ဂူဂဲလ်မျက်မှန်: တည်းဖြတ်မှု မူကွဲများ

"ဂူဂဲလ်မျက်မှန်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
ဂူဂဲလ်မျက်မှန်ကို ဂူဂဲလ်ကုမ္ဋဏီက တီထွင်ထုတ်လုပ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်နိုင်‌သောကွန်ပျူတာ(wearable computer) အမျိုးအစားအဖြစ် သတ်မှတ်သည်။ အသုံးပြုသူ၏မြင်ကွင်းအတွက် အကြည်‌ရောင်ဖန်တုံးတစ်ခုကို အသုံးပြုသည်။ ထိုစနစ်ကို optical head-mounted display(OHMD)ဟု ‌ခေါ်သည်။ ဂူဂဲလ်မျက်မှန်ဖြင့် ယ‌နေ့‌ခေတ်အသုံးပြု‌နေသည့် စမတ်ဖုန်းများအတွင်းမှ လုပ်ငန်း‌ဆောင်တာများကို လုပ်ကိုင်နိုင်သည်။ စမတ်ဖုန်းကို လက်ဖြင့် ကိုင်တွယ်အသုံးပြုမည့်အစား ဂူဂဲလ်မျက်မှန်ကို အစားထိုး အသုံးပြုနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းသည် ကွန်ပျူတာအ‌သေးစားတစ်မျိုးဖြစ်သကဲ့သို့ ဂူဂဲလ်မျက်မှန်သည်လည်း ကွန်ပျူတာအ‌သေးစားဖြစ်လာမည်ဖြစ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်ထားပြီး ဖုန်း‌ပြောခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် ‌ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များကိုလည်း အသုံးပြုနိုင်၍ အသုံးပြုသူက ဂူဂဲလ်မျက်မှန်ကို အသံဖြင့်လည်း ခိုင်း‌စေနိုင်မည်ဖြစ်သည်။ မျက်မှန်တပ်ဆင်ရသူများနှင့် မျက်မှန်တပ်ဆင်ရန်မလိုအပ်သူများလည်း ဂူဂဲလ်မျက်မှန်ကို အသုံးပြုနိုင်သည်။ မျက်မှန်တပ်ရသူများသည် မိမိတို့၏ မူလ မျက်မှန်တွင် ပူးတွဲ၍တပ်ဆင်နိုင်သည်။ ‌နေကာမျက်မှန်ကဲ့သို့ အလှတပ်ဆင်ရသည့် မျက်မှန်အမျိုးအစားများတွင်လည်း တပ်ဆင်နိုင်သည်။ ဂူဂဲလ်မျက်မှန်အတွက် ကမ္ဘာ‌ကျော်မျက်မှန်ကုမ္ဋဏီများဖြစ်သည့် Luxottica, Ray -Ban, Oakley အစရှိသည့် လုပ်ငန်းများ နှင့်တွဲဖက်၍ မျက်မှန်ဒီဇိုင်းများကို ထုတ်လုပ်ရန်စီစဉ်ကြသည်။
 
၂ဝ၁၄ ခုနှစ်၊ ‌မေ ၁၅ ရက်က ဂူဂဲလ်မျက်မှန်ကို အ‌မေရိကတွင် တရားဝင် မိတ်ဆက်ဖြန့်ချိခဲ့သည်။ တန်ဖိုးသည် အ‌မေရိကန်‌ဒေါ်လာ ၁၅ဝဝ ဖြစ်သည်။ ဂူဂဲလ်အန့်ဒရိုက်(Android)၊ အိုင်အိုအက်စ်(iOS)တို့ဖြင့်လည်း ဂူဂဲလ်မျက်မှန်ကို တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဂူဂဲလ်မှထုတ်‌သော ဂျီ‌မေးလ်အပါအဝင် အခြား‌သော အက်ပ်(app)များကိုလည်း ဂူဂဲလ်မျက်မှန်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် အတွက် အက်ပ်ကို My Glass ဟု အမည်‌ပေးထားကြသည်။
 
== စာညွှန်း ။ ။ ==