ဂူဂဲလ်မျက်မှန်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၄၅ -
}}
'''ဂူဂဲလ်မျက်မှန်'''ကို [[ဂူဂယ်|ဂူဂဲလ်ကုမ္ပဏီ]]က တီထွင်ထုတ်လုပ်သည်။ ထိုမျက်မှန်ကို [[ဝတ်ဆင်နိုင်သောကွန်ပျူတာ]] (wearable computer) အမျိုးအစားအဖြစ် သတ်မှတ်သည်။ အသုံးပြုသူ၏ မြင်ကွင်းအတွက် အကြည်ရောင်ဖန်တုံးတစ်ခုကို အသုံးပြုသည်။ ထိုစနစ်ကို optical head-mounted display(OHMD)ဟု ခေါ်သည်။ ဂူဂဲလ်မျက်မှန်ဖြင့် ယနေ့ခေတ်အသုံးပြုနေသည့် စမတ်ဖုန်းများအတွင်းမှ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်သည်။ စမတ်ဖုန်းကို လက်ဖြင့် ကိုင်တွယ်အသုံးပြုမည့်အစား ဂူဂဲလ်မျက်မှန်ကို အစားထိုး အသုံးပြုနိုင်မည်ဖြစ်သည်။<ref>{{cite news |url= http://www.pcmag.com/article2/0,2817,2402613,00.asp |work= PC Magazine|title=Google 'Project Glass' Replaces the Smartphone With Glasses|first=Chloe |last= Albanesius | date=April 4, 2012|accessdate=April 4, 2012}}</ref> စမတ်ဖုန်းသည် ကွန်ပျူတာအသေးစားတစ်မျိုးဖြစ်သကဲ့သို့ ဂူဂဲလ်မျက်မှန်သည်လည်း ကွန်ပျူတာအသေးစားဖြစ်လာမည်ဖြစ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်ထားပြီး ဖုန်းပြောခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် [[ဖေ့စ်ဘွတ်ခ်]]ကဲ့သို့ လူမှုကွန်ရက်များကိုလည်း အသုံးပြုနိုင်၍ အသုံးပြုသူက ဂူဂဲလ်မျက်မှန်ကို အသံဖြင့်လည်း ခိုင်းစေနိုင်မည်ဖြစ်သည်။ မျက်မှန်တပ်ဆင်ရသူများနှင့် မျက်မှန်တပ်ဆင်ရန် မလိုအပ်သူများလည်း ဂူဂဲလ်မျက်မှန်ကို အသုံးပြုနိုင်သည်။ မျက်မှန်တပ်ရသူများသည် မိမိတို့၏ မူလ မျက်မှန်တွင် ပူးတွဲ၍တပ်ဆင်နိုင်သည်။ နေကာမျက်မှန်ကဲ့သို့ အလှတပ်ဆင်ရသည့် မျက်မှန်အမျိုးအစားများတွင်လည်း တပ်ဆင်နိုင်သည်။ ဂူဂဲလ်မျက်မှန်အတွက် ကမ္ဘာကျော်မျက်မှန်ကုမ္ပဏီများဖြစ်သည့် Luxottica, Ray -Ban, Oakley အစရှိသည့် လုပ်ငန်းများ နှင့်တွဲဖက်၍ မျက်မှန်ဒီဇိုင်းများကို ထုတ်လုပ်ရန်စီစဉ်ကြသည်။
၂ဝ၁၄ ခုနှစ်၊ မေ ၁၅ ရက်က ဂူဂဲလ်မျက်မှန်ကို အမေရိကတွင် တရားဝင် မိတ်ဆက်ဖြန့်ချိခဲ့သည်။<ref>{{Citation | title = Here’s your chance to get Google glass | newspaper = Gadget cluster | date = Apr 2014 | url = http://www.gadgetcluster.com/2014/04/heres-your-chance-to-get-google-glass/}}.</ref> တန်ဖိုးသည် [[အမေရိကန်ဒေါ်လာ]] ၁၅ဝဝ ဖြစ်သည်။ [[အန်းဒရွိုက်|ဂူဂဲလ်အန့်ဒရိုက်]] (Android)၊ အိုင်အိုအက်စ် (iOS) တို့ဖြင့်လည်း ဂူဂဲလ်မျက်မှန်ကို တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဂူဂဲလ်မှထုတ်သော [[ဂျီမေးလ်]]အပါအဝင် အခြားသော အက်ပ်(app)များကိုလည်း ဂူဂဲလ်မျက်မှန်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် အတွက် အက်ပ်ကို My Glass ဟု အမည်ပေးထားကြသည်။
== စာညွှန်း ==
{{Reflist}}
#ဂူဂဲလ်မျက်မှန်၊ ဟန်ဇော်၊ ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း၊ ဇူလိုင်လ ၂ဝ၁၄ ခုနှစ်
#http://www.hansann.com/?p=748
|