ကျောက်ခေတ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၃ -
 
== မြန်မာနိုင်ငံနှင့် ကျောက်ခေတ်သမိုင်း ==
ကျောက်ခေတ်သမိုင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် ရေနံရှာဖွေရန်အတွက် ရောက်ရှိလာသော ဉရောပတိုက်သား ဘူမိဗေဒပညာရှင်များက ယင်းတို့၏ တွေ့ရှိချက်များကို စတင်ဖော်ြပခဲ့ခြင်းဖြင့် အစပျိုးခဲ့ခြင်းဖြစ်သည်။ ၁၈၉၄ ခုနှစ်နှင့် ၁၈၉၇ခုနှစ်တို့တွင် ဖရင့်နွတ်တလင်း၏ ကျောက်လက်နက်များဟု ရည်ညွှန်းသော ကျောက်တံုးငယ်များကို ဖော်ပြချက်များမှာ ထိုခေတ်ကာလက ပညာရှင်များအကြား အငြင်းပွားစရာဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆံုးသော ကျောက်ခေတ်ကာလဆိုင်ရာသုတေသနပြုချက်များကို ဧရာဝတီမြစ်ဝှမ်း၊ ရှမ်းပြည်နယ်တို့တွင် အမေရိကန်စူးစမ်းလေ့လာရေးအဖွဲ့ဖြစ်သော ဘူမိဗေဒပညာရှင် ဟဲလ်မက်ဒီတားရား၊ ရှေးဟောင်းသုတေသနပညာရှင် ဟယ်လ်လမ်အဲလ်မူးဗီးယပ်စ်၊ နိခါတကဗေဒပညာရှင်များဖြစ်သော အက်ဒွင်းအိပ်ချ်ကိုးလ်ဘာ့တ်နှင့် ဂျေဘားကွက်တ်တို့က ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါပညာရှင်များက ယင်းတို့တွေ့ရှိခဲ့သော ကျောက်လက်နက်များနှင့် သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွဲဖက်တွေ့ရှိခဲ့ရသော ဧရာဝတီမြစ်ကမ်းဆင့်ငါးဆင့်၏ ဘူမိမြေလွှာများအပေါ်မူတည်ြပီး သက်တမ်းကာလကို ခန့်မှန်းခဲ့ကြသည်။ အဆိုပါ သက်တမ်းကာလအရ မြန်မာ့ကျောက်ခေတ်ကာလသည် ပလိုင်စတိုဆင်းကာလလယ်မှစတင်ြပီး ဟိုလိုဆင်းကာလနှောင်းပိုင်းအထိ တည်ရှိခဲ့သည်ဟု ယေဘုယျသတ်မှတ်ခဲ့သည်။ မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ်ကာလကို အစောဆံုးအားဖြင့် လွန်ခဲ့သောအနှစ်၅၅၀၀၀၀မှစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ အဂ်လန်နိုင်ငံသူရှေးဟောင်းသုတေသီ အဲလစ်စဘက်သ်မိုးကမူ ထိုင်းနိုင်ငံမှ ကျောက်ခေတ်ဒေသများနှင့် နှိုင်းယှဉ်ပြီး အရင်အနှစ်၇၅၀၀၀၀ကစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့လေသည်။
အဆိုပါပညာရှင်များ၏ ဖော်ြပချက်အရ မြန်မာ့ကျောက်ခေတ်ကာလတွင် အဓိကတွေ့ရှိရသော ကျောက်လက်နက်အုပ်စုကြီးလေးခုမှာ ခုတ်ဓါး၊ စင်းဓါး၊ ကျောက်ခြစ်နှင့် လက်ဆုပ်ပဲခွပ်တို့ဖြစ်သည်။ ထိုကျောက်လက်နက်များကို အဓိကပြုလုပ်သော ကုန်ကြမ်းပစ္စည်းများမှာ မီးတောင်ကျောက်၊ သစ်သားကျောက်တို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောက်လက်နက်များပြုလုပ်သော ဓလေ့ကို မူးဗီးယပ်စ်နှင့် ဒီတားရားတို့က မြန်မာနိုင်ငံအထက်ပိုင်းတွင်တွေ့ရှိခဲ့သောကြောင့် "အညာသားဌာနေယဉ်ကျေးမှု" ဟု ကင်ပွန်းတပ်ခဲ့သည်။
တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ [[ဗဒလင်းဂူ]]၌ ကျောက်ခေတ်လူသားများ၏ လက်ရာ နံရံပန်းချီများအား ၁၉၆ဝနှစ်များအတောအတွင်း ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်ထိုခေတ်ကာလက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ကြီးကြပ်မှုအောက်တွင် ရှေးဟောင်းသုတေသနဝန် ဦးအောင်သော်ဦးဆောင်ြပီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ မနုဿဗေဒဌာန၊ ဘူမိဗေဒဌာန၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနတို့မှ ပညာရှင်အသီးသီးပါဝင်ြပီး ပြဒါးလင်းဂူကို တူးဖော်ရေးနှင့် ကျောက်ခေတ်ကာလနံရံဆေးရေးပန်းချီများကို ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကျောက်ဂူမှ မြန်မာ့ကျောက်ခေတ်ကာလနှင့်သက်ဆိုင်သော အထောက်အထားအချက်အလက်အသစ်များကို ရရှိခဲ့ပြန်သည်။ အဆိုပါတူးဖော်ရေးမှ ကျောက်လက်နက်များကို ရာနှင့်ချီးပြီးရရှိခဲ့ပါသည်။ လေ့လာရန်နမူနာ လေးရာခန့်ကိုသာ ဌာနချုပ်သို့ယူဆောင်ခဲ့ပြီး ကျန်ကျောက်လက်နက်များကို ထိုဂူ၏ အနီးနားဝန်းကျင်တွင် ပြန်လည်မြှပ်နှံခဲ့သည်။ ကျောက်နံရံတွင် ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။ ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ဝ နှင့် ၁၀၀၀ဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်လူသားများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတူးဖော်ရေးမှ ရရှိသော အရိုးနှင့်မီးသွေးခဲအပိုင်းအစများကို ရေဒီယိုကာဗွန်၁၄နည်းဖြင့် ဓါတ်ခွဲစမ်းသပ်ြခင်း၊ အရိုးအတွင်းမှ ချဉ်ဆီအကြွင်းအကျန်ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် ထိုခေတ်ကာလက ပြဒါးလင်းဂူတွင် လူနေထိုင်ခဲ့မှုမှာ အစောဆံုးကာလလွန်ခဲ့သော အနှစ်၁၃၀၀၀မှ စတင်ခဲ့သည်ဟူ ယေဘုယျဆိုနိုင်ပါသည်။
 
