ကြယ်တာရာကြားဝယ် (ရုပ်ရှင်): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၀ -
သူတို့သည် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုလောက်ကတည်းက လူသားများလိုက်ပါသော အာကာသယာဉ်များအား တွင်းပေါက်များမှတဆင့်
ကမ္ဘာသစ်ဆီသို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။ စကြာဝဠာအခြားတစ်ဖက်သို့ ဂယ်လက်ဆီများအားဖြတ်ကာ ခရီးသွားရန်အတွက် [[စနေဂြိုဟ်]]အနီးတွင် အင်မတန်ကြီးမားသည့် [[တွင်းနက်]]တစ်ခုအား လွန်ခဲ့သောနှစ် ၄ဝ ခန့်က စတင်တွေ့ရှိခဲ့သည်။ အစီစဉ် (က) လူသားများအား တတ်နိုင်သမျှ ''Endurance'' ယာဥ်ပေါ် တင်ခေါ်ကာ ကမ္ဘာမြေမှ ထွက်ခွာရန်၊ အစီစဉ် (ခ) အအေးရိုက်ထားသော လူသားမျိုးဥ ၅ဝဝဝ အားသယ်ဆောင်ပြီး လူသားမျိုးနွယ်အား ရှင်သန်အောင်ပြုလုပ်ရန် ဖြစ်သည်။ ကူးပါးသည် ယင်းခရီးစဉ်တွင်
စေတနာဝန်ထမ်းအဖြစ်ပါဝင်ရန် သဘောတူခဲ့သည်။ ''Endurance'' ဖြင့် စနေဂြိုဟ်သို့ ၂ နှစ်ခန့်ကြာခဲ့သည်။ စနေဂြိုဟ်အနားသို့ရောက်သောအခါ တွင်းနက်အား slingshot အဖြစ်အသုံးချကာ ပြင်ပစကြာဝဠာဆီသို့ ရောက်သွားသည်။ ကူးပါးနှင့် ဒေါက်တာဘရန်းတို့သည် မီလာဂြိုဟ်သို့ ဆင်းသက်မိရာ မတော်တဆမှုကြောင့် ၁ နာရီကျော်ခန့် ကြာသွားသည်။ ယင်းဂြိုဟ်၌ ၁ နာရီကျော်သည် ကမ္ဘာမြေ၌ ဆယ်စုနှစ် နှစ်ခု ကျော်သွားလေသည်။ ယင်းဂြိုဟ်ပတ်လမ်းအပေါ်တွင် စာင့်နေသော ဒိုလီအတွက်မူ ၂၃ နှစ် စောင့်စားခဲ့ရသည်ဟုဆိုသည်။ ကမ္ဘာမြေမှ အင်မတန်များပြားသော သတင်းများရောက်လာသောအခါ အံ့သြရလေသည်။ အကြောင်းမူ ကူးပါး၏ သားငယ်မှာမူ အိမ်ထောင်ကျကာ ကလေးတစ်ယောက်ပင် ရလေပြီ။ သူ့သမီး မာဖီလည်း အသက် ၃၀ ကျော်သွားလေပြီ။
 
==သရုပ်ဆောင်==