ဖိုးစိန်၊ ဦး (ဂရိတ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up using AWB
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Po Sein.jpg|thumb|ဂရိတ် ဦးဖိုးစိန်]]
မြန်မာ့သဘင်ကို'''ဂရိတ် ဦးဘိုးစိန်''' ( တိုးချဲ့ခဲ့သဖြင့်မြန်မာ မြန်မာ့ဇာတ်သဘင်ကို၁၂၄၄-၁၃၁၅ တစ်ခေတ်ထွင်ခဲ့သူဟု) ခေါ်ဆိုကြလေသည်။သည် မြန်မာ့သဘင်လောကတွင်သာမက အနောက်နိုင်ငံတစ်လွှား၌ပါ ထင်ရှားသော ဇာတ်ဆရာနှင့် ဇာတ်မင်းသားကြီးကား ဘုရားဒါယကာ ဦးဘိုးစိန် ဟူ၍ လည်းကောင်း၊ ဂရိတ် ဘိုစိန် ဟူ၍လည်းကောင်း ကျော်ကြားသောကျော်ကြားသူ ဦးဘိုးစိန်ကြီးဖြစ်သည်။တစ်ဦးဖြစ်သည်။
==ဘိုးစိန်၊ ဦး ( မြန်မာ ၁၂၄၄-၁၃၁၅ ) ==
===မြန်မာ့ဇာတ်သဘင်ပါရမီရှင်===
ရုပ်ချော အသံကောင်း၍ အဆိုပိုင်၊ အကနိုင်သူအဖြစ် ကျော်ကြားသူမှာ မြန်မာဇာတ်သဘင် လောကတွင် ရှာမှရှားပေမည်။ ထိုကဲ့သို့သော ပါရမီထူးသူ ပေါ်ပေါက်လာသည်နှင့်အမျှ ဇာတ်သဘင်တစ်ခေတ် မဆန်းဘဲ မနေနိုင်သည်ကို တင်ပြ ထားသည်။ ထူးခြားသော သဘင်ပါရမီရှင် တစ်ဦးဖြစ်၍၊ အဆို၊ အကသာမက အပြကိုလည်း ဆန်းသစ် တီထွင်ကာ
မြန်မာ့သဘင်ကို တိုးချဲ့ခဲ့သဖြင့် မြန်မာ့ဇာတ်သဘင်ကို တစ်ခေတ်ထွင်ခဲ့သူဟု ခေါ်ဆိုကြလေသည်။ မြန်မာ့သဘင်လောကတွင်သာမက အနောက်နိုင်ငံတစ်လွှား၌ပါ ထင်ရှားသော ဇာတ်ဆရာနှင့် ဇာတ်မင်းသားကြီးကား ဘုရားဒါယကာ ဦးဘိုးစိန် ဟူ၍ လည်းကောင်း၊ ဂရိတ် ဘိုစိန် ဟူ၍လည်းကောင်း ကျော်ကြားသော ဦးဘိုးစိန်ကြီးဖြစ်သည်။
 
ဦးဘိုးစိန်ကို ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၁ ရက် တနင်္လာနေ့တွင် မြောင်းမြမြို့နယ် လူဂေါင်းကျွန်း ဌာနအပိုင် ခလောက်သိုက်ရွာ၌ အဘဦးစံဒွန်း၊ အမိ ဒေါ်ရွှေရုပ်တို့မှ ဖွားမြင်သည်။ ဖွားမြင်ရာ ခလောက်သိုက်ရွာကို အကြောင်းပြု၍ ငယ်မည် မောင်သိုက်ဟု တွင်သည်။ မိခင်ရော ဖခင်ပါ မြေဝိုင်းခေတ် မင်းသမီးမင်းသားကြီးများ ဖြစ်သည်။ ဦးဘိုးစိန်၏ မွေးချင်း မောင်နှမတို့သည် မင်းသမီး၊ မင်းသား၊ ဇာတ်သမားများပင် ဖြစ်သည်။ ဦးဘိုးစိန်၏ အစ်မကြီး မသက်ပု၊ ယောက်ဖ ကိုအောင်မင်း၊ အစ်ကို ကိုကြာယုံတို့သည် ထိုခေတ်က မင်းသမီး မင်းသားများ ဖြစ်ကြသည်။ ချစ်စရာရေမွှေး ဟူသော အမည်တွင်သည့် နာမည်ကျော် မင်းသား ကိုချစ်စရာသည် ဦးဘိုးစိန်၏ အစ်ကို ကိုကြာယုံဖြစ်သည်။