မျက်ခမ်းစပ်ရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၄ -
}}
 
''' မျက်ခမ်းစပ်ရောဂါ'''ကို '''ကြမ်းတမ်းသော မျက်ခွံအတွင်းသားရောင်ရမ်းနာ''' ၊ '''အီဂျစ်လူမျိုး မျက်လုံးရောင်ရမ်းနာ'''<ref>{{cite book|last=Swanner|first=Yann A. Meunier ; with contributions from Michael Hole, Takudzwa Shumba & B.J.|title=Tropical diseases : a practical guide for medical practitioners and students|year=2014|publisher=Oxford University Press, USA|location=Oxford|isbn=9780199997909|page=199|url=http://books.google.ca/books?id=ZWcGAQAAQBAJ&pg=PT222}}</ref> နှင့် '''အမြင်အာရုံကွယ်စေသော မျက်ခမ်းစပ်ရောဂါ''' ဟုလည်း ခေါ်သည်။ ၄င်းမှာ ''[[Chlamydia trachomatis]]''<ref name=WHO2013/> ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ဤကူးစက်ရောဂါသည် မျက်ခွံအတွင်းလွှာရှိ [[ဂရမ်နူလေးရှင်းတစ်ရှူး|ဂရမ်နူလေးရှင်းတစ်ရှူး]]ဟုခေါ်သော မျက်နှာပြင်ကို ကြမ်းတမ်းစေသည်။ ဤသို့မျက်နှာပြင် ကြမ်းတမ်းလာသောကြောင့် မျက်လုံးနာခြင်း၊ [[မျက်ကြည်လွှာ]] ပျက်စီးခြင်းနှင့် [[အမြင်အာရုဏ်ကွယ်ခြင်း]]တို့ပါ ဖြစ်နိုင်သည်။<ref name=WHO2013/>
 
== ဖြစ်ပေါ်ရသောအကြောင်းရင်း ==
မျက်ခမ်းစပ်ရောဂါဖြစ်နေသူ၏ မျက်လုံးနှင့် နှာခေါင်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့ပါက မျက်ခမ်းစပ်ရောဂါပိုး ကူးစက်နိုင်သည်။<ref name=WHO2013/> သွယ်ဝိုက်၍ထိတွေ့ခြင်းဆိုသည်မှာ မျက်ခမ်းစပ်ရောဂါဖြစ်နေသူ၏ မျက်လုံးနှင့် နှာခေါင်းကို ထိတွေ့ထားသော အဝတ် သို့မဟုတ် ယင်ကောင်မှတဆင့် ကူးစက်ခြင်းဖြစ်သည်။<ref name=WHO2013/> ဤရောဂါကို နှစ်ပေါင်းများစွာ ခံစားရနေသူသည် မျက်ခွံတွင် အမာရွတ်ဖြစ်လာပြီး [[မျက်တောင်မွှေး]]များ မျက်လုံးကို ပွတ်တိုက်တတ်သည်။<ref name=WHO2013/> ဤရောဂါသည် လူကြီးများထက် ကလေးများတွင် ပို၍ဖြစ်ပွားလေ့ရှိသည်။<ref name=WHO2013/> မိလ္လာ၊ ရေဆိုးစနစ်စီမံမှုမိလ္လာနှင့်ရေဆိုးစနစ်စီမံမှု ကောင်းစွာမရှိခြင်း၊ ပြည့်ကျပ်စွာ နေထိုင်ခြင်းနှင့် မသန့်ရှင်းသော ရေနှင့် အိမ်သာများ အသုံးပြုခြင်းမှလည်း ရောဂါကူးစက်နိုင်သည်။<ref name=WHO2013/>
 
== ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း==
စာကြောင်း ၂၃ -
 
== ရောဂါ ဖြစ်ပွားမှုနှုန်း၊ ကူးစက် ပျံ့ပွားမှု နှင့် ရောဂါသမိုင်း ==
ကမ္ဘာအနှံ့တွင် ဤရောဂါဖြစ်ပွားသူများ သန်းပေါင်း ၈၀ခန့်ရှိသည်။<ref name=Fen2012>{{cite journal|last=Fenwick|first=A|title=The global burden of neglected tropical diseases.|journal=Public health|date=Mar 2012|volume=126|issue=3|pages=233–6|pmid=22325616|doi=10.1016/j.puhe.2011.11.015}}</ref> တချို့နေရာများတွင် ကလေးပေါင်း ၆၀-၉၀ ရာခိုင်နှုန်းခန့် ဤရောဂါဖြစ်ပွားနေပြီး အမျိုးသားများထက် အမျိုးသမီးများက ကလေးများနှင့် ပို၍ထိတွေ့မှုရှိသောကြောင့် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ပို၍အဖြစ်များသည်။<ref name=WHO2013/> လူပေါင်း ၂.၂ သန်းခန့်မှာ ဤရောဂါကြောင့် အမြင်အာရုဏ် ချို့ယွင်းနေပြီး လူပေါင်း ၁.၂ သန်းခန့်မှာ လုံးဝ အမြင်အာရုဏ်ကွယ်သွားကြသည်။<ref name=WHO2013/> ဤရောဂါသည် အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက် အလယ်နှင့် တောင်ပိုင်းတို့ရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် ဖြစ်ပွားနေပြီး လူပေါင်း သန်း၂၃၀မှာ ဤရောဂါဖြစ်နိုင်ခြေရှိသည်။<ref name=WHO2013>{{cite web|title=Blinding Trachoma Fact sheet N°382|url=http://www.who.int/mediacentre/factsheets/fs382/en/|work=World Health Organization|accessdate=14 March 2014|date=November 2013}}</ref> ဤရောဂါကြောင့် အမေရိကနိုင်ငံတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈သန်းခန့် ကုန်ဆုံးနေသည်။ <ref name=WHO2013/> ဤရောဂါသည် [[လျှစ်လျူရှူခံထားရသော အပူပိုင်းဒေသရှိ ရောဂါများ]] ဟုခေါ်သော ရောဂါအုပ်စုတွင် ပါဝင်သည်။<ref name=Fen2012/>
 
==ကိုးကား==