ကျောက်လက်နက်ဖဲ့ဆစ်မှုအပိုင်းမှာမူ ဧရာဝတီမြစ်ဝှမ်းတွင် တွေ့ရှိရသော ကျောက်လက်နက်များထက် အရွယ်အစားအားဖြင့်ပိုမိုသေးငယ်ပြီး အသွားဖော်ဖဲ့ဆစ်မှုအပိုင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်သည်ဟု သံုးသပ်ကြသည်။ သို့သော်လည်း ကျောက်လက်နက်များ၏ ပံုပန်းသဏ္ဍာန်တို့မှာမူ ကျောက်လက်နက်အုပ်စုကြီးလေးစုမှ ကွဲပြားလာမှုသိပ်မရှိကြောင်းဆိုကြသည်။
 
 
တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ [[ဗဒလင်းဂူ]]၌ ကျောက်ခေတ်လူသားများ၏ လက်ရာ နံရံပန်းချီများအား ၁၉၆ဝ တွင်တွေ့ရှိခဲ့သည်။ သို့သော် ၁၉၆၈ ခုနှစ်ရောက်မှ သွားရောက်လေ့လာနိုင်ခဲ့ကြသည်။ ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။ ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ဝ နှင့် ၁၀၀၀ဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်မုဆိုးများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။
 
== ကျောက်ခေတ်အပိုင်းအခြားများ ==