ငလျင်လှုပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၅၇ -
== ၂၀၀၄ အိန္ဒိယသမုဒ္ဒရာငလျင်ကြောင့်ဖြစ်ပွားသော ဆူနာမီ ==
 
[[File:2004-tsunami.jpg|thumb|150px|၂၀၀၄ ခုနှစ် ဆူနာမီ မြင်ကွင်းတစ်ခု]]
 
ဆူနာမီများသည် ကြီးမားသောရေထုထည်၏ ရုတ်တရက်လှုပ်ရှားမှုမှ ထွက်ပေါ်လာသော ရှည်လျားသော လှိုင်းအလျားနှင့် အချိန်ကာလရှည်လျားသော ပင်လယ်လှိုင်းလုံးများဖြစ်သည်။ သမုဒ္ဒရာပြင်တွင် လှိုင်းထိပ်များ အတွင်းရှိ အကွာအဝေးသည် ၁၀၀ [[ကီလိုမီတာ]] (၆၂ မိုင်) ထက်ကျော်လွန်နိုင်ပြီး၊ လှိုင်းအချိန်ကာလသည် ငါးမိနစ်မှ တစ်နာရီအတွင်း ပြောင်းလဲနိုင်သည်။ ထိုကဲ့သို့သော ဆူနာမီများသည် ရေအနက်ပေါ်တွင်မူတည်၍ တစ်နာရီလျှင် ၆၀၀-၈၀၀ ကီလိုမီတာ '''(တစ်နာရီလျှင် ၃၇၃-၄၉၇မိုင်)''' ရွေ့လျားသွားလာကြသည်။ ငလျင်လှုပ်ခြင်း သို့မဟုတ် ပင်လယ်မျက်နှာပြင်အောက် မြေပြိုကျခြင်းကြောင့် ပေါ်ထွက်လာသော ကြီးမားသည့် လှိုင်းလုံးများသည် အနီးအနားရှိ ပင်လယ်ကမ်းခြေဒေသများကို မိနစ်ပိုင်းအတွင်း စီးနင်းဝင်ရောက်နိုင်သည်။ ဆူနာမီများသည် သမုဒ္ဒရာပြင်ကို ဖြတ်သန်း၍ ကီလိုမီတာ ထောင်ပေါင်းများစွာ ရွေ့လျားသွားလာနိုင်ပြီး ငလျင်လှုပ်ခြင်းမှ ၎င်းတို့ကို ဖြစ်ပေါ်စေပြီးနောက်တွင် ဝေးလံသော ကမ်းခြေဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည်။