ဒြပ်သား များနှင့်ရောင်ခြည်သည် မဟာပေါက်ကွဲမှုစသည်မှ အနှစ်တစ်သိန်းခန့် တွဲနေခဲ့ပြီးမှ အပူချိန်ဒီဂရီတစ်သောင်း လောက်တွင်စ၍ ကွဲထွက်သွားသည်။ ယင်းအချိန်မှစ၍ ရောင်ခြည်မှာပျံ့လွင့်လာရာ ယခုစကြာဝဠာသက်တမ်း နှစ်ပေါင်း ကုဋေတစ်ထောင်ရှိသည့်အခါတွင် ပကတိအပူချိန် ၄ ဒီဂရီသို့ ကျဆင်းလျက် ရှိနေမည်ဖြစ်သည်။ ယင်းရောင်ခြည်လှိုင်း (မိုက်ခရိုလှိုင်း)ကို အမေရိကန် ရူပဗေဒပညာရှင် ပင်းဇီးယပ်နှင့် ဗီလဆင်တို့က၁၉၆၅ ခုနှစ်တွင် တွေ့ရှိထားပြီးဖြစ်သည်။ ယင်းသို့ မဟာပေါက်ကွဲမှုမှ စတင်သည့် ပြန့်ကားမှုကြောင့် စကြာဝဠာ၏ အချို့ဒေသတွင် ဒြပ်သားများသည် ကျွန်းများသဖွယ် စုစည်းလျက်ကျန်ရစ်ခဲ့ကြသည်။ ယင်းကျွန်းများကို ယခုအခါဂလက်ဆီများဟု လေ့လာတွေ့ရှိရသည်။
 
[[File:Milky_Way_Galaxy.jpg|thumb|250px|နဂါးငွေ့တန်း ဂယ်လက်ဆီကို ပန်းချီဆရာများမှ ပုံဖော်ထားပုံ]]
ဂလက်ဆီများတွင် ကြယ်များအပြင် ကောစမစ်မြူမှုန်များ၊ ဓာတ်ငွေ့များရှိကြသည်။ ကောစမစ်မြူမှုန့်များမှာ [[ကာဗွန်]][[အက်တမ်]]များနှင့် ရေခဲများပါဝင်ကြောင်း သိရှိကြရသည်။ ဖြူဖွေးသော ဓာတ်ငွေ့များမှာ ပေါ်လွင်လှ၍လည်း နဂါးငွေ့လမ်းကြောင်း၊ နို့ရည်ဆမ်းလမ်းကြောင်းဟူ၍ ခေါ်ဆိုကြသည်။ သို့ရာတွင် ဂလက်ဆီ ဟူ၍ တိကျသောဝေါဟာရကိုသာ အသုံးပြုရန် သင့်လျော်ပေသည်။ ကြယ်များတွင်သာ ကာဗွန် (ဂရာဖိုက်)နှင့် [[အောက်ဆီဂျင်]] တို့ကို ဖော်ထုတ်နိုင်သည်။ ကောစမစ်မှုန်တို့တွင်ပါဝင်သော ရေနှင့် ကာဗွန်တို့မှာ ကြယ်မဖြစ်ပေါ်ခင် ရှိဖွယ်ရာဖြစ်၍ ရှင်းပြနိုင်ခြင်းမရှိပဲ အခက်အခဲနှင့် တွေ့ကြုံနေရသည်။ ကွေဆာ၊[[ကွေဆာ]]၊ ပါလာဆာနှင့် တွင်းနက်တွင်းနက်တို့အား ၁၉၆၅ ခုနှစ် နှောင်းပိုင်းလောက်တွင် စကြာဝဠာ၏ ဝေးလံသောဒေသများ၌ တည်ရှိပြီး စွမ်းအင်ဖြာထွက်မှု ပြင်းထန်လှသော ကွေဆာခေါ် အလွန်တောက်ပသော ဂလက်ဆီများကို အမေရိကန် နက္ခတ္တဗေဒပညာ ရှင် ရှမစ်(ခ)နှင့် ဆန့်ဒေဂျတို့၏ လုပ်ငန်းများမှ ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့သည်။ ယင်း ဂလက်ဆီများမှ စွမ်းအင် ဖြာထွက်မှုများ၏ ပင်မမှာ ဒြပ်ဆွဲပြိုဖျက်မှု ရရှိသည်ဟု နက္ခတ္တရူပဗေဒ ပညာရှင်များက ယူဆကြသည်။
 
နျူကလီးယားပင်မမှ ယင်းမျှလောက်[[စွမ်းအင်]]ကို မထုတ်ပေးနိုင်ပေ။ အချို့ပညာရှင်များကမူ စွမ်းအင်ထုတ်လုပ်သည့်ပုံစံမှာ ကွေဆာများ၏ဗဟိုတွင် ပါလာဆာ သို့မဟုတ် [[တွင်းနက်]]များရှိပြီး ယင်းပါလာဆာခေါ် [[နယူထရွန်ကြယ်]]များ လည်ပတ်ရွေ့လျားမှုကြောင့် တစ်စိတ်တစ်ဒေသ စွမ်းအင်ဖြာထွက်မှု ဖြစ်ပေါ်စေသည်ဟူ၍ လည်းကောင်း၊ စွမ်းအင်မှန်သမျှစုပ်ယူနိုင်သော [[တွင်းနက်]]ကြီးများထဲသို့ ဒြပ်သားများကျဆင်းသွား၍ [[အဲလ်ဘတ် အိုင်းစတိုင်း]]၏ ညီမျှခြင်းအရစွမ်းအင်များ ရရှိသည်ဟူ၍လည်းကောင်း