သိန်းစိန်၊ ဦး: တည်းဖြတ်မှု မူကွဲများ

Fixed typo, Fixed grammar
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
Fixed typo, Fixed grammar
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၆၃ -
 
၁၉၄၅ ခုနှစ်၊ ဧပြီလ(၂၀)ရက် သောကြာနေ့တွင်မွေးဖွားခဲ့ပြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျုံကူးရွာတွင် ဖွားမြင်သည်။
 
ဆင်းရဲနွမ်းပါးသော မိဘနှစ်ပါးဖြစ်သည့် ဖခင်မောင်ဖြိူး၊ မိခင်ဒေါ်ခင်ညွှန့်တို့မှ မွေးဖွားသည်။ မွေးချင်း(၃)ယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင်ဖြစ်ပြီး အစ်ကိုကြီးဖြစ်သူမှာ ဦးမြင့်ထွန်းဖြစ်လေ၏။
 
သမ္မတကြီး ဦးသိန်းစိန်သည် ငယ်စဥ်အခါက လွန်စွာမှဆင်းရဲသော်လည်း ပညာရေးကို အာပေးခဲ့သည့် မိဘဆွေမျိုး မောင်နှမများကြောင့် ပညာကိုအထူးကြိုးစားလေ့လာသင်ယူခဲ့ပြီး ထိပ်တန်းခေါင်းဆောင်ရာထူး အဆင့်ဆင့်ရသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို စစ်အစိုးရအုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံအဖြစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် လျှင်မြန်ညင်သာစွာဖြင့် ပြောင်းလဲမှုကိုခေါင်းဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်မှာ မည်သူကမှ မငြင်းဆန်နိုင်ချေ။
၂ဝဝ၇-ခုနှစ် မေလတွင် ယခင်ဝန်ကြီးချုပ် [[ဗိုလ်ချုပ်ကြီးစိုးဝင်း|စိုးဝင်း]] ကျန်းမာရေး အခြေအနေ ကျဆင်းလာပြီးနောက် ဝန်ကြီးချုပ်တာဝန်များကို စတင်ထမ်းဆောင်ရပြီး အောက်တိုဘာလတွင် တရားဝင် ခန့်အပ်ခြင်းခံရသည်။ မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌဖြစ်သည်။ ၂၀၀၈-ခု၊ မေလ ဆိုင်ကလုံး[[နာဂစ်]] ဖြစ်ပွားပြီးသည့်နောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မီတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။