ဝီကီပီးဒီးယား:အသုံးပြုသူ စာမျက်နှာများ: တည်းဖြတ်မှု မူကွဲများ

This is my first page.
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''ကကတစ်''' (Large perch) သည် [[မြန်မာနိုင်ငံ]] ကမ်းရိုးတစ်လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ်၍ လူသိများသည်။ ဤငါးသည် [[ပါဏဗေဒ]] အလိုအရ [[ငတောက်တူ]]၊ [[ကသမြင်း]]၊ [[ငစင်စပ်]] စသည်တို့နှင့်အတူ ပါစီဒို မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေးရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ ဘေး တစ်ဖက်တစ်ချက်တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ [[ကျောဆူးတောင်]]နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများပါရှိသည်။ [[အမြီး]]မှာ ထိပ်မျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင် [[ဝမ်းပိုက်]]တစ်လျှောက်တွင် အဖြူရောင် သန်းနေသည်။ ကကတစ်သည် သာမန်အားဖြင့် တစ်ပေခွဲသာရှိသော်လည်း၊ တစ်ခါတစ်ရံ အရှည် ၅ ပေအလေးချိန် ၅၅ ပိသာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စည်ဖောင်းများမှ အတော်အသင့် ကောင်းမွန်သော ငါး စည်ဖောင်းကော်ကို ပြုလုပ်ရရှိနိုင်သည်ဟု သိရသည်။
[[My Page]]
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